Chapter (912)"ဖရိုဖရဲ ဝိညာဉ်တိမ်တိုက်"

168 17 0
                                    

Chapter (912)(စာစဉ် ၆၆ - အပိုင်း၂)

“ဖရိုဖရဲ ဝိညာဉ်တိမ်တိုက်”

နောက်ဆုံးတွင် အမှန်တရားကို အားဟူ သဘော ပေါက်သွားသည်။

သခင်အပေါ် ဒေါသမည်မျှ ထွက်နေပါစေ သူ့အဖို့ မထူးခြားနိုင်။

ထို့ကြောင့် စိတ်လျှော့ရန်သာ ဆုံးဖြတ်လိုက်ပြီး သူသိသမျှကို ပြောပြလိုက်တော့သည်။

အားဟူနှင့် အချိန်ကြာမြင့်စွာ နေခဲ့သော ရဲရှောင် အတွက် နားလည်ရန်က အချိန်များစွာမလို။

ခဏလေး အတွင်းမှာပင် အားဟူ ရှင်းပြသမျှကို သဘောပေါက်သွားတော့သည်။

ကိစ္စတစ်ခုကို မသိခင်သာ ခက်ခဲသည်ဟု ထင်မြင် တတ်ကြသည်က သဘာဝပင် မဟုတ်ပါလား။

တိမ်တိုက်များနှင့် ပတ်သက်လျှင် ရဲရှောင်က ဘာမှမသိသည့်တိုင် အားဟူကမူ ဆရာတစ်ဆူ ဖြစ်နေ သည်။

အနီရောင်နှင့် အဖြူရောင် တိမ်တိုက်များ၏ လျှို့ဝှက်ချက်ကို အားဟူက အခြေခံကျကျ အဖြေ ထုတ်လိုက်နိုင်ပုံပင်။

“ဒါက ကောင်းကင်ဝိညာဉ် စွမ်းအားပဲ . . .”

“တော်တော်ကြီးကို ရှားတယ်လို့ ပြောရမယ် . . .”

“နောက်ပြီး ဒီနေရာက လူသားတွေရဲ့ စိတ် ဝိညာဉ်ကို သက်ရောက်မှုရှိတဲ့ လူသားကမ္ဘာရဲ့ ငရဲ တစ်ခုပေါ့ . . .”

“စိတ်ဝိညာဉ်တွေကို ကြံ့ခိုင်အောင် ဘာလေ့ကျင့်မှု မှ မလုပ်ထားတဲ့ မူလတာအို အဆင့်အောက်မှာရှိတဲ့ လူတွေဆိုရင် သူတို့ရဲ့ စိတ်ဝိညာဉ်တွေက တစစီကို ဖြစ်သွားမှာ . . .”

“အဲဒီလို ဖြစ်လို့ကတော့ တစ်ချို့ဆိုရင် ချက်ချင်း တောင် သေသွားနိုင်တယ် . . .”

“မူလတာအို အဆင့်ရှိတဲ့ ပညာရှင်တွေက သာမန် လူတွေထက် စိတ်ဝိညာဉ် ပိုပြီး ကြံ့ခိုင်ကြတယ် . . .”

“ဒါပေမယ့် ဒီလို စွမ်းအားတွေကိုတော့ သူတို့ မခုခံ နိုင်ကြဘူး . . .”

“တိမ်တိုက်တွေရဲ့ အလယ်နဲ့ နီးလာလေလေ ဒီစွမ်းအင်တွေကို ပိုပြီး ခံစားရလေလေ ဖြစ်လာမှာပဲ”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now