1027---1031

136 14 1
                                    

အခန်း (၁၀၂၇)(စာစဉ် ၇၄- အပိုင်း၅)

“အပြန်အလှန် ပုတ်ခတ်ပြောဆိုခြင်း”

ရဲရှောင် အတွေးနယ်ချဲ့နေမိသည်။
လီဇိဟိုနှင့် ရဲရှန်ချန်တို့၏ အတွေး၌မူ ရဲရှောင် ကြောက်ရွံ့နေခြင်းသာ ဖြစ်မည်ဟု ထင်မိလိုက်သည်။
ရဲရှောင်လို လူငယ်လေးက ၎င်းတို့၏ လူများကို အဘယ့်ကြောင့် မကြောက်ရွံ့ဘဲ နေပါမည်နည်း။
သူတို့ စေလွှတ်လိုက်သည့် လူများကို အတော်ဆုံး လူများဟုသာ သတ်မှတ်ထားသည် မဟုတ်ပါလား။
. . .

ရဲရှောင်နှင့် ဟန်ပိုင်ယွဲ့တို့ နှစ်ဦးမှာ ရှေ့ဆုံးမှနေ၍ ပျင်းရိငြီးငွေ့ဟန်ဖြင့် လျှောက်လျက် ရှိသည်။
သူတို့၏ နောက်တွင်မူ မျိုးနွယ်စုနှစ်ခုမှ လူ ၂၀ မှာ လိုက်ပါလာကြသည်။
ရဲရှန်ချန်နှင့် လီဇိဟိုတို့မှာမူ ကျန်ရစ်ခဲ့ပြီး ထွက်ခွာ သွားသည့် လူများကိုသာ လှမ်း၍ ကြည့်နေကြသည်။
လူ ၂၂ ယောက်တို့မှာ တောင်ကြီး အတွင်းသို့ တိုး ဝင်ပြီး ပျောက်ကွယ်သွားကြတော့သည်။
စင်စစ် ၎င်းတို့မှာ ပုံရိပ်ယောင် အစီရင် အတွင်းသို့ ဝင်ရောက်သွားခြင်းသာ ဖြစ်သည်။
လီမျိုးနွယ်မှ အဘိုးကြီး တစ်ဦးမှာ ရဲရှန်ချန်အား လှမ်းကြည့်လိုက်ပြီး -
“အဘိုးကြီးရဲ . . .”
ရဲရှန်ချန်က -
“အင်း ကောင်လေး ပြောလေ ဘာလဲ . . .”
ခေါ်လိုက်သည့် အဘိုးကြီးမှာ ဒေါသထွက်သွား လေသည်။
“သေစမ်း . . .”
“ငါ့ကို ဒီလို ပြောပြန်ပြီလား . . .”
ထိုစကားကြောင့် ရဲရှန်ချန် ဆွံ့အသွား၏။
အဘိုးကြီးလည်း သက်ပြင်းရှည်ကြီး ချလိုက်ပြီး နောက် သူဆက်ပြောမည့် အရာကို သတိပြန်ရသွား ဟန်ဖြင့် -
“ငါကြားရသလောက် မင်းတို့ရဲ့ မြေးလေး ရဲနန်ရှန် ပြန်ရောက်လာပြီဆို . . .”
ရဲရှန်ချန်၏ မျက်နှာ ကွက်ခနဲ ပျက်သွားသည်။
“အပိုတွေ လာပြောမနေနဲ့ . . .”
“အဲဒါ ဘာဖြစ်လို့လဲ . . .”
“သနားစရာပဲ အဘိုးကြီးရဲ မင်းတို့ရဲ့ မြေးလေးက လူကောင်းလေးပါ . . .”
“တကယ်တော့ မင်းတို့ သူ့ကို . . .”
အဘိုးကြီးက မည်သည့် စကား ပြောချင်နေမှန်းကို သိ၍ စကားမဆုံးသေးခင်မှာပင် ရဲရှန်ချန်က ပြေးထိုး လိုက်သည်။
အဘိုးကြီးကလည်း ထိုသို့ ဖြစ်မည်ကို ကြိုတင်ပြင် ဆင်ထားပုံပါပင်။
“ဘုန်း . . .”
