1045----1046

124 13 1
                                    

အခန်း (၁၀၄၅)(စာစဉ် ၇၅- အပိုင်း ၉)

“အရူးလုပ်ခံရခြင်း”

ရဲရှောင်၏ ဒေါသများက တားဆီးမရနိုင်အောင် အထွတ်အထိပ်သို့ ရောက်ရှိနေချေပြီ။

“သေစမ်းကွာ . . .”

“ငါ့အသက်ကို စွန့်ရမယ်ဆိုရင်တောင် ဒီကျောက် တိုင်ကြီးကို ငါရိုက်ချိုးပစ်ချင်နေပြီ . . .”

“ဒီလို ပါးစပ်ဖွာတဲ့ လူမျိုးကိုလည်း တစ်ဘဝလုံး မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးချင်မိ တယ်၊ တစ်ခါလောက်ပဲ ပေးပါရစေ . . .”

ထိုသို့ တွေးပြီးနောက် အသက်ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်အောင် ထားလိုက်သည်။

ထို့နောက် ကျောက်တိုင်အား ကြည့်လိုက်ပြီး လမ်း ညွှန်ချက်များကို ထပ်၍ ဖတ်လိုက်ပြန်သည်။

“ရိုးရှင်းပါတယ် . . .”

“ဒီစာကို ဖတ်နိုင်တဲ့ ဘယ်သူမဆို ကျွမ်းကျင်သွား မှာပဲ ဒါပေမယ့် မင်းကတော့ ဘယ်လိုဖြစ်လာမလဲ မသိဘူး . . .”

“မင်းကို ဉာဏ်ကောင်းတဲ့ ကောင်လို့တော့ ငါက မထင်ထားဘူး ဘာလို့လဲဆိုတော့ မင်းက ဆင်ဖြူမှီပြီး ကြံစုပ်တဲ့ကောင်လို သိုလှောင်ရတနာကို အားကိုးပြီး ဟိတ်ဟန်ထုတ်နေတဲ့ ကောင်မလို့ပဲ . . .”

“ကဲ ဒါတွေ ထားပါ . . .”

“ပထမအဆင့်ကတော့ ရိုးရိုးလေးပါပဲ ကျောက် တိုင်ကို မင်းကိုင်လိုက် ဒါကိုတော့ မင်းလုပ်နိုင်တယ် မဟုတ်လား . . .”

ထို့နောက် ရဲရှောင်လည်း ပထမအဆင့်လုပ်ရန် ဟန်ပြင်လိုက်သည်။

ယခုအခြေအနေသို့ ရောက်နေပြီဖြစ်၍ သူ့အဖို့ လုပ်ကိုလုပ်ရတော့မည် မဟုတ်ပါလား။

ထို့ကြောင့် အံတင်းတင်း ကြိတ်လိုက်ပြီး ကျောက် တိုင်ကြီးအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

ထိုအခါ လေထဲ၌ စာလုံးအချို့ ပေါ်လာပြန်သည်။

“ဒုတိယအနေနဲ့ မင်းရဲ့ မေးစေ့ကို ကျောက်တိုင် ပေါ် တင်လိုက်၊ တင်းတင်းကြပ်ကြပ်ကို တင်နော်”

ထို့နောက် စာလုံးများမှာ ပျောက်ကွယ်သွားပြန် သည်။

ရဲရှောင်လည်း ထွေထူးစဉ်းစား မနေတော့။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now