အခန်း (၁၀၅၆)"စိတ်လွတ်သွားသည့် ဟန်ပိုင်ယွဲ့"

133 13 1
                                    

အခန်း (၁၀၅၆)(စာစဉ် ၇၆- အပိုင်း ၆)

“စိတ်လွတ်သွားသည့် ဟန်ပိုင်ယွဲ့”

ဟန်ပိုင်ယွဲ့၏ စိတ်အစဉ်က ပြိုလဲလျက် ရှိသည်။

ထိုခံစားချက်များကလည်း အတုအယောင်မဟုတ်၊ အစစ်အမှန်များသာ ဖြစ်၏။

ရွှမ်ပိုင်လည်း ဟန်ပိုင်ယွဲ့အား ကြည့်ပြီး ခဏမျှ စဉ်းစားပြီးနောက် -

“နှင်းတောင်ပေါ်က အခြေအနေရော ဘယ်လိုလဲ”

ဟန်ပိုင်ယွဲ့က ခေါင်းငုံ့ထားရင်းဖြင့်ပင် -

“ကောင်းပါတယ် . . .”

“ကျုပ်က သိပ်ပြီး အာရုံမစိုက်ဘူး . . .”

“အေးရော အေးလား . . .”

“အေးလား ဟုတ်လား ကျုပ်က ဘယ်လိုလုပ်ပြီး အေးတာကို ခံစားမိမှာလဲ . . .”

“ကျုပ်က ခင်ဗျားထက် အားနည်းပေမယ့် ကျုပ် လည်း ထိပ်တန်းပညာရှင် တစ်ယောက်ပဲလေ . . .”

“အင်း ရှင်က နှင်းတောင်ပေါ်က ဆင်းလာပြီး က တည်းက လူတွေ အများကြီး သတ်ခဲ့တယ်နော်၊ အဲ ဒါဘာဖြစ်လို့လဲ . . .”

“အဟမ့် . . .”

“ရှင်က ရှောင်ဧကရာဇ်အတွက် ကလဲ့စားချေဖို့ ကြိုးစားနေတာမလား . . .”

“ဒါပေါ့ . . .”

“လူတိုင်း ဒီအကြောင်းကို သိတာပဲလေ . . .”

“ဒါဆို မကြာသေးခင်က ဂိုဏ်းသုံးခုက လူတွေကို လုပ်ကြံသတ်ဖြတ်နေတဲ့ အရိပ်မဲ့ဆိုတာ ရှင်ပဲလား”

ရွှမ်ပိုင် မထူးမခြားနားသည့် ဟန်မျိုးဖြင့် မေးလိုက် ၏။

“ဘာ . . .”

ဟန်ပိုင်ယွဲ့မှာမူ အံ့ဩသွားလေသည်။

ရွှမ်ပိုင်၏ စကားအသွားအလာကိုလည်း နားလည် လိုက်သည်။

အရိပ်မဲ့က ဂိုဏ်းသုံးခုက လူများကို သတ်ဖြတ်ရင်း ရှောင်ဧကရာဇ်အတွက် ကလဲ့စား ချေပေးခဲ့သည်မှာ မှန်ပေသည်။

သို့သော် ထိုအချက်က သူ၏ လျှို့ဝှက်ချက်ဖြစ်၍ ကျန်လူများအဖို့ အရိပ်မဲ့ဆိုသည်က ဟန်ပိုင်ယွဲ့ ဖြစ် နိုင်ကြောင်း ခန့်မှန်းချက်သာ ထုတ်နိုင်ကြသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now