Chapter (883)အတိတ်မှ စကားပြောသော အမှန်တရားများ

200 19 0
                                    

Chapter (883)(စာစဉ် ၆၄ - အပိုင်း၁)

“အတိတ်မှ စကားပြောသော အမှန်တရားများ”

“နောက်ဆုံးတော့ . . .”

“ဂိုဏ်းကြီး သုံးခုက လိဝူလျန် ဘယ်လောက် အစွမ်းထက်လဲဆိုတာ သိသွားကြတယ် . . .”

“အဲဒီ တိုက်ပွဲမှာ ဂိုဏ်းသား အများကြီး သေခဲ့ရ တယ်၊ ဂိုဏ်းသုံးခု အတွက်တော့ ဆုံးရှုံးမှုကြီး တစ်ခုပေါ့ . . .”

“အဲဒီလို ဖြစ်ပြီးမှတော့ ထပ်ညှိနှိုင်းဖို့ဆိုတာ မရှိ နိုင်တော့ဘူး . . .”

“ဂိုဏ်းတွေက လိဝူလျန်ကို ကောင်းကင်ဝိညာဉ် တောင်မှာ သတ်ဖို့ဆိုပြီး ထိပ်တန်း ပညာရှင်တွေ အများကြီးကို လွှတ်ခဲ့ကြတယ် . . .”

“ဒီလိုနဲ့ တတိယအကြိမ် တိုက်ခိုက်ကြတော့ ဒီဂိုဏ်းသုံးခုနဲ့ တိုက်ခိုက်ရင်းနဲ့ပဲ သူသေရတော့မယ် ဆိုတာကို လိဝူလျန်က သိခဲ့တယ် . . .”

“အဲဒီတော့ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ရှောင်ဧကရာဇ် ရဲရှောင်ကို စာတစ်စောင်ရေးပြီး အကူ အညီ လှမ်းတောင်းခဲ့တယ် . . .”

“မရဏဓားက မရေမတွက်နိုင်တဲ့ ရန်သူတွေကို သတ်ဖြတ်တယ်၊ ရှောင်ဧကရာဇ်က ကမ္ဘာပေါ်မှာရှိတဲ့ သူရဲကောင်းတွေကို လှောင်ပြောင်ရယ်မောတယ် . . .”

“သူတို့ နှစ်ယောက်ကို သမိုင်းတွင်မယ့် သူရဲ ကောင်းကြီးတွေလို့တောင် ဆိုလို့ရတယ် . . .”

“သူတို့နှစ်ယောက်သာ ပေါင်းပြီး တိုက်ခိုက်မယ်ဆို ရင် ဂိုဏ်းကြီး သုံးခုအတွက်က ဆုံးရှုံးမှုကြီးလိမ့်မယ်”

“နောက်ပြီး ရဲရှောင် ပါလာရင် သူ့ကို ချစ်တဲ့ ကောင်းကင် ရေခဲနန်းတော်က ကျွင့်ယင်းလျန်လည်း သေချာပေါက် ပါလာမှာပဲ . . .”

“ချင်းရန်နယ်ပယ်က အဲဒီ ကြယ်သုံးပွင့်သာ အတူ ပေါင်းပြီး တိုက်လိုက်လို့ကတော့ ကြောက်ခမန်းလိလိ ကို ဖြစ်သွားလိမ့်မယ် . . .”

“တစ်နည်းပြောရရင် ချင်းရန်နယ်ပယ်ကို တုန်ဟီး စေမယ့် စစ်ပွဲတစ်ပွဲ ဖြစ်သွားနိုင်တာပေါ့ . . .”

“တကယ်လို့ တိုက်ပွဲမှာ ဂိုဏ်းကြီးသုံးခု နိုင်သွား ရင်တောင် ကောင်းကင်ဝိညာဉ်တောင်ကို အသုံးပြုလို့ ရတော့မှာ မဟုတ်ဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now