1077----1078

130 15 1
                                    

အခန်း (၁၀၇၇)(စာစဉ် ၇၇- အပိုင်း ၁၃)

“အံ့ဩဖွယ်ကောင်းသောည”

ဟန်ပိုင်ယွဲ့မှာလည်း သူ့အတွေးနှင့်သူ ဖြစ်၏။

ရဲရှောင် ပေးခဲ့သည့် ဆေးလုံးများက သူ့အတွက် လည်း အသုံးမဝင်လှ၍ အလေးခံ၍ မသယ်လိုတော့ သဖြင့် ပေးပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

စက္ကန့်ပိုင်းအတွင်းမှာပင် စားပွဲပေါ်၌ ဆေးပုလင်း လေးငါးလုံးခန့် ပေါ်လာလေသည်။

အဘိုးကြီးရဲမှာမူ ထိုပုလင်းများကို ကြည့်ရင်း မျက် လုံးများ ပြူးကျယ်လျက်သာ ရှိနေသည်။

(ငါ့မြေးရဲ့ မိတ်ဆွေက အတော်လေးကို ရက်ရော တာပါလား . . .)

(မဟုတ်သေးဘူး ဒါကြီးက ရက်ရောတာထက်ကို ကျော်သွားပြီ . . .)

(ဒီလိုပစ္စည်းတွေ ရနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ချင်း ရန်နယ်ပယ်မှာ ဒါမျိုးတွေကို ဘယ်သူမှတောင် မြင်ဖူး ကြမယ် မထင်ဘူး . . .)

(ဒါပေမယ့် သူက ဘာလို့ ပေါပေါလောလောကို ထုတ်ပေးနိုင်နေရတာလဲ . . .)

(ငါငါအိပ်မက် မက်နေတာများလား . . .)

ရဲနန်ရှန်မှာလည်း နားမလည်နိုင်အောင် ဖြစ်နေမိ သည်။

သားဖြစ်သူက ထိုဆေးလုံးများအားလုံးကို ပေးခိုင်း ခဲ့ခြင်းလော သို့မဟုတ် ယခုလူက တကယ့် ဆေးပညာ ရှင် ဖြစ်နေပါသည်လော။

ထိုအချက်များကို တွေးရင်းဖြင့် ရဲနန်ရှန်မှာ စိတ် ရှုပ်လာမိလေသည်။

ယခင်က လျှို့ဝှက်ဆန်းကျယ်သည့် လူမှ သားဖြစ် သူအား တိတ်တဆိတ် ကူညီပေးနေသည်ဟုသာ သူ့ စိတ်ထဲ ထင်မှတ်မိခဲ့သည်။

ထိုအတိုင်းဆိုလျှင် ဟန်ပိုင်ယွဲ့က ထိုလူပင် ဖြစ်နိုင် ပါသည်လော။

(အင်း ဒီလူမှာက တန်ဖိုးရှိတဲ့ ရတနာတွေ အများ ကြီး ရှိနေတာပဲ . . .)

(ဒါပေမယ့် အင်အားကြီးတဲ့ လူတစ်ယောက်ရဲ့ ပုံစံ မျိုးနဲ့လည်း မတူဘူး . . .)

(သူက ဒါမျိုးတွေ မလိုအပ်လောက်အောင် အစွမ်း ထက်နေတဲ့ ပညာရှင်များ ဖြစ်နိုင်မလား . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now