Chapter (889)"သိုင်းလောကကြီးက ကောင်းတယ်"

175 17 0
                                    

Chapter (889)(စာစဉ် ၆၄- အပိုင်း ၇)

“သိုင်းလောကကြီးက ကောင်းတယ်”

“လူတိုင်းက သိုင်းလောကကြီးကို ကောင်းတယ် လို့ ပြောကြတယ်၊ ဒါပေမယ့် ဘယ်နားက ကောင်းတာ လဲ။ ဘယ်သူကရော အဲဒီလို ပြောခဲ့တာလဲ . . .”

“အဲဒီ ကောင်းတယ်ဆိုတဲ့ အရာကို ဘယ်နား ဘယ်လို သွားရှာရမလဲ . . .”

“တောင်တွေပေါ်မှာလား၊ တောတွေထဲမှာလား၊ မြစ်တွေထဲမှာလား . . .”

“လူငယ်တွေကလည်း သိုင်းလောကကို ကောင်း တယ်လို့ ပြောကြတယ်၊ ဒါဆို သူတို့ထဲက ဘယ်နှစ် ယောက်လောက်ကများ ရင့်ကျက်သွားကြသလဲ . . .”

“လူတစ်ယောက်က ဓားတစ်ချောင်းနဲ့ အရာရာကို ဖြေရှင်းနိုင်တယ်လို့ ပြောကြတယ် . . .”

“အဲဒီဓားကရော သွေးဘယ်လောက် များများကို သောက်ခဲ့ပြီးသွားပြီလဲ . . .”

“သူရဲကောင်းတွေရဲ့ ဘေးမှာ မိန်းမလှလေးတွေ ရှိတတ်ကြတယ် . . .”

“ဒါပေမယ့် ဘယ်သူက စုန်းမ ဘယ်သူက မိန်းမလှ အစစ်ဆိုတာကို ဘယ်လိုသိနိုင်မှာလဲ . . .”

“လူတွေက ပြောကြတယ် သိုင်းလောကကြီးက သိပ်ကောင်းတယ်တဲ့ . . .”

“အဲဒါဆို အချစ်နဲ့ အမုန်းအကြောင်းကိုရော သူတို့ ဘယ်လောက်များများ သင်ယူနိုင်ပြီးပြီလဲ . . .”

“ငယ်ရွယ်စဉ်ကနေ ကြီးလာတဲ့အထိ ဒဏ္ဍာရီလာ အမျိုးမျိုးကို ကြားဖူးကြတယ် . . .”

“ဒါပေမယ့် သူရဲကောင်းတွေနဲ့ မိန်းမလှလေးတွေ သိုင်းလောကထဲ မြှပ်နှံခံရတဲ့ အကြောင်းကိုရော ဘယ်သူများ ကြားဖူးကြသလဲ . . .”

“သိုင်းလောက သွားရာ လမ်းမှာ အရိုးတွေ၊ အုတ်ဂူတွေဆိုတာ ပြည့်နှက်နေတယ် . . .”

“အဲဒီလို နေရာမှာ လူငယ်ဘယ်နှစ်ယောက်ရဲ့ အိပ်မက်တွေ မြှပ်နှံခံခဲ့ရပြီးပြီလဲ . . .”

“သိုင်းလောကကြီးက ကောင်းတယ် . . .”

“သိုင်းလောကကြီးက အံ့ဩဖို့ကောင်းတယ် . . .”

“အဲဒီစကားက မှန်ပေမယ့် လူငယ်တွေအနေနဲ့ အချိန်တန်ရင် ဒီလောကထဲက ထွက်ခွာသင့်တယ်”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now