Chapter (893)"ကျုပ်လည်း လိုက်မယ်"

164 16 0
                                    

Chapter (893)(စာစဉ် ၆၄- အပိုင်း ၁၁)

“ကျုပ်လည်း လိုက်မယ်”

“အစ်ကိုမူ . . .”

“ကျုပ် တကယ် မသိပါဘူး . . .”

ဂွမ်လင်းရှောင်က မျက်နှာငယ်ဖြင့် ပြောလိုက် သည်။

“ကျုပ် လိမ်နေတာဆိုရင် မျိုးမစစ်ကောင် ဖြစ်ပါ စေဗျာ . . .”

“မင်းသိတာ မသိတာ ငါစိတ်မဝင်စားဘူး . . .”

“ဘယ်နေရာမှာလဲဆိုတာ မပြောရင် မင်းသေရ လိမ့်မယ် . . .”

“မင်းလုပ်ခဲ့တဲ့ ကိစ္စ မင်းတာဝန်ယူပေးရမယ် . . .”

ခေါင်းဆောင်ဖြစ်သူ၏ အသံက ဟိန်းထွက်နေ သည်။

ဂွမ်လင်းရှောင်မှာမူ ချွေးပြန်နေချေပြီ။

“အစ်ကိုမူ . . .”

“ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ . . .”

“ကျုပ် အဲဒီကောင် ဘယ်မှာရှိလဲဆိုတာ တကယ် မသိလို့ပါ . . .”

“ကျုပ်သိတယ်ဆိုရင် ချက်ချင်းကို ပြောမှာပါ. . .”

“ခင်ဗျားတို့ရဲ့ သခင်လေးအတွက် ကုထုံး ကောင်း ကောင်းတစ်ခု ရှာဖို့ ကျုပ်ကြိုးစားနေပါတယ် . . .”

“ကျုပ်လည်း အဲဒီလူနဲ့ မတော်တဆ တွေ့ခဲ့ရတာ ပါ၊သူက ဒီလို လူလိမ်တစ်ယောက် ဖြစ်နေမယ်လို့ ကျုပ်လည်း ဘယ်ထင်ခဲ့ပါ့မလဲ . . .”

“အဲဒီလိုမျိုးကြီး ထွက်သွားမယ်လို့လည်း ကျုပ် မထင်ခဲ့ဘူးလေ . . .”

“ကျုပ် . . .”

“ချွမ် . . .”

မြင်းပေါ်ရှိ လူသုံးရာခန့်မှာ ချက်ချင်းဆိုသလို ၎င်း တို့၏ ဓားများကို ထုတ်လိုက်ကြသည်။

ဓားအချောင်း သုံးရာကို ထုတ်လိုက်သည့်တိုင် အသံမှာမူ တစ်သံတည်းပင် ထွက်သွားသည်။

မည်မျှ သေသပ်သော ဓားထုတ်ချက်ပါနည်း။

ရဲရှောင် စိတ်ထဲ ကြိတ်ချီးကျူးလိုက်သည်။

ထိုသို့ လုပ်နိုင်ရန် နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးမှ သာ ရနိုင်လိမ့်မည်။

ဂွမ်လင်းရှောင်မှာမူ ထိုမြင်ကွင်းကြောင့် ကတုန် ကယင်ပင် ဖြစ်သွားသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now