Chapter (921)"ဒါကဘဝပဲ"

157 21 0
                                    

Chapter (921)(စာစဉ် ၆၆ - အပိုင်း၁၁)

“ဒါကဘဝပဲ”

ရဲရှောင်က လိဝူလျန်၏ မျက်နှာကို ဖြတ်ရိုက်မလို ပင် လုပ်လိုက်သည်။

လိဝူလျန်က ရယ်ကျဲကျဲဖြင့် -

“ကဲကဲ ကောင်းပြီ တော်လောက်ပြီ . . .”

“ငါတို့ စကားအကောင်း ပြောကြတာပေါ့ . . .”

“မင်း ဒီလိုပုံစံ ဖြစ်သွားလည်း ငါဘာမှ မဖြစ် ပါဘူး၊ ငါတို့က ညီအစ်ကိုတွေပဲ မဟုတ်ဘူးလား . . .”

“မင်းဘယ်လိုပုံစံပဲဖြစ်ဖြစ် ငါကလက်ခံပါတယ် ဒါပေမယ့် မင်းသူ့ကိုတော့ ဘယ်လိုပြောမှာလဲ . . .”

“သူက မင်းကို လက်ခံမယ်လို့ ထင်နေလား . . .”

“သူ့ကို ဘယ်လို‌ပြောရမယ် ဆိုတာကိုရော မင်း စဉ်းစားပြီးပြီလား . . .”

ရဲရှောင် သက်ပြင်းချလိုက်ပြီး -

“ငါလည်း အဲဒါကို စိုးရိမ်နေတာ . . .”

“အဲဒီကိစ္စက အခုချိန်မှာ ငါ့အတွက် အကြီးမားဆုံး ပြဿနာကြီး ဖြစ်နေတယ် . . .”

“တစ်နေ့နေ့ တစ်ချိန်ချိန်ကျ ငါသူနဲ့ မျက်နှာချင်း ဆိုင်ရမှာကို သိတယ် ဒါပေမယ့် . . .”

လိဝူလျန်က မျက်မှောင်ကြုတ်လိုက်ပြီး -

“ခက်တော့ ခက်တယ်ကွ . . .”

“အဲဒါကို မင်းလည်း သိပါတယ် . . .”

“မိန်းမတွေရဲ့စိတ်ကို နားလည်ဖို့က မလွယ်ဘူး၊ သူတို့ မှန်တယ်ထင်ရင် မှန်နေတယ် အဲဒီအချိန် သူတို့ ရဲ့စိတ်ကို ဘာနဲ့မှ ပြောင်းလဲပစ်လိုက်လို့ မရဘူး . . .”

“သူတို့ မှားတယ်ဆိုရင်လည်း ရှင်းပြလို့တောင် မရ ဘူး မှားနေတော့တာပဲ . . .”

“အဲဒီအချက်ကို မင်းနားလည်နိုင်ဖို့ ခက်လိမ့်မယ်”

“သူက မင်းကို ငြင်းလိုက်ရင်တော့ ဘာမှကို ဆက်လုပ်လို့ မရတော့ဘူးပေါ့ . . .”

“ဒါပေမယ့် မင်းက ရဲရှောင်တော့ ရဲရှောင်ပါပဲ ခန္ဓာ ကိုယ်ပဲ မတူတော့တာဆိုတော့ . . .”

“ဘယ်လို လုပ်ရမယ် ဆိုတာ မင်းပေါ်မှာပဲ မူတည် နေမယ်ထင်တယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now