Chapter (892)"အနက်ရောင် မဟာမိတ်မြင်းတပ်"

168 17 0
                                    

Chapter (892)(စာစဉ် ၆၄- အပိုင်း ၁၀)

“အနက်ရောင် မဟာမိတ်မြင်းတပ်”

ရဲရှောင်က -

“မဟုတ်ပါဘူးဗျာ . . .”

“ကျုပ်က လူသစ်ဆိုတော့ ဒီမှာ အကူအညီတွေ အများကြီး လိုနေတယ်။ စားဖို့သောက်ဖို့တောင် နေရာ ရှာမတွေ့သေးဘူး . . .”

“