Chapter (932)"ဉာဏ်တုံးသော လင်းယုန်ကြီး"

143 10 0
                                    

Chapter (932)(စာစဉ် ၆၇- အပိုင်း၈)

“ဉာဏ်တုံးသော လင်းယုန်ကြီး”

ရဲရှောင်က လင်းယုန်ကို ထပ်မံ မေးပြန်သည်။

လင်းယုန်ကြီးက ခဏတာ စဉ်းစားပြီးနောက် ရဲရှောင်ကို ရှင်းပြနိုင်ရန် ကြိုးစားနေသည်။

(ငါ့ခေါင်းကို မထိစေချင်လို့တော့ မဟုတ်ပါဘူး)

(ငါကဘုရင်တစ်ပါးလေ . . .)

(အဲဒီတော့ ငါ့မှာလည်း ငါ့သိက္ခာနဲ့ငါ ရှိတယ် . . .)

(ဒါပေမယ့် သူကလည်း ထိချင်နေတယ် ငါ ဘယ်လို လုပ်ရမလဲ . . .)

ရဲရှောင်က လင်းယုန်ကြီး၏ အတွေးကို မသိချေ။

အကယ်၍ သိမည်ဆိုလျှင်ပင် မသိချင်ယောင် ဆောင်နေဦးမည်။

သူ့အမြင်တွင်မူ လင်းယုန်ကြီးက ခေါင်းတွင်တွင် ခါယမ်းနေသည်ကိုသာ မြင်နေရသည်။

ထို့ကြောင့် ရဲရှောင်လည်း မကျေမချမ်းဖြင့် အခြား တစ်ဖက်သို့ လှည့်လိုက်ပြန်သည်။

(မင်းမှာ ဘယ်လို အကြောင်းပြချက်ပဲရှိရှိ ငါတော့ ဂရုမစိုက်ဘူး . . .)

(မင်းခေါင်းကို အကိုင်မခံသရွေ့ ငါကသွားနေဦး မှာပဲ . . .)

လင်းယုန်ကြီးက ရဲရှောင်ကို ထပ်မံ တားဆီးပြန် သည်။

၎င်းအဖို့ မျက်လုံးများပင် ရဲတွတ်လာပြီး ငိုချင်လာ ဟန် ရှိသည်။

ရဲရှောင်မှ -

“ငါ့ကို ခွင့်ပြုမှာမလား မခွင့်ပြုဘူးလား . . .”

“မင်းသေချာ စဉ်းစားပြီးပြီလား . . .”
. . .

ထိုသို့ဖြင့် အကြိမ် နှစ်ဆယ်သုံးဆယ်ခန့် အားပြိုင် နေကြသည်။

လင်းယုန်ကြီးအဖို့ အနီရောင် ဆေးလုံးလေးများ ကို လက်လွတ်မခံနိုင်။

သူ့အတွက် အလွန် အရသာ ရှိနေသည် မဟုတ်ပါ လား။

သို့သော် ခေါင်းမာလှသော ရဲရှောင်ကြောင့် နောက်ဆုံးတွင် ခေါင်းကိုသာ ငုံ့လိုက်တော့သည်။

“ငါကိုင်လို့ ရပြီလား . . .”

“ဂီး ဂီး ဂီး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now