ရဲရှန်ချန်၏ ထိုးချက်ကို ကာကွယ်လိုက်ပြီး သူ၏ ခြေထောက်ဖြင့် လှမ်းကန်လိုက်သည်။
ထိုသို့ဖြင့် အဘိုးကြီး နှစ်ဦးမှာ စတင်၍ တိုက်ခိုက် ကြတော့သည်။
မျိုးနွယ်စု နှစ်စုမှ ကျန်လူများမှာမူ ထိုရန်ပွဲက ၎င်း တို့နှင့် မဆိုင်သလိုပင် လျစ်လျူရှုထားလိုက်ကြ၏။
တကယ်တမ်းတွင် အဘိုးကြီးနှစ်ဦးထံ၌ ထူးဆန်း သည့် ဆက်သွယ်မှုမျိုး ရှိကြောင်း သူတို့အားလုံး သိ နေကြ၍ ဖြစ်သည်။
ထိုအဘိုးကြီး နှစ်ဦးမှာ လွန်ခဲ့သော နှစ်ပေါင်းရာချီ ကတည်းက ရန်သူတော်များအဖြစ် အချင်းချင်း သတ် မှတ်ထားကြသည်။
ရန်စမှာ ငယ်ရွယ်စဉ်မှစ ရှိခဲ့၍ ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ဖူးကြပြီး ယခုချိန်ထိတိုင်အောင် တိုက်ခိုက် နေကြတုန်းပါပင်။
မျက်နှာချင်း မဆိုင်လိုက်နှင့် ဆိုင်လိုက်သည်နှင့် စတင်၍ တိုက်ခိုက်ခဲ့ချည်းသာ။
ကြာလာသည်နှင့် ရိုးအီလာသည်ထင်၊ လူအများစု ၏ အမြင်၌ အဘိုးကြီးနှစ်ဦးကို သိုင်းပညာဖလှယ်နေ သည်ဟုသာ ထင်မှတ်လာကြတော့သည်။
၎င်းတို့ထံ၌ သတ်ဖြတ်နိုင်သည့် အခွင့်အရေး ရှိလျှင်ပင် သတ်ဖြတ်ကြမည် မဟုတ်ချေ။
သို့သော် အမုန်းတရားများကမူ တဖြည်းဖြည်း အမြစ်တွယ်သထက် တွယ်လာခဲ့လေသည်။
မည်မျှထိဆိုလျှင် တစ်ယောက်သေမည့် အချိန်ကို ပင် တစ်ယောက်က စောင့်မျှော်နေခြင်း ဖြစ်သည်။
မျိုးနွယ်စု နှစ်ခုတွင် ရဲရှန်ချန်က အစွမ်းထက်ဆုံး ဖြစ်သော်လည်း လီမျိုးနွယ်မှ အဘိုးကြီးထက် အနည်း ငယ်သာ သာလွန်နေသည်။
ထို့ကြောင့် ရဲရှန်ချန်ဘက်မှ အဘိုးကြီးကို သတ်နိုင် ရန်မှာ ပြီးပြည့်စုံသော အစီအစဉ်များ ပြုလုပ်နိုင်မှသာ ရလိမ့်မည်။
ယခု အခြေအနေ အတိုင်းဖြင့် အနိုင်ယူနိုင်မည် မဟုတ်မှန်း သူ့ကိုယ်သူ သိနေပါတော့သည်။
. . .
ရဲရှောင်လည်း နောက်၌ မည်သည့် အရာများ ဖြစ် ပျက်နေသည်ကိုမူ မသိတော့ချေ။
အကယ်၍ သိနေလည်း သူ့အဖို့ စိတ်ဝင်စားလိမ့် မဟုတ်ပေ။
တဖြည်းဖြည်းဖြင့် ရဲရှောင်တို့မှာ မြူခိုးများဖုံးလွှမ်း နေသည့် နေရာသို့ ရောက်လာကြသည်။
“ဒါက ကောင်းကင် ရတနာတောင်ရဲ့ ပထမ အလွှာပဲ . . .”
ရှေ့မှ ဦးဆောင်သွားနေသည့် လီမျိုးနွယ်မှ လူများ မှာ မြူခိုးများအတွင်း လမ်းကို မြင်နေရသည့်အလား လျင်မြန်စွာပင် သွားနေသည်။
ထိုလူများက ယခုနေရာနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိနေ သည့် ပုံပင်။
“ပထမ အလွှာမှာ ဘာမှ မရှိဘူး . . .”
“မြက်တစ်ပင်တောင် မရှိဘူးလေ . . .”
