စုလုရီ
အပိုင်း (၈၇) စုချီ၏ အကြံ
စုချီ၏ လက်များက ပူနွေးလာပြီး မျက်လုံးများက မီးတောက်လာတော့သည်။
အခန်းထဲတွင် နှစ်ယောက်သား စကားမပြောကြသဖြင့် တိတ်ဆိတ်နေပြီး ရင်ခုန်သံများသာ ကျယ်လောင်လာခဲ့၏။
စုချီက စုလုရီကို အိပ်ယာပေါ်သို့ လှဲချလိုက်ပြီး နမ်းရှုံ့လိုက်သောကြောင့် စုလုရီက စိတ်လှုပ်ရှားလာသည်။
စုချီက စုလုရီ၏ နှုတ်ခမ်းမှတစ်ဆင့် လည်တိုင်များကိုပါ နမ်းစုပ်လိုက်သည်။
စုလုရီက စိတ်လွတ်နေရာမှ စုချီဆီက တီးတိုး စကားပြောသံကို ကြားလိုက်ရသည်။
"မင်း ရေအရင် ချိုးချင်လား"
"ငံနေလို့လား အစ်ကိုကြီး"
"..."
"မငံပါဘူး။ အဆင်ပြေပါတယ်"
"အင်းပါ။ အရင် ရေချိုးလိုက်ဦးမယ်။ သန့်ရှင်းသွားအောင်လို့"
"အင်း၊ ကောင်းပြီ"
ရေချိုးခန်းထဲတွင် ရေနွေးငွေ့များကြောင့် မြူဆိုင်းနေခဲ့သည်။
ရေနွေးငွေ့များကြားမှ စုချီ၏ လက်တစ်စုံက စုလုရီ၏ မျက်နှာကို ကိုင်ကာ စတင် နမ်းရှုံ့တော့သည်။
ထို့နောက် လည်တိုင်၊ နားရွက်၊ ရင်ဘတ် စသည့် နေရာအနှံ့ကို စုချီက နမ်းစုပ်ပွတ်သပ်တော့သည်။
နမ်းစုပ်မှုနှင့် အတူ စုချီ၏ အပူရှိန်က တက်လာသဖြင့် စုလုရီကို အနောက်မှ သိုင်းဖက်လိုက်သည်။
ထို့နောက် စုလုရီ၏ ခါးကို ညင်သာစွာ ကိုင်ကာ စတင် လှုပ်ရှားတော့သည်။
"အား"
စုလုရီက နာကျင်သွားသဖြင့် ညီးညူသံ ထွက်ပေါ်လာခဲ့သည်။
စုချီ၏ သားရဲသဖွယ် လှုပ်ရှားချက်များနှင့် အတူ နာကျင်မှုနှင့် သာယာမှုကိုပါ စုလုရီက တစ်ပြိုင်နက် ခံစားလိုက်ရ၏။
နှစ်ယောက်သား ရေချိုးခန်းထဲတွင် အချစ်သင်္ကေတကို အချိန်အတော်ကြာ ဖော်ညွှန်းကြပြီးနောက် ညဉ့်နက်နေပြီ ဖြစ်သဖြင့် စုလုရီက အခန်းသို့ အိပ်ရန် ပြန်သွားတော့သည်။
စုလုရီက ညက ပင်ပန်းထားသဖြင့် နေမြင့်မှ အိပ်ယာနိုးလာရာ စုချီက အခန်းတံခါးဖွင့် ဝင်လာပြီး "နိုးပြီလား" ဟု နှုတ်ဆက်လိုက်သည်။
"အင်း"
"အဖေတို့ အမေတို့က မင်း အိပ်ယာထ နောက်ကျနေလို့ မနက်စာအတွက် အားရှိတာတွေ ပြင်ပေးထားတယ်"
"အဖေတို့က သိသွားတာလား"
"မဟုတ်ပါဘူး။ မနေ့က ဧည့်ခံပွဲကြောင့် ပင်ပန်းနေတာလို့ ပြောထားတယ်"
"ဒါဆို တော်သေးတာပေါ့"
