1071-----1072

142 16 1
                                    

အခန်း (၁၀၇၁)(စာစဉ် ၇၇- အပိုင်း ၇)

“အတူတကွ ဖိအားပေးကြခြင်း”

ထိုလူများ သူ့အပေါ် ကြောက်ရွံ့သွားသည်လော၊ သို့မဟုတ် မကြောက်ရွံ့ဘဲ ရှိနေကြသည်လော။
ထိုအရာများကို ဟန်ပိုင်ယွဲ့ အနည်းငယ်မျှပင် ဂရု မစိုက်ပေ။
သူ့ထံ၌ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားများ ရှိနေသည် မဟုတ်ပါလား။
လက်ရှိတွင် သူ့အဖို့ ဘုရင်တစ်ပါးလိုပင် ဖြစ်နေရ သည့် ခံစားချက်ကို သဘောခွေ့လျက် ရှိသည်။
ထို့ပြင် သူ့ကိုယ်သူ ချင်းရန်နယ်ပယ်၌ အနှိုင်းမဲ့ လူ တစ်ဦးပမာ ဟိတ်ဟန်အပြည့်ဖြင့်ပင် ရှိနေလေသည်။
“ရွှစ် ရွှစ် ရွှစ် . . .”
တွင်းနက်ကြီး အတွင်းမှ လူအများအပြား ခုန်၍ တက်လာကြသည်။
ထိုလူများ၏ မျက်နှာပေါ်၌ ကြောက်ရွံ့မှုများက  အတိုင်းသား ထင်ဟပ်နေသည်။
ဟန်ပိုင်ယွဲ့၏ ခြေနင်းချက် တစ်ချက်က ကမ္ဘာကြီး တစ်ခုလုံးအား တုန်ခါသွားသလို ဖြစ်စေခဲ့သည် မဟုတ်ပါလား။
ယခု သူတို့ရှေ့ရှိ လူက မည်မျှထိ အစွမ်းထက်၍ အဆင့်မည်မျှရှိကြောင်း မသိသေးသည့်တိုင် သွေးအေး ရက်စက်၍ အနှောက်အယှက် ပေးလို့မရနိုင်သည့် လူ မှန်း ၎င်းတို့ သေချာနားလည်သွားကြသည်။
ထိုလူက သူတို့၏ အသက်ကိုသာ နှုတ်ယူလိုပါက ငှက်ပျောသီး အခွံနွှာစားရသလောက်ပင် ခက်လိမ့်မည် မဟုတ်ချေ။
ခြေနင်းချက် တစ်ချက်ကပင် မည်မျှထိ ဆိုးရွား ကြောင်း ကြုံတွေ့လိုက်ကြသည် မဟုတ်ပါလား။
“ဆ ဆ ဆရာကြီး . . .”
“ခင်ဗျားရဲ့ နာမည်ကို ကျုပ်တို့ သိခွင့်ရမလား”
ရှေ့ဆုံးမှ မုတ်ဆိတ်ဖြူမွှေးများ ရှိသည့် အဘိုးကြီး တစ်ဦးမှ မေးလိုက်သည်။
“ဟောင်မျိုးနွယ်စုက မတော်တဆနဲ့ ခင်ဗျားကို ဘယ်လိုများ ဆန့်ကျင်မှုမျိုး လုပ်ခဲ့လဲ သိပါရစေ . . .”
“ကျုပ်တို့ကို သနားညှာတာ ခွင့်လွှတ်ပြီး လမ်း ညွှန်မှုလေး ပေးပါဦး . . .”