“အရင်တုန်းကတော့ ဒီနေရာမှာ ဆေးပင်တွေ ရှိခဲ့ တာပေါ့၊ ကြာလာတာနဲ့အမျှ ပြောင်သလင်းခါပြီး ဘာ မှကို မရှိတော့ဘူး . . .”
ရဲမျိုးနွယ်မှ သက်လတ်ပိုင်းအရွယ် လူတစ်ဦးမှ အေးစက်စက်‌ ပြောလိုက်၏။
လီမျိုးနွယ်မှ လူတစ်ဦးမှ ချောင်းဟန့်လိုက်ရင်း -
“ဒီနေရာနဲ့ မလှမ်းမကမ်းမှာ တဖြည်းဖြည်းနဲ့ မြူ ခိုးတွေ ပါးသွားလိမ့်မယ် . . .”
“အဲဒီနေရာက ဒုတိယ အလွှာပဲ၊ အဲဒီနေရာမှာ တော့ ပစ္စည်းအချို့ ရှိတတ်တယ် . . .”
“ပထမအလွှာနဲ့ ဒုတိယအလွှာရဲ့ အမြင့်က ပေ  တစ်သောင်းခွဲလောက်ပဲ . . .”
ရဲမျိုးနွယ် အုပ်စုမှ ခေါင်းဆောင်ဖြစ်သူကလည်း -
“ဘယ်လိုလုပ် မနီးမဝေးရမှာလဲ . . .”
“အနည်းဆုံးတော့ အပေါ်ကို တက်ရမှာ ခြေလှမ်း ပေါင်း ၂၀၀၀ လောက်ပဲ မဟုတ်ဘူးလား . . .”
“တကယ်တော့ အပေါ်ကို တက်ရမှာ ခြေလှမ်း ၂၀၀၀၊ မြေပြန့်ကို လျှောက်ရမှာ ခြေလှမ်း ၃၀၀၀ နဲ့ နောက်ထပ် အပေါ်ကို ထပ်တက်ရမှာ ခြေလှမ်းပေါင်း ၈၀၀ လေ . . .”
“အဲဒီလိုနှုန်းနဲ့ သွားမှ ဒုတိယအလွှာကို ရောက်မှာ၊ ပေ တစ်သောင်းခွဲလောက်ပဲ မြင့်တာ မဟုတ်ဘူး အတိ အကျဆိုရင် ပေပေါင်း ၁၇၁၀၀ လောက်ကို မြင့်တာ”
လီမျိုးနွယ်စုက လူလည်း မကျေမချမ်းဖြစ်သွား ကာ -
“ရဲရှန်စင် . . .”
“မင်းက ငါ့ကို သိပ်ရန်လိုနေတာလား . . .”
“ငါ့ကို တစ်ချိန်လုံးပဲ အတိုက်အခံ ပြောနေတာ၊ ဘာလဲ မင်းပျင်းနေလို့လား . . .”
ရဲမျိုးနွယ်မှ ရဲရှန်စင်လည်း အေးစက်စက်ဖြင့် -
“မင်းရဲ့ လုပ်ရပ်တွေကို ငါတစ်ခုမှ မကြိုက်ဘူး”
“မသိရင် မင်းကပဲ ဒီနေရာကြီးရဲ့ တစ်လက်မကျန် သိတဲ့ပုံနဲ့ ပြောနေတာလေ . . .”
“အပိုတွေ ထပ်ပြောမနေနဲ့တော့ လီခွန်ရှန် . . .”
“လီမျိုးနွယ်ကပဲ တောင်ရဲ့ ပထမအလွှာကို အပြောင်ရှင်းလိုက်တာ မဟုတ်ဘူးလား . . .”
“အခုဆို မြက်တစ်ပင်မှတောင် မကျန်တော့ဘူး လေ၊ ပထမအလွှာဆိုတာက မင်းတို့ မျိုးနွယ်စုရဲ့ နောက်ကျောလေးတင်ပဲ မဟုတ်ဘူးလား . . .”
ရဲရှန်စင်က အထင်သေးဟန်ဖြင့် ကြည့်ရင်း ပြော လိုက်သည်။
သူ၏ ပုံစံက လီခွန်ရှန်အပေါ် လုံးဝ မနှစ်မြို့သည့် ပုံပင်။
လီခွန်ရှန်လည်း မျက်နှာနီရဲသွားပြီး ဒေါသတကြီး ဖြင့် -
“မင်းဘာကို ဆိုလိုတာလဲ . . .”