စုချီက ကုတင်ပေါ်တွင် ထိုင်ချကာ ယူလာသော မနက်စာကို စုလုရီထံ လှမ်းပေးလိုက်သည်။
စုလုရီက စောင်ကို ခေါင်းအထိ ခြုံထားကာ ထလာပြီး မနက်စာ ငုံ့စားလိုက်သောအခါ လည်ပင်းမှ အနီရောင် အကွက်က ပေါ်လာတော့သည်။
စုချီက ထိုအနီရောင်ကွက်ကို မြင်ပြီး လာကိုင်လိုက်သဖြင့် စုလုရီက လန့်သွားကာ "ဘာလုပ်တာလဲ
အစ်ကိုကြီး" ဟု ထပြောလိုက်သည်။
"ဒီဟာက ပျောက်ဖို့ ဘယ်လောက်ကြာမှာလဲ"
"သုံး၊ လေးရက်လောက်ပေါ့"
"တော်သေးတာပေါ့။ ဆောင်းရာသီဖြစ်နေလို့ ဖုံးထားလို့ ရတာ။ နွေရာသီဆိုရင်တော့ ရမှာ မဟုတ်ဘူး"
"ဒါဆို နွေရာသီဆို အစ်ကိုကြီးက မနမ်းတော့ဘူးပေါ့"
"မနမ်းတော့ဘူးလို့ ဘယ်သူ ပြောလဲ"
....
ဧည့်ခံပွဲ ကျင်းပသည့်အိမ်မှာ မြို့ထဲနှင့် အတော်အလှမ်းဝေးသဖြင့် စုမိသားစုက အလုပ်ပြန်တက်ရန် စုအိမ်တော် အဟောင်းသို့ ပြန်လာခဲ့ကြသည်။
စုလုရီက အိမ်တော်သို့ ပြန်ရောက်သောအခါ ကားပေါ်မှ ပျော်ရွှင်စွာ ဆင်းပြီး အခန်းထဲသို့ အပြေးသွားကာ အိပ်လိုက်၏။
ညနေသို့ ရောက်သောအခါ စုယွီက မနက်ဖြန် မနက်အစောပိုင်း လေယာဉ်ချိန် ရှိသဖြင့် ညနေစာကို စောစော စားလိုက်ကြသည်။
ညနေစာ စားအပြီး စုကျစ်ထုံက စုလုရီကို စာကြည့်ခန်းသို့ ခေါ်သွားတော့သည်။
ယခု တစ်ခေါက်မှာ အရင်တစ်ခေါက်နှင့် မတူဘဲ စုကျစ်ထုံက အမူအယာ ပြောင်းနေကာ "သားငယ်လေးတို့ ကိစ္စကို လူရှေ့သူရှေ့မှာ ဖွင့်ပြောလိုက်ပြီ ဆိုပေမယ့် ကုမ္ပဏီခွဲမှာတော့ သွားလုပ်ရမယ်နော်" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ ပါးပါး"
အလုပ်ကိစ္စများ ပြောကြပြီးနောက် စုလုရီက အပေါ်ထပ်မှ ပြန်ဆင်းလာရာ တံခါးဝတွင် ရပ်စောင့်နေသော စုချီကို တွေ့လိုက်ရသည်။
"အစ်ကိုကြီး၊ ကျွန်တော့်ကို စောင့်နေတာလား"
စုချီက စုလုရီ၏ လက်ကိုဆွဲကာ အခန်းထဲသို့ ခေါ်
သွင်းလိုက်ပြီး "အဖေက ဘာတွေ ပြောလဲ" ဟု မေးလိုက်သည်။
"ကုမ္ပဏီခွဲမှာ သွားလုပ်ရမယ့် အကြောင်းပြောနေတာပါ"
"မင်းက သွားလုပ်ချင်လို့လား"
"အင်း၊ အလုပ်ကတော့ သွားလုပ်ရမှာပေါ့"
"မင်း ဘယ်တုန်းက ငါ့ကို အာခံရဲသွားတာလဲ"
"အစ်ကိုကြီး ခြိမ်းခြောက်လိုက် ကတည်းက"
....