အင်အားကြီးသူ၏ ရှေ့၌ မိမိကိုယ်ကို နှိမ့်ချ၍ မြှောက်ပင့်ပြောဆိုခြင်းကသာ အလုပ်ဖြစ်လိမ့်မည်။
ထိုသို့မဟုတ်ပါက အသက်နှင့် ခန္ဓာအိုးစားကွဲသွား မည်မှာ သေချာလှသည်။
ထို့ကြောင့်ပင် ဟောင်မျိုးနွယ်မှ အဘိုးကြီးလည်း ခြေသုတ်ပုဆိုးပမာ နှိမ့်ချကာ ဟန်ပိုင်ယွဲ့အား ဆရာ ကြီးဟုပင် ခေါ်ဆိုလိုက်သည် မဟုတ်ပါလား။
ထိုသို့ ဆက်ဆံခံလိုက်ရ၍ ဟန်ပိုင်ယွဲ့၏ စိတ်ထဲ သဘောအကျကြီးပင် ကျသွားလေသည်။
ထို့ကြောင့်ပင် လေသံကို ပိုမို ခက်ထန်လိုက်ပြီး -
“ကျုပ်ကို ဆန့်ကျင်တယ် ဟုတ်လား . . .”
“ခင်ဗျားတို့က ကိုယ့်မျိုးနွယ်ကိုယ် သိပ်အထင်ကြီး လွန်းနေတာပဲ . . .”
“ကျုပ်ကို ဆန့်ကျင်ဖို့အတွက် ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ အဆင့်မီတယ် ထင်နေတာလား . . .”
ထိုစကားကို ကြားသောအခါ အဘိုးကြီးလည်း စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။
၎င်းတို့အား စော်ကားသည်ဟု မခံစားရဘဲ စိတ်ထဲ ၌ပင် ဝမ်းသာသွားပါသေးသည်။
(ဒါဆို ငါတို့က သူ့ကို မဆန့်ကျင်ခဲ့ဘူးဆိုတဲ့ သဘောပဲ တော်သေးတာပေါ့ . . .)
ယခုကဲ့သို့ အင်အားကြီးသည့် လူအား အနှောက် အယှက် ဖြစ်စေခဲ့ပါက ၎င်းတို့၏ မျိုးနွယ်စုတစ်စုလုံး ပင် အပြတ်ရှင်းခံရနိုင်သည် မဟုတ်ပါလား။
“ဒါဆို ဒီက ဆရာကြီး အခုမျိုး လုပ်လိုက်တာက”
အဘိုးကြီးမှာ အမှားအယွင်း ဖြစ်သွားမည်စိုး၍ စကားကို ထိန်း၍ မေးလိုက်သည်။
“ပထမဆုံး အချက်အနေနဲ့ ခင်ဗျားတို့ လုပ်နေတဲ့ အရာကို သဘောမကျလို့ပဲ . . .”
ဟန်ပိုင်ယွဲ့ မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။
“ခင်ဗျားတို့က လမ်းပေါ်မှာ ရှေ့မကြည့် နောက် မကြည့်နဲ့ ဒုန်းစိုင်းသွားနေကြတာ . . .”
“မတော်လို့ တခြားလူတွေကို ဝင်တိုက်သွားရင် ဘယ့်နှယ့်လုပ်မလဲ . . .”
“ဘယ်သူမှ မရှိဘူးဆိုလည်း ပန်းတွေ အပင်တွေ ကို တိုက်မိသွားရင် သင့်တော်မလား . . .”
“ခင်ဗျားတို့ ခေါင်းပါတယ်မလား ကျုပ်ပြောတာ မှန်မမှန်ဆိုတာ ခေါင်းသုံးပြီး စဉ်းစားကြည့်စမ်း . . .”
“အာ သိပ်ဟုတ်တာပေါ့ . . .”
“ဆရာကြီး ခင်ဗျားပြောတာ မှန်ပါတယ် . . .”
“ကျုပ်တို့က တော်တော်ကို ဉာဏ်နည်းတာပါ၊ အမိုက်မဲလေးတွေမလို့ ခွင့်လွှတ်ပေးပါဗျာ . . .”
အဘိုးကြီးကို ခေါင်းကိုငုံ့ရင်း ရိုရိုကျိုးကျိုးဖြင့် ပြန် ပြောလိုက်သည်။
“ဒုတိယအချက် ကျုပ်က ဓားပြတစ်ယောက် . . .”
“အဲဒါကြောင့် ဒီက ဖြတ်သွားတဲ့ လူတွေဆီကနေ ဓားပြတိုက်နေတာ . . .”
