အခန်း (၉၆၄)"လူလိမ်"

139 23 0
                                    

အခန်း (၉၆၄)(စာစဉ် ၆၉- အပိုင်း၁၂)

"လူလိမ်"

ရွှမ်ပိုင်မှာ ရှေ့ဆုံးမှ ဦးဆောင်၍ ညင်သာစွာဖြင့် လျှောက်လှမ်းလျက် ရှိသည်။

ရဲရှောင်တို့ နှစ်ဦးမှာမူ ရှက်အမ်းအမ်း အမူအယာ ဖြင့် သူမနောက်မှ လိုက်ပါနေသည်။

ဟန်ပိုင်ယွဲ့မှာ အရှက်ရသွားပြီ ဖြစ်၍ ယခင်ကဲ့သို့ စကားများစွာ မပြောရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ဟန်ပိုင်ယွဲ့ကဲ့သို့ မိန်းမများနှင့် အတွေ့ အကြုံရှိသည့် လူတစ်ဦးပင် ထိုသို့ နှုတ်ဆိတ်နေရလျှင် သူ့အဖို့ ပိုဆိုးနိုင်ကြောင်း ရဲရှောင် တွေးလိုက်သည်။

ထို့ပြင် အစွမ်းထက်သော မိန်းမမျိုးကိုလည်း သူ သဘောမကျချေ။

စုယဲ့ယွဲ့နှင့် ပိုင်အာတို့မှာမူ ချိုသာ၍ နူးညံ့သည့် မိန်းကလေးများ ဖြစ်နေ၍ သူသဘောကျမိသည်။

ထို့ကြောင့် စိတ်ဓာတ်ခက်ထန်သည့် မိန်းကလေး မျိုးမှာ ရဲရှောင် အကြိုက်မဟုတ်ဟု ဆိုနိုင်သည်။

ရဲရှောင်အဖို့ သူ့အကြိုက်မဟုတ်သည့် ရွှမ်ပိုင်အား စကားမပြောမိရန် တတ်နိုင်သမျှ ရှောင်ရှားခဲ့သည်။

သို့သော် ပြေးလျှင် လိုက်သည် ဆိုသည့် စကား အတိုင်း ရွှမ်ပိုင်မှ သူ့အား အလွတ်မပေးခဲ့ချေ။

ရှေ့ဆုံးမှ သွားနေရင်းဖြင့် တဖြည်းဖြည်း အရှိန်ကို မသိမသာဖြင့် လျှော့လိုက်ပြီး ရဲရှောင်နှင့် ဘေးချင်း ကပ်၍ လျှောက်လိုက်သည်။

ရဲရှောင်မှာမူ ပုံမှန်အတိုင်းသာ သတ်မှတ်လိုက် သဖြင့် နေရခက်ခြင်းမျိုး မရှိပေ။

သို့သော် ဟန်ပိုင်ယွဲ့မှာမူ ရဲရှောင်လို မဟုတ်။

နေရထိုင်ရပင် အတော်လေး ခက်နေလေသည်။

ရဲရှောင်တို့ နှစ်ဦးနှင့် အတူတူ တွဲမလျှောက်ချင်၍ ပင် ဖြစ်သည်။

"အဟမ်း . . ."

"ကျုပ် ရှေ့က ဦးဆောင်ပြီးပဲ သွားတာ ပိုကောင်း မယ် ထင်တယ် . . ."

ဟန်ပိုင်ယွဲ့လည်း ထိုသို့ ပြောပြီးနောက် ထွက်ခွာ ရန် ဟန်ပြင်လိုက်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now