Chapter 13

7K 888 26
                                    

CHAPTER 13
- မုန်တိုင်းထန်တဲ့ည -

စုကျန်းချန် အိမ်ကို ပြန်ရောက်လာတော့ စုချီ ခြံထဲကနေ ဧည့်ခန်းထဲကို ဝင်လာတာနဲ့ ကြုံတယ်၊ ကြာပန်းနံ့သင်းသင်းလေး ထုတ်လွှင့်လျှက်‌ပေါ့။

စုကျန်းချန်က မျက်မှောင် နည်းနည်းကြုံ့လိုက်တယ်။ ဝန်းထဲမှာ ကြာပန်းတွေများ ပွင့်နေပြီလား။

သူအထဲကို လှမ်းကြည့်လိုက်ပေမယ့် ဘာ ကြာပန်းမှ ပွင့်မနေပါဘူး။ လေထဲမှာ ယိမ်းထိုးနေတဲ့ ဆံပင်မွှေး ထိုးထိုးထောင်ထောင်နဲ့ ခေါင်းတစ်လုံးပဲ ထွက်နေတာ။

စုကျန်းချန် အခုမှ နားလည်သွားတယ်။ 'သြော်၊ လတ်စသတ်တော့ ငါတို့ ကြာပန်းဖြူလေးကို စကားပြောရာကနေ ရလာတာပဲ။ အေးလေ၊ ငါ့ အစ်ကိုကြီးဆီကနေ ကြာပန်းလို ခံစားမှုတွေ ရစရာအကြောင်းမှ မရှိတာ။

စုလုရီက ပန်းအိုးမှ မြေသြဇာတွေကို ဆွဖို့ ဂေါ်ပြားသေးသေးလေး ယူနေတုန်းမှာပဲ တံခါးကပွင့်လာခဲ့တယ်။ သူက စုချီ ပြန်ရောက်လာတယ် ထင်ပြီး မော့တောင်မကြည့်ပဲ ...
"အစ်ကိုကြီး၊ ဘာလို့လဲ" လို့ မေးလိုက်တယ်။

"မင်း ဘာလုပ်နေတာလဲ"

ညင်သာတဲ့ အသံတစ်ခုက သူ့ ခေါင်းပေါ်ကနေ မြည်ဟီးလာခဲ့တယ်။ စုလုရီ ခေါင်းမော့ကြည့်လိုက်တော့ စုကျန်းချန် ဖြစ်နေတယ်။ သူ မြန်မြန်ထရပ်လိုက်တာနဲ့ တစ်ပြိုင်နက် မျက်လုံးထဲ ကြယ်တွေ၊
လတွေ မြင်သွားရတယ်။

စုလုရီက နဖူးကို ကိုင်ထားရတယ်၊ လက်မောင်းတွေကတော့ ဆွဲထူခံလိုက်ရတယ်။

နှစ်စက္ကန့်၊ သုံးစက္ကန့်လောက်နေတော့ သက်သာသွားပြီး ဖြည်းဖြည်းချင်း ပြန်မတ်လိုက်တယ်။
"ဒုတိယ အစ်ကိုကြီး၊ ပြန်လာပြီလား"

စုကျန်းချန်က သူ့ လက်တွေကို လွှတ်ပေးလိုက်ပြီး သူ့ ခြေထောက်နားက ပန်းအိုးကို အကြည့်နဲ့ ပြလိုက်တယ်။

စုလုရီ နားလည်သွားပြီ။ "အပင်က နေရောင် မရတာ အရမ်းကြာပြီလေ။ အဲ့တာကြောင့် ကျွန်‌တော် ခြံထဲထုတ်လာတာ၊ နေပြပြီး မြေဆီ တက်အောင်လို့"

"မင်း ငါ့ကို အပိုင်ပေးထားတာ မဟုတ်ဘူးလား" လို့ စုကျန်းချန်က မေးလိုက်တယ်။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Donde viven las historias. Descúbrelo ahora