“အင်း ဒါပေမယ့် ခင်ဗျားတို့ကို ကြည့်ရတာတော့ ဆင်းရဲတဲ့ပုံပဲ၊ ခင်ဗျားတို့ဆီက ဘာတန်ဖိုးရှိတဲ့ ပစ္စည်း မှ ရမယ်မထင်ဘူး . . .”
“အဲဒီတော့ ကျုပ် စိတ်ပြောင်းသွားပြီ . . .”
ဟန်ပိုင်ယွဲ့မှ ခပ်အေးအေးပင် ပြောလိုက်သည်။
“ကျုပ်မေးမယ့် မေးခွန်း လေးငါးခုလောက်ကို ခင်ဗျားတို့ စိတ်ကျေနပ်လောက်အောင် ဖြေပေးမယ် ဆိုရင် ဒီကနေ သွားခွင့်ပေးဖို့ စဉ်းစားထားတယ် . . .”
ထိုစကားကြောင့် ဟောင်မျိုးနွယ်စုမှ လူများမှာ စိတ်သက်သာရာပင် ရသွားကြသည်။
(မေးခွန်းနည်းနည်းလောက် ဖြေရုံပဲလား . . .)
(ဟူး တော်သေးတာပေါ့ ဒီလောက်ကတော့ လွယ် လွယ်လေးပါပဲ၊ ငါတို့ကို သတ်မယ့်အရေးကလွဲပြီး ဘယ်အရာကများ အရေးကြီးမှာ မလို့လဲ . . .)
ဟောင်မျိုးနွယ်မှာ ယခုနေရာ၌ အင်အားကြီးသည့် မျိုးနွယ်စု တစ်ခုသာ ဖြစ်၏။
အားနည်းသူများကို အနိုင်ကျင့် ဖိနှိပ်၍ ဆိုးရွား သည့် လုပ်ရပ်များကိုလည်း ပြုလုပ်ခဲ့သည်။
သို့သော် ဟန်ပိုင်ယွဲ့ကဲ့သို့ စွမ်းအားကြီးသည့် လူ မျိုးနှင့် တွေ့ရချိန်တွင်မူ ၎င်းတို့၏နှုတ်မှ ရိုင်းစိုင်းသည့် စကားလုံး တစ်လုံးကိုမှ မပြောဝံ့ချေ။
ချင်းရန်နယ်ပယ်၌ အင်အားကြီးသူကသာ အနိုင်ရ စမြဲပင် မဟုတ်ပါလား။
“အာ ရတာပေါ့ . . .”
“ကျုပ်တို့ကို ကြိုက်ရာ မေးနိုင်ပါတယ် ဆရာကြီး”
“ကျုပ်တို့ သိသမျှကို အကောင်းဆုံး ပြန်ဖြေပေးပါ့ မယ်လို့ ကတိပေးပါတယ် . . .”
အဘိုးကြီးမှ ရိုရိုကျိုးကျိုးဖြင့်ပင် ပြောလိုက်သည်။
“ဟုတ်ပြီ သေချာနားထောင်ကြ . . .”
“ပထမမေးခွန်း ခင်ဗျားတို့က ဘယ်ကိုသွားမှာလဲ”
“ဒုတိယမေးခွန်း ဘာအတွက် သွားမှာလဲ”
“တတိယမေးခွန်းက . . .”
ဟန်ပိုင်ယွဲ့က တစ်ဆက်တည်းဆိုသလို မေးခွန်း ၁၀ ခုကျော်ကို မေးလိုက်၏။
ထိုမေးခွန်းများကို နားထောင်ရင်း အဘိုးကြီးအဖို့ စိတ်သက်သာရာပင် ရသွားမိသည်။
(တော်သေးတာပေါ့ မေးခွန်းတွေက မခက်လို့ . . .)
(ငါတစ်ယောက်တည်းတောင် သူမေးတဲ့ မေးခွန်း တွေကို ဖြေနိုင်တယ် . . .)
“ကျုပ်တို့ကို ရဲမျိုးနွယ်က ဖိတ်ခေါ်လို့ ရဲမြို့တော် ကို သွားကြမလို့ပါ . . .”
“ကျုပ်တို့ သွားရတဲ့ အကြောင်းအရင်းက အချက် နှစ်ချက်ကြောင့်ပါ . . .”
