1051---1052

138 15 2
                                    

အခန်း (၁၀၅၁)(စာစဉ် ၇၆- အပိုင်း ၁)

“ခေါင်းဆောင် ပါဝင်လာခြင်း”

ကံတရား၏ မျက်နှာသာ ပေးမှုကြောင့် ရဲရှောင် အဖို့ အားနည်းနေသေးသည့်တိုင် တောင့်ခံထားနိုင်ခဲ့ သည်။

သို့သော် ထိုကံကောင်းမှုက မည်မျှထိ တာရှည်ခံ နိုင်ပါမည်နည်း။

လက်ရှိတွင်မူ သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို ပင် မသိဘဲ ဘာကိုမှ မခံစားမိဘဲ ဖြစ်နေပါတော့သည်။
. . .

အဝေးတစ်နေရာ၌ ဖြစ်၏။

လေဟာနယ် စကြာဝဠာကြီး အတွင်းတွင်ရှိသော ကြီးကျယ်ခမ်းနားသည့် ခန်းမကြီး၌ လူအချို့ အတူ တကွ ထိုင်နေကြလေသည်။

ထိုလူများအနက် တစ်ဦးမှာ ချောမောခန့်ညားလှ ပြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။

သူ၏ တစ်ဖက်တစ်ချက်၌ အနက်ရောင်နှင့် အဖြူ ရောင်ကို ဝတ်ဆင်ထားသည့် လူနှစ်ဦးရှိနေပြီး အနောက်တွင်မူ လူခြောက်ဦး ရှိနေပြန်သည်။

ထိုလူများ အားလုံး၌ အပြစ်ဆိုစရာဟူ၍ မရှိပေ။

ရုပ်ရည်ပိုင်းတွင်လည်း ချောမော ခန့်ညားကြပြီး အရှိန်အဝါဟိတ်ဟန်ပိုင်းတွင်လည်း ကြီးမားကြသည်။

ထိုလူများမှာ ၎င်းတို့ ရှေ့တွင် ရှိသည့် မျက်နှာပြင် ပေါ်မှ ပုံရိပ်ကိုသာ စိတ်ဝင်တစားဖြင့် ကြည့်ရှုနေကြ သည်။

ထိုမျက်နှာပြင်ပေါ်၌ ထင်ဟပ်နေသည့် ပုံရိပ်မှာ ရဲရှောင်ပင် ဖြစ်၏။

ရဲရှောင်အဖို့ လက်ရှိ၌ သေလုမြောပါး အန္တရာယ် များနှင့် ရင်ဆိုင်နေရပြီး အခြေအနေများကိုလည်း ဘာ မှန်းမသိအောင် ဖြစ်နေရသည်။

သို့သော် ကြည့်နေသည့် လူ ၉ ဦးမှာမူ ရဲရှောင်၏ အခြေအနေကို ကောင်းစွာ မြင်တွေ့နေရသည်။

ရဲရှောင်၏ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေ ပြီး ခန္ဓာကိုယ်ရှိ သွေးကြောများ အားလုံးမှာ ပေါက်ကွဲ ထွက်နေလေသည်။

အကယ်၍ ယခုအခြေအနေတိုင်း ဆက်သွားပါက သူ၏ အခြေအနေမှာ မကောင်းနိုင်၊ ချက်ချင်းသေဆုံး သွားနိုင်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now