Chapter (930)"ဆေးလုံးဖြင့် မျှားခေါ်ခြင်း"

161 19 0
                                    

Chapter (930)(စာစဉ် ၆၇- အပိုင်း၆)
"ဆေးလုံးဖြင့် မျှားခေါ်ခြင်း"

စင်စစ် ရွှေလင်းယုန်ကြီးက ရဲရှောင်၏ လက်ကို ကိုက်လိုက်ခြင်း မဟုတ်ပါ။

ငုံရုံသာ ငုံလိုက်ခြင်း ဖြစ်သည်။

(ဘယ်လို ဖြစ်တာလဲ . . .)

ရဲရှောင် အံ့ဩသွားသည်။

"ဒီကောင်ကြီးက ဘာကို လိုချင်နေတာလဲ . . ."

ထို့နောက် လင်းယုန်ကြီးက ရဲရှောင်၏ လက်ကို ငုံထားရာမှ ပြန်လွှတ်ပေးလိုက်သည်။

တဖန် လက်ဖဝါးကို ဖြန့်ပြီး ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေပြန်သည်။

သူ့အဖို့ နားမလည်နိုင် ဖြစ်နေဟန်ပါပင်။

(ဒီလူ လက်ထဲက စားချင်စရာ အလုံးလေးက ဘယ်ရောက်သွားတာပါလိမ့် . . .)

(ခုနက သူကိုင်ထားတာ ငါမြင်လိုက်ပါတယ် . . .)

(အခုကျ ဘယ်ရောက်သွားတာပါလိမ့် . . .)

(ငါသူ့လက်ကိုပဲ ကိုက်ဖြတ်ပစ်ရမလား . . .)

(မဟုတ်သေးဘူး . . .)

(ကြက်ကို မြင်ရုံနဲ့တော့ ကြက်ဥကို မရနိုင်ဘူး)

(ကိုက်ဖြတ်ပြီးမှ သူ့လက်ထဲ ဘာမှ မရှိဘူးဆိုရင် ဘယ်လို လုပ်မလဲ . . .)

(ငါဘာလုပ်ရင် ကောင်းမလဲ . . .)

(ငါလည်း မသိတော့ဘူး ဒါပေမယ့် သူကတော့ သိမယ် ထင်တယ် . . .)

(အဲဒီ အလုံးလေး ဘယ်ရောက်သွားလဲဆိုတာ သူ တစ်ယောက်တည်းပဲ သိမယ် . . .)

(သူက တမင်ပဲ အလုံးလေးကို ဖွက်ထားတာလား)

ထိုသို့ စဉ်းစားရင်းဖြင့် လင်းယုန်ကြီးက ဒေါသ ထွက်လာပြန်သည်။

ထို့နောက် ရဲရှောင်၏ လက်ကို ကြည့်လိုက်ပြီး အော်ဟစ်လိုက်ပြန်သည်။

"ဂီး ဂီး ဂီး . . ."

ထိုအသံ၏ အဓိပ်ပာယျက -

(ငါ့ကို ပေး . . .)

(ငါ့ကို ပေး . . .)

(ငါ့ကို ပေး . . .)

ရဲရှောင်မှာမူ ရွှေလင်းယုန်ကြီးကို ကြည့်ပြီး နားမလည်နိုင် ဖြစ်နေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now