“ပထမအချက်က ရဲမျိုးနွယ်က မှင်ရောင်အားဖြည့် ကြာပန်းတွေ ရခဲ့တယ် ကြားတယ် . . .”
“လီမျိုးနွယ်ဆီက သိရသလောက် ရဲမျိုးနွယ်မှာ ရှိ တဲ့ ကြာပန်းတွေ တစ်ချို့တစ်ဝက်လောက်က သူတို့ လီမျိုးနွယ်စုဆီက ကြာပန်းတွေဆိုပဲ . . .”
“ရဲမျိုးနွယ်က လီမျိုးနွယ်ထက် အင်အားကြီးတော့ တစ်ဖက်လူတွေကလည်း ဘာမှ မပြောနိုင်ဘူးလေ”
“အဲဒါကြောင့် မျိုးနွယ်စုတွေ အားလုံးကို ရဲမျိုးနွယ် ဆီ ဖိတ်ခေါ်လိုက်ကြတာပဲ . . .”
“ကျုပ်တို့ သွားတာ သူတို့တွေ ကြားထဲကို ဖျန်ဖြေ ပေးမလို့လည်း ပါတယ် . . .”
အဘိုးကြီး၏ ဖြေရှင်းချက်က ရဲရှောင်တို့ သိချင်နေ သမျှ အားလုံး ပါဝင်သည်ဟု ဆိုနိုင်သည်။
လူအများအပြား ရဲမြို့တော်ထံ သွားနေရခြင်း၏ အဖြေက ရိုးရှင်းလှသည်။
တတိယအလွှာမှ ရရှိခဲ့သည့် ကြာပန်းများကြောင့် ယခုကဲ့သို့ အုံးအုံးကြွကြွ ဖြစ်နေရခြင်းပါပင်။
ရဲမျိုးနွယ်နှင့် လီမျိုးနွယ်တို့မှာ တောင်မှ ထွက်ခွာ သွားကြပြီးနောက် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။
သို့သော် လီမျိုးနွယ်အဖို့ ရဲမျိုးနွယ်ကို ယှဉ်နိုင်လိမ့် မည် မဟုတ်ပါ။
တိုက်ပွဲ၌ ရဲမျိုးနွယ်ဘက်မှ ဥသျှောင်ကြီးဖြစ်သည့် ရဲရှန်ချန် ပါဝင်နေခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် လီမျိုးနွယ်အတွက် ကြီးစွာသော ဆုံးရှုံး မှု ဖြစ်ပေါ်ခဲ့ရပြီး ကြာပန်းများကိုလည်း ဆုံးရှုံးခဲ့ရလေ သည်။
သို့သော် လီမျိုးနွယ်မှာ အရှုံးကို လက်မခံနိုင်။
ကြာပန်းများကြောင့် ရဲမျိုးနွယ် မြင့်တက်သွားမည် ကို လက်မခံနိုင်ခဲ့သလို တိမ်မြူခိုးနန်းတော်၏ အကူ အညီ ရသွားမည်ကိုလည်း မလိုလားခဲ့ကြပေ။
လီမျိုးနွယ်နှင့် ရဲမျိုးနွယ် ဆိုသည်မှာ ရန်သူတော် များပင် မဟုတ်ပါလား။
ထို့ကြောင့် လီမျိုးနွယ်က ရဲမျိုးနွယ်အပေါ် မကျေ မနပ်ဖြစ်ကာ ပြဿနာရှာခဲ့ပြီး ကြာပန်းများနှင့် ပတ် သက်သည့် သတင်းများကိုလည်း ထုတ်လွှင့်ခဲ့သည်။
ထို့ပြင် တခြားမျိုးနွယ်စုများကို ခေါ်ယူ၍ ရဲမျိုး နွယ်အား ဖိအားပေးရန်လည်း ပြုလုပ်ခဲ့ကြပြန်သည်။
ရဲမျိုးနွယ်အနေဖြင့် အတော်များများ ရခဲ့သည်ဆို သော်ငြား စုစုပေါင်းအားဖြင့် မှင်ရောင်အားဖြည့် ကြာ ပန်း လေးငါးဆယ်မျှသာ ဖြစ်သည်။
