Chapter (933)"မီးအပ် . . ."

140 14 0
                                    

Chapter (933)(စာစဉ် ၆၇- အပိုင်း၉)

“မီးအပ် . . .”

လင်းယုန်ကြီးက အစွမ်း အလွန်ထက်သော သားရဲ တစ်ကောင်ပါပင်။

၎င်း၏ အစွမ်းကို နှိုင်းယှဉ်ပြရပါက ရှောင်ဧကရာဇ် ပင် ယှဉ်နိုင်လိမ့်မည် မဟုတ်ပါ။

သို့သော် ယခုအခါတွင် ကလေးငယ် တစ်ဦးနှင့်ပင် တူနေပါသေးသည်။

ခဏအကြာတွင် အားဟူ၏ ပြောချက်အရ ၁၇နှစ် သား အရွယ် ရှိပြီဖြစ်ကြောင်း သိလိုက်ရသည်။

သာမန် လင်းယုန်များအတွက်မူ ထိုအသက်အပိုင်း အခြားက လင်းယုန်အိုကြီးဟုပင် ဆိုနိုင်သည်။

သို့သော် ရွှေလင်းယုန်ကြီးမှာမူ ထူးခြားသော မျိုးစိတ်ဖြစ်၍ အရွယ်ရောက်သည်က နှေးသည်။

ထို့ကြောင့် သားပေါက် အရွယ်ထက် အနည်းငယ် ခန့်သာ ကြီးပြီး မရင့်ကျက်သေးသည့် လင်းယုန် တစ်ကောင်ဟု ဆိုနိုင်သည်။

အစစ အရာရာတွင်လည်း တုံးအ၍ ကလေးငယ် တစ်ဦးလို ဖြစ်နေလေသည်။

ရဲရှောင်က ဆေးလုံးများကို သုံး၍ လင်းယုန်ကြီး ကို အနိုင်ပိုင်းနိုင်ခဲ့သည်။

အကယ်၍ အရွယ်ရောက်ပြီးသား လင်းယုန်သာ ဆိုပါက ထိုသို့ လုပ်၍ မရနိုင်။

ရဲရှောင်ကို သတ်ဖြတ်ပြီး ဆေးလုံးများကို ယူသွား မည်မှာ မလွဲဧကန်ပင် ဖြစ်တော့သည်။
. . .

ယခုအခါတွင် လင်းယုန်ကြီးနှင့် နားလည်မှု ရကာ အဆင်ပြေနေကြချေပြီ။

လင်းယုန်ကြီးက ခေါင်းကို ရဲရှောင်၏ လက်ဖြင့် ထိပြီး ဆေးလုံးများကို တောင်းနေသည်။

မိတ်ဆွေတစ်ဦးထံမှ လက်ဆောင်တောင်းနေသည့် ဟန်မျိုးနှင့်ပင် တူနေပါသေးသည်။

ထို့နောက် ရဲရှောင်ကို ၎င်း၏ အသိုက်ရှိရာသို့ ဆွဲခေါ်သွားနေပြန်သည်။

ရဲရှောင်လည်း မလွန်ဆန်တော့ဘဲ လိုက်ပါသွား တော့သည်။

အတန်ကြာ လျှောက်လာပြီးနောက် ရေခဲတောင် ကြီးပေါ်တွင် စီးဆင်းနေသော စမ်းချောင်း တစ်ခုကို မြင်လိုက်ရသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now