“ဘာပဲဖြစ်ဖြစ် ရဲမျိုးနွယ်က လက်နှေးလို့ ခံရတာပဲ လေ၊ မင်းတို့ဆိုရင်လည်း ဒါမျိုး လုပ်မှာပဲ မဟုတ်ဘူး လား၊ အဲဒါတောင် ငါတို့ကို ဘာလို့ အပြစ်လာတင်နေ တာလဲ . . .”
“ဒီနေရာမှာ မှင်ရောင် အားဖြည့် ကြာပန်းတွေ ရှိခဲ့ ဖူးတော့ မြက်ပင်တွေ ကြားထဲမှာလည်း ကြာပန်းရဲ့ အစေ့တွေ ရှိနေနိုင်တယ်လေ . . .”
“ငါတို့က ကြာပန်းရနိုင်တဲ့ နည်းလမ်းမှန်သမျှကို အကုန်ယူလိုက်တဲ့ သဘောပဲ . . .”
“အစေ့ဆိုတာ အပင်ပေါက်ဖို့ သော့ချက်ပဲ မဟုတ် ဘူးလား၊ မင်းဘာမှ မသိသေးပါဘူးကွာ . . .”
ရဲရှန်စင်က အေးစက်စက်ဖြင့် -
“ဪ ဟုတ်လား . . .”
“ငါတို့က အစေ့ရဲ့ အရေးပါပုံကို မသိဘူးပေါ့လေ”
“မင်းတို့တွေ အခု မှင်ရောင်အားဖြည့် ကြာပန်း ဘယ်လောက်များများ စိုက်ပြီးပြီလဲ ပြောစမ်းပါဦး”
“ဧကပေါင်း ၁၂၀၀ လောက်ရှိတဲ့ နေရာမှာ ဘယ် နှစ်ပင်များ စိုက်ပြီးသွားပြီလဲ . . .”
“ငါတို့ကို ဘာမှ မသိဘူးများ ထင်နေတာလား”
“မင်းတို့ လီမျိုးနွယ်က လူတွေက အရူးတွေဆိုတာ ကို ဒီနား ပတ်ချာလည်က အင်အားစုတွေ အကုန်လုံး သိကြတယ် . . .”
လီခွန်ရှန်က ဒေါသတကြီးဖြင့် -
“အရေးမပါလိုက်တာ . . .”
“မင်းက တော်တော်ကို အမြင်မကျယ်တာပဲ . . .”
“စောင့်ကြည့်နေလိုက် အချိန်တစ်ခုပဲ လိုတယ်”
“နောက်ဆုံးမှာ ငါတို့တွေ ကြာပန်းကို ရရလိမ့်မယ် မင်း . . .”
သူ၏ စကားမဆုံးသေးခင်မှာပင် ရဲရှန်စင်က ကြား ဖြတ်လိုက်ပြီး -
“ငါတို့က အမြင်မကျယ်ဘူး ဟုတ်လား . . .”
“ကောင်းပြီ မင်းပြောတာ မှန်တယ်ပဲ ထားလိုက်ပါ တော့ ဒါပေမယ့် ဒုတိယအလွှာက မြက်တွေကိုရော မင်းတို့ ဘာလို့ မယူသွားတာလဲ . . .”
“ဒုတိယအလွှာမှာလည်း အစေ့တွေ ရှိနေနိုင်တာပဲ မဟုတ်ဘူးလား . . .”
လီခွန်ရှန်မှာမူ ဒေါသကြောင့် တရှူးရှူး တရှဲရှဲပင် ဖြစ်နေလေသည်။
ထို့နောက် အံကို တင်းတင်းကြိတ်လိုက်ရင်း -
“ငါတို့ မျိုးနွယ်စုတွေကြားမှာ သဘောတူထားတာ ရှိလို့ ငါချိုးမဖျောက်နိုင်ဘူး . . .”
“အေး တောင်အပြင်ကို ရောက်ရင်တော့ မင်းကို သတ်ပစ်မယ် ရဲရှန်စင် . . .”
“မင်း စောင့်ကြည့်နေလိုက် ခွေးကောင် . . .”
ထိုလူနှစ်ဦး အပြန်အလှန် ပြောနေသည့် စကား များကြောင့် ရဲရှောင် ရယ်ချင်သွားမိသည်။
လီမျိုးနွယ်စုမှ ရူးမိုက်သည့် အကြံအစည် တစ်ခုကို လုပ်ခဲ့မှန်း သူသိသွား၍ပင် ဖြစ်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now