သို့သော် လီမျိုးနွယ်ကမူ ရဲမျိုးနွယ်၌ ရာနှင့်ချီ၍ကို ရှိနေမည်ဟု လူအများ ယုံကြည်အောင် ပြုလုပ်ခဲ့ကြ သည်။
ထို့ကြောင့် မျိုးနွယ်စုများ အားလုံးမှာ ရဲမျိုးနွယ် အပေါ် မနာလိုမရှုစိမ့် ဖြစ်သွားကြသည်။
ပြီးခဲ့သော နှစ်များအတွင်း မှင်ရောင်အားဖြည့်ကြာ ပန်းများကို စုဆောင်းနိုင်ရန်မှာ ၎င်းတို့အတွက် စိန် ခေါ်မှုကြီး တစ်ခုလိုပင် ဖြစ်လာခဲ့ရသည်။
တိမ်မြူခိုးနန်းတော်ကလည်း ထိုကြာပန်းများကို လိုအပ်နေ၍ မျိုးနွယ်စုများ အားလုံးအဖို့ ဖိအားပေးခံ နေရသည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် အခြားသော မျိုးနွယ်စုများမှ ရဲမျိုးနွယ် ၌ ကြာပန်းများ ရာနှင့်ချီ ရှိနေသည်ကို သိသောအခါ ၎င်းတို့အနက် တစ်ဦးမှ -
“ဒီရက်တွေထဲမှာ အားလုံး ခက်ခဲခဲ့ကြတယ် . . .”
“ရာနှင့်ချီတဲ့ ကြာပန်းတွေ မပြောနဲ့ ဆယ်ဂဏာန်း လောက်နဲ့တင် သူတို့အားလုံးကို သတ်ဖြတ်ပစ်နိုင်တဲ့ အထိ တန်ဖိုးရှိတယ် . . .”
ထိုသို့ဖြင့် မျိုးနွယ်စုများမှာ ကြာပန်းများ မျှဝေပေး ရန် ရဲမျိုးနွယ်အပေါ် ဖိအားပေးရန် ဆုံးဖြတ်ခဲ့ကြလေ သည်။
ရဲမျိုးနွယ်ဘက်မှ အကုန်အစင် မပေးလျှင်ပင် ကျန် မျိုးနွယ်စုများကို တူညီသော ပမာဏ ပေးစေလိုကြ သည်။
၎င်းတို့အဖို့ မည်သည့် မျိုးနွယ်မှ မြင့်တက်သွားကြ မည်ကို မလိုလားကြ၊ လက်မခံနိုင်ကြပေ။
သို့မှသာ အားလုံး ညီတူညီမျှ ဖြစ်နိုင်မည် မဟုတ် ပါလား။
လီမျိုးနွယ်မှ လူများထံတွင်လည်း ထိုကဲ့သို့သော အတွေးမျိုးသာ ရှိနေကြသည်။
(ရဲမျိုးနွယ်က တိမ်မြူခိုးနန်းတော်ရဲ့ အထောက် အပံ့နဲ့ မြင့်မားသွားရင် ငါတို့ကို တစ်သက်လုံး ဖိနှိပ် သွားလိမ့်မယ် . . .)
(အဲဒီလိုသာဆိုရင် သူတို့အထက်မှာ ဘယ်သူမှ ရှိ တော့မှာ မဟုတ်ဘူး၊ ငါတို့တော့ ဒုက္ခပဲ . . .)
ထိုအတွေးကြောင့်သာ ရဲမျိုးနွယ်အား ကြာပန်း များ မျှဝေပေးရန်အတွက် ဖိအားပေးရန် မျိုးနွယ်စုများ တိုင်ပင်ခဲ့ကြခြင်းပင်။
ရဲမျိုးနွယ်အနေဖြင့် မည်သည့်နည်းနှင့် ဖြစ်နေပါ စေ အခြားရွေးချယ်စရာ မရှိဘဲ အရှုံးကိုသာ ရွေးချယ် ရတော့မည် ဖြစ်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now