အခန်း (၉၆၃)"အထင်နှင့် အမြင်"

129 16 0
                                    

အခန်း (၉၆၃)(စာစဉ် ၆၉- အပိုင်း၁၁)

“အထင်နှင့် အမြင်”

ယောက်ျားနှစ်ဦးနှင့် မိန်းကလေးတစ်ဦး အတူတူ ခရီးသွားနေသည်မှာ ထူးဆန်းသည့် မြင်ကွင်းတစ်ခု ပင်။

ရဲရှောင်၏ စိတ်ထဲ ရွှမ်ပိုင် မည်သည့်အရာလိုချင် နေသည်ကို လမ်းတစ်လျှောက်လုံး စဉ်းစားနေမိသည်။

သို့သော် ဟန်ပိုင်ယွဲ့မှာမူ ထိုသို့မဟုတ်။

ရွှမ်ပိုင်မှ သူ့အား သဘောကျနေသည်ဟုသာ တထစ်ချ ယုံကြည်နေခြင်း ဖြစ်သည်။

ရဲရှောင်မှာ ငယ်ရွယ်ချောမောသော လူတစ်ဦး ဖြစ် သော်လည်း သူ၏ အမြင်တွင်မူ ရှောင်ဧကရာဇ်ဟုသာ ထင်မြင်နေမိသည်။

ထို့ပြင် သူ့လိုမျိုး မိန်းကလေးများကို စိတ်ဝင်စား တတ်သည့် ယောက်ျားတစ်ဦး မဟုတ်ကြောင်းလည်း ထင်မှတ်မိလိုက်သည်။

ထို့ကြောင့် ရွှမ်ပိုင်မှ သူ့ကိုသာ သဘောကျနေခြင်း ဖြစ်ကြောင်း ယုံကြည်မိလိုက်ခြင်း ဖြစ်သည်။

ဟန်ပိုင်ယွဲ့အဖို့ ထိုသို့ ထင်မြင်နေမိသည်မှာလည်း အပြစ်မဆိုသာချေ။

ယခင်က အလားတူ အဖြစ်အပျက်များကို ကြုံခဲ့ရ ပြီး အပြင်သို့ သွားချိန်တိုင်းလည်း မိန်းကလေးများမှာ သူ့ကိုသာ ငေးမောကြည့်ခဲ့ကြသည် မဟုတ်ပါလား။

ရဲရှောင်မှာမူ သူနှင့် မတူ၊ မိန်းကလေးများအား နာကျင်အောင်သာ ပြုလုပ်ခဲ့ဖူးသည်။

ထို့ကြောင့် သူ၏ အမြင်တွင် ရဲရှောင်မှာ နှလုံးသား မရှိသည့် အကြင်နာမဲ့သော လူသာ ဖြစ်နေသည်။

ယခုတွင်လည်း ရွှမ်ပိုင်မှ သူ့အား သဘောကျနေ၍ ဂုဏ်ယူမိသည့်တိုင် စိတ်ထဲတွင်မူ ဗျာများနေမိသည်။

(တစ်ခါတစ်လေမှာ ချောမော ခန့်ညားမှုက ဒုက္ခ ဖြစ်စေတတ်တယ် . . .)

(ငါက လက်ထပ်ပြီးသား ဆိုပေမယ့် မိန်းကလေး က ငါ့ကို သဘောကျနေတယ် . . .)

(နောက်ပြီး သူက တကယ့် ထိပ်သီးပညာရှင်ကြီး ဖြစ်နေတယ် . . .)

(ငါ့ဘက်က မစသင့်မှန်း သိပေမယ့် ရင်ထဲမှာတော့ ကျေနပ်နေမိတယ် . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now