စုချီက စုလုရီကို အိပ်ယာပေါ်သို့ လှဲချကာ နမ်းရှုံ့လိုက်သည်။
သို့သော် မနေ့ညက စုလုရီ ပင်ပန်းထားသည်က တစ်ကြောင်း၊ မနက်ဖြန် အလုပ်သွားရမည်က တစ်ကြောင်းကြောင့် ရိုးရိုး အနမ်းဖြင့်သာ အဆုံးသတ်ပြီး အိပ်လိုက်ကြတော့သည်။
မနက်ရောက်သောအခါ ရုံးသို့ ပြင်ဆင်ပြီး ထွက်လာခဲ့ကြ၏။
ရုံးသို့ ရောက်သွားသောအခါ စုလုရီနှင့် စုချီကို ကြည့်သော ဝန်ထမ်းများ၏ အကြည့်များက ပြောင်းလဲသွားခဲ့သည်။
နှစ်ယောက်သား ဓာတ်လှေကားထဲသို့ ဝင်သွားသောအခါ အပြင်ဘက်မှ တီးတိုးပြောဆိုသံများကို ကြားလိုက်ရ၏။
"ဒါရိုက်တာစုက ဟိုနေ့က ဧည့်ခံပွဲမှာ ကုမ္ပဏီတွေ အများကြီးရဲ့ ဘဏ္ဍာငွေတွေကို သိမ်းလိုက်တာတဲ့"
"အဲ့နေ့က လက်ထောက် စုနဲ့ ဆက်ဆံရေးကိုလည်း လူတွေ ရှေ့မှာ ရဲရဲတင်းတင်း ချပြခဲ့တာတဲ့"
.....
စုလုရီက စုချီ၏ မျက်နှာကို အကြာကြီး လှမ်းကြည့်လိုက်ပြီး ရင်ထဲတွင် စုချီနှင့် မခွဲချင်သည့် စိတ်ဆန္ဒက ပေါ်လာခဲ့သည်။
"ဘာလို့ ကြည့်နေတာလဲ"
"ဘာမှမဟုတ်ပါဘူး"
"ငါ့ကို အမှန်အတိုင်း ပြောလို့ရတယ်၊ ပြော"
"တကယ်တော့ ကျွန်တော်လည်း အစ်ကိုကြီးနဲ့ ခွဲပြီး ရုံးခွဲမှာ သွားမလုပ်ချင်ဘူး။ အလုပ် မလုပ်ချင်တာတော့ မဟုတ်ဘူးနော်။ သင်ယူရမယ် ဆိုတာတော့ သိပါတယ်။ ဒါပေမယ့် အစ်ကိုကြီး အနားက မခွဲချင်လို့"
စုချီက ပြုံးလိုက်ကာ "အင်း၊ ငါ သိပြီ" ဟု ပြောလိုက်သည်။
အပေါ်ဆုံးထပ်သို့ ရောက်သောအခါ စုချီက စုလုရီကို ရုံးခန်းထဲသို့ အရင်သွားခိုင်းလိုက်သည်။
ထို့ကြောင့် စုလုရီက ရုံးခန်းထဲသို့ ဝင်သွားသောအခါ စုချီက အတွင်းရေးမှူး ရုံးခန်းထဲသို့ ဝင်ကာ ရှောင်ချီကို သွားတွေ့ခဲ့၏။
ရှောင်ချီက ကွန်ပြူတာ နောက်မှ စုချီကို လှမ်းကြည့်ကာ "ဒါရိုက်တာ စု" ဟု မတ်တတ်ထရပ်ပြီး နှုတ်ဆက်လိုက်သည်။
"မင်း ရုံးခွဲကို သွားလေ့လာတာ ဘယ်လိုလဲ"
"လုပ်ငန်း လည်ပတ်တဲ့ ပုံစံကတော့ ရုံးချုပ်အတိုင်းပါပဲ ဒါရိုက်တာ စု။ ဒါပေမယ့် ဝန်ထမ်းတွေရဲ့ အရည်အချင်းကတော့ ရုံးချုပ်က လူတွေလောက် မတော်ပါဘူး"
"အဲ့ဒါကတော့ ပုံမှန်ပါပဲ။ အခု ငါ့ဆီမှာ မင်းအတွက် လစာတိုးမယ့် အခွင့်အရေး ရှိတယ်။ ဒါပေမယ့် ရာထူးတော့ နိမ့်သွားနိုင်တယ်။ ဘယ်လိုလဲ"
"လစာသာ များမယ်ဆို ကျန်တာက အဆင်ပြေပါတယ်၊ ဒါရိုက်တာ စု"
"ကောင်းပြီ"
...
