1089----1090

140 13 2
                                    

အခန်း (၁၀၈၉)(စာစဉ် ၇၈- အပိုင်း ၁၁)

“ထားလိုက်ပါတော့”

ရဲလျန်ချန်၏ အဖေလည်း ထိုမြင်ကွင်းကို မြင်ရ သောအခါ ဒေါသတကြီးဖြင့် ရောက်လာပြီး -

“အသုံးမကျတဲ့ကောင် မင်းပုံမှန် နေလို့မရဘူးလား ဒီလိုမိန်းမဆန်တဲ့ ပစ္စည်းတွေနဲ့ ငါ့ကို‌ ဒေါသတွေထွက် အောင် လုပ်နေတာလား . . .”

“ဘုန်း ဘုန်း ဘုန်း . . .”

ရဲလျန်ချန်လည်း ဖခင်ဖြစ်သူ၏ ရိုက်နှက်မှုကြောင့် ကြောက်လန့်တကြား အော်ဟစ်လိုက်ပါတော့သည်။
. . .

ရဲရှောင်လည်း အဖေဖြစ်သူ၏ စကားအတိုင်း အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။

ထို့နောက် အေးအေးလူလူဖြင့်ပင် စားပွဲပေါ်ရှိ နွေး နေသည့် ရေနွေးခွက်အား ကောက်ယူ၍ သောက်လိုက် သည်။

ထိုစဉ် ဟန်ပိုင်ယွဲ့မှ -

“ဘယ်လိုလဲ ဆရာသမား . . .”

“မင်းစိတ်ထဲ နေလို့ ကောင်းသွားပြီလား . . .”

“ဒါပေါ့ ဒါပေါ့ . . .”

“ငါ ဟန်မဆောင်ချင်တော့ဘူး တခြားနည်းလမ်း လည်း မရှိတော့ဘူးလေ . . .”

ရဲရှောင်မှ သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။

ဟန်ပိုင်ယွဲ့လည်း ခေါင်းညိတ်ထောက်ခံလိုက်ပြီး-

“မှန်တယ် တစ်ခါတည်းနဲ့ အားလုံးအပြတ်ရှင်းပစ် လိုက်တာ အေးတာပဲ . . .”

“သူတို့ရဲ့ ခေါင်းဆောင်ပိုင်းတွေကို သူတို့ဘာသာ ရွေးချယ် တည်ဆောက်ကြပါစေ . . .”

“မင်းနဲ့ ငါကတော့ အေးအေးဆေးဆေး သောက် စားကြတာပေါ့ . . .”

“တကယ်တော့ အဲဒီလို သတ်ဖြတ်ချိန်တုန်းက ငါ့ စိတ်တွေ ငြိမ်းငြိမ်းချမ်းချမ်း ရှိမနေဘူး . . .”

ရဲရှောင်မှ သက်ပြင်းချရင်း ပြောလိုက်သည်။

ဟန်ပိုင်ယွဲ့လည်း ခေါင်းညိတ်၍ နားထောင်နေ လိုက်သည်။

မည်သည့် အခြေအနေတွင်ဖြစ်စေ ရဲရှောင်အဖို့ ရဲ မျိုးနွယ်စုဝင် ဖြစ်သည်ဆိုသည့်အချက်ကို ဝန်ခံရမည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now