Chapter (894)"မြင်းများ၏ ဘုရင်"

167 16 0
                                    

Chapter (894)(စာစဉ် ၆၄- အပိုင်း၁၂)

“မြင်းများ၏ ဘုရင်”

ဂွမ်လင်းရှောင်က ရဲရှောင်ကို အထိတ်တလန့်ဖြင့် ဝင်တားလိုက်ရင်း -

“ကောင်လေး . . .”

“မင်းစိတ်လွတ်သွားပြီလား . . .”

“အန္တရာယ်ဆိုတာ ဘာလဲ မင်းမသိဘူးလား၊ မင်း ငါတို့နဲ့ လိုက်ရင် ပြန်ထွက်ပြေးလို့ မရဘူး . . .”

ခေါင်းဆောင်ဖြစ်သူကမူ မျက်လုံးများ အရောင် တဖိတ်ဖိတ် တောက်နေရင်းဖြင့် -

“မင်းက ဆေးလုပ်တတ်တယ်ပေါ့ . . .”

“မင်းက သမားတော်လား ဒါမှမဟုတ် ဆေးပညာ ရှင်လား . . .”

ရဲရှောင်က ခေါင်းညိတ်လိုက်ပြီး -

“နှစ်ခုလုံး ကျုပ်သိပါတယ် . . .”

“ခင်ဗျားတို့က အခုချိန်မှာ ကောက်ရိုးတစ်မျှင်ကို တောင် ဆွဲထားချင်နေတဲ့ လူမျိုးတွေဆိုတော့ ကျုပ်ကို ခေါ်သွားလည်း မမှားပါဘူး . . .”

“ဟုတ်တယ် အမှန်ပဲ . . .”

“အဲဒါဆိုလည်း ငါတို့နဲ့ လိုက်ခဲ့ပေါ့ . . .”

“မင်းသာ တကယ်ကူညီနိုင်မယ်ဆိုရင် ငါတို့က မင်းကို တစ်သက်လုံး အမှတ်ရနေမှာပါ. . .”

ထိုသို့ ပြောလိုက်သည့်တိုင် ခေါင်းဆောင်ဖြစ်သူ၏ စိတ်ထဲတွင် အပြည့်အဝတော့ မယုံရဲသေးပါ။

စင်စစ် ရဲရှောင်က ငယ်လွန်းနေ၍ ဖြစ်သည်။

(သူက ဘာများ သိမှာလဲ . . .)

(သူက သိပ်ငယ်လွန်းသေးတယ် . . .)

(ဆယ်ကျော်သက်တွေရဲ့ ပြဿနာက ကိုယ့်ကိုယ် ကိုယ် ဘဝင်မြင့်ကြတာပဲ . . .)

(သူက ဆေးပညာရဲ့ အကြောင်းကို သိရုံပဲ သိမယ် ထင်ပါတယ် . . .)

(ဘာပဲဖြစ်ဖြစ် သူပြောတာလည်း မှန်ပါတယ်လေ ငါတို့က ဒီအချိန်မှာ ကောက်ရိုးတစ်မျှင်ကိုတောင် ဖက် တွယ်သင့် ဖက်တွယ် ထားရမှာပဲ . . .)

(သခင်လေးကလည်း အချိန်မရွေး သေသွားနိုင် တယ်၊ အခုက နောက်ဆုံး အခြေအနေပဲ၊ အဲဒီတော့ တတ်နိုင်သမျှ ငါလုပ်နိုင်တာ အကုန်လုပ်ရမယ် . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now