Chapter 10

7.2K 882 10
                                    

Chapter 10
- လူသုံးယောက်ထမင်းတူတူစားကြရာဝယ် -

သူဘယ်သူလဲဆိုတာတော့ စုလုရီ မသိဘူး၊ ဒါပေမဲ့ စုချီက ...
"ဒုတိယ အစ်ကိုကြီး" လို့ ခေါ်လိုက်တာတော့ကြားလိုက်တယ်။

စုလုရီရဲ့ နှာခေါင်းက ချက်ချင်းကို ပွထလာပြီ၊ သေစမ်း ...
အဲ့တာ ဒုတိယအကိုကြီးပဲ။ ကောင်းကင်ကို ဒူးနဲ့တတ်တိုက်မယ့်သူကြီး။

စုကျန်းချန်က အလုပ်ကိစ္စခရီးကနေ ပြန်လာပြီဆိုတာကို သူ ဘယ်လိုဖြစ်လို့ မေ့ထားတာပါလိမ့်။ ပြီးတော့ သေချာပေါက် သည်နေ့ ရုံးချုပ်ကို သတင်းပို့ဖို့ သူသွားမှာပဲ။

စုကျန်းချန်က သူ့ကို ရုတ်တရက် ယင်ကောင်အား မြင်လိုက်ရတဲ့ ပုံစံနဲ့ ကြည့်လာတယ်။
"သူက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ"

စုချီက နှုတ်ဆိတ်နေတာမို့ စုလုရီက သူ့နှာခေါင်းထိပ်လေးကိုထိလိုက်ပြီး ...
"ဒုတိယ အစ်ကိုကြီး...ကျ..ကျွန်တော်..."

စုကျန်းချန်ကတော့ နားမထောင်ချင်ပါ။ အဲ့တာကြောင့် သူက သူ့ဦးခေါင်းကို လှည့်ပစ်လိုက်ပြီး အဝေးကို လျှောက်သွားလိုက်တယ်။

စုလုရီ : "..."

ကြည့်ရတာ စုကျန်းချန်က သူ့ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ လျစ်လျူရှု၊ အဖတ်မလုပ်နေသလိုပဲ။

စုချီက သူ့ကို တားလိုက်တယ်။ "ဒုတိယအစ်ကိုကြီး ... အစ်ကိုကြီးက ရုံးချုပ်ကို လာခဲတယ်ဆိုတော့လေ။ နေ့လည်စာ အတူတူစားကြမလား"

"သူ့ကို မြင်နေရရင် မစားချင်ဘူး" လို့ စုကျန်းချန်ကပြန်ပြောလိုက်တယ်။

သူတို့သုံးယောက်လုံး စားသောက်ဆိုင် အရှေ့မှာရပ်နေကြတယ်၊ သုံးယောက်လုံး ရပ်နေတာမို့ ဆိုင်ရှေ့မှာ ထီးထီးကြီး ဖြစ်နေတာပေါ့။ အထဲက ဝန်ထမ်းတွေကလည်း သူတို့သုံးယောက်ကို လှမ်းကြည့်နေပြီ။ စုချီရဲ့မျက်နှာ ပျက်ကျသွားသည်။
"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လုံး ကျည်ဆံတွေပဲ စားပြီး ကြီးလာတာလား"

စုလုရီတစ်ယောက် သူ့အစ်ကိုရဲ့ ရွဲ့တဲ့တဲ့ စကားက နည်းနည်းလွန်သွားပြီလို့ ထင်လိုက်တယ်။ စုမိသားစု ခြောက်ယောက်လုံး သရုပ်မှန်တွေတစ်ဖြည်းဖြည်းပေါ်လာပြီပဲ။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Kde žijí příběhy. Začni objevovat