စုလုရီ ရုံးခန်းထဲတွင် စုချီကို စောင့်နေသည့်အချိန်၌ ဖုန်းမှ စာများ ဝင်လာခဲ့သည်။
စွင်းဟဲ့ယွီ : "စုလုရီရေ၊ ငါတော့ မင်းရဲ့ အစ်ကိုကြီးကို တော်တော် လေးစားသွားပြီ"
ကျိုးချင်းချန် : "ဟုတ်တယ်။ ငါ့ အမျိုးတွေကလည်း ငါ မင်းနဲ့ ရင်းနှီးတယ်ဆိုလို့ မင်းတို့အကြောင်းကို ဝိုင်းမေးနေကြတယ်၊ စုလုရီ"
....
အုပ်စုဖွဲ့ စကားပြောခန်းထဲတွင် စုချီကို ဝိုင်းပြီး ချီးမွမ်းခန်း ဖွင့်နေကြသဖြင့် စုလုရီက ဖတ်ကာ ကျေနပ်နေတော့သည်။
ထိုအချိန်တွင် စုချီက ရုံးခန်းထဲသို့ ဝင်လာကာ "ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။
"အစ်ကိုကြီးက တိုက်ပွဲ တစ်ခုထဲနဲ့ နတ်ဘုရား ဖြစ်သွားပြီ"
"မဟုတ်တာတွေ"
"ကိုယ့်ကိုယ်ကို အရမ်း နှိမ့်ချမနေပါနဲ့ အစ်ကိုကြီးရယ်။ ဒီမှာကြည့်ပါဦး အစ်ကိုကြီး ဖန်တီးထားတဲ့ နန်းတော်ကြီးကို" ဟု စုလုရီက ပြောပြီး စုချီကို ပြတင်းပေါက်သို့ ဆွဲခေါ်ပြလိုက်သည်။
ပြတင်းပေါက်မှ ငုံ့ကြည့်လိုက်သောအခါ အောက်တွင် လှုပ်ရှားနေကြသော ဝန်ထမ်း အများအပြား၏ လှုပ်ရှားမှုများကို တွေ့လိုက်ရ၏။
စုလုရီက လက်ကိုမြှောက်ပြီး ထပ်ပြောမည့်ပုံစံ ပြင်လိုက်သောအခါ စုချီက စုလုရီ၏ လက်ကိုဆွဲပြီး အနောက်ဘက်သို့ ပြန်ဆွဲလိုက်သည်။
"ဟင်၊ အစ်ကိုကြီး"
စုချီက စုလုရီကို ငုံ့နမ်းလိုက်ကာ "မင်းက ငါ့ကို ဒီနေရာမှာ နတ်ဘုရားလို့ ပြောတာလား" ဟု မေးလိုက်သည်။
စုလုရီက စုချီကို မော့ကြည့်လိုက်သောအခါ စုချီ၏ မျက်နှာ အစိတ်အပိုင်းများကို ပြတင်းပေါက်၏ အလင်းရောင်မှတစ်ဆင့် အထင်းသား မြင်လိုက်ရသည်။
ထိုအခါ အချစ်စိတ်များက နက်ရှိုင်းလာပြီး ဆန္ဒများက ပြင်းထန်လာတော့သည်။
"ငါက သာမန်လူပါပဲ"
စုချီ၏ စကားနှင့် အပြုအမူကို ကြည့်လိုက်သောအခါ စုလုရီက ထိုနေ့ညကအတိုင်း ရင်ခုန်သံများ မြန်ဆန်လာတော့သည်။
...…….................................
.........................................
အပိုင်း (၈၇) ပြီးပါပြီ။