Chapter 8

7.6K 881 34
                                    

Chapter 8 - စိတ်ဝင်စားစရာတွေဖြစ်လာသည်။

စုလုရီက သူ့ကတိသူ တည်ခဲ့ပြီး စုချီဖို့ ချက်ပြုတ်ပေးခဲ့၏။

နောက်တစ်နေ့ မနက်စာက ထမင်းဆုပ်ဖြစ်သည်။သူက နဂိုထက် ဆယ်မိနစ်လောက် စောစောထပြီး စုချီရဲ့ထမင်းဆုပ်ကို အသဲပုဲလေး လုပ်ထားလိုက်သည်။ မနက်ခင်းအလင်းရောင်က ထမင်းဆုပ်ပေါ်ကျရောက်နေသည်မှာ မသိရင် သန့်စင်တဲ့အလင်းရောင်တွေနဲ့ ဖုံးလွှမ်းထားသလိုပင်။

မနက်စာပြင်ပြီးတဲ့အခါ ဝူမက တုန့်ဆိုင်းသွားသည်။

“သခင်လေး ....“

စုလုရီက ရှင်းပြလိုက်ရသည်။

“အစ်ကိုကြီးကို စပရိုက်တိုက်မလို့ပါ“

ဝူမ ; “သခင်လေး လက်မဆေးရသေးဘူး“

“….”

စုလုရီ အချိန်အတော်ကြာ ဆွံ့အသွားရသည်။ အဲ့နောက် လှပတဲ့လက်ချောင်းလေးကို ထောင်ပြကာ ပြောလိုက်သည်။

“ကျွန်တော့်တို့ လျို့ဝှက်ချက်လေးအဖြစ်နဲ့သိမ်းထားရအောင်နော်“

စုကျစ်ထုံနဲ့ ယုရှင်းရန် အောက်ကို ဆင်းလာတော့ သူတို့သားအကြီးဆုံးရဲ့နေရာက ထမင်းဆုပ်ရဲ့ပုံစံက ထူးခြားနေပြီး သူတို့ဟာနဲ့ မတူတာကို တွေ့လိုက်သည်။

စုကျစ်ထုံ ; “အဲ့ ထမင်းဆုပ်က ကြေသွားတာလား“

တံခါးနားမှာ ရပ်နေတဲ့ စုလုရီ၏ မျက်လုံးတွေ ကျဉ်းသွားရသည်။

ဝူမက အမြန်ပြောလိုက်ရ၏။

“သခင်ငယ်လေးက အဲ့ထမင်းဆုပ်ကို ဆုပ်ထားတာပါ။ အကြီးဆုံးသခင်လေးကို စပရိုက်တိုက်ဖို့တဲ့“

စုထုံကျစ်က ထပ်ပြောလိုက်ရသည်။

“ဒီလောက် ကြည့်ကောင်းနေတာ မအံ့ဩတော့ပါဘူး“

ယုရှင်းရန် “... ...”

စုလုရီက အဝေးကို ဆွဲသွားပြီး ...

“အဲ့တာက ကျွန်တော် လုပ်ထားတဲ့ တစ်ခုတည်းလေး“

စုကျစ်ထုံရဲ့မျက်လုံးတွေက ထမင်းဆုပ်ကိုလောင်ကျွမ်းမတက် ကြည့်လိုက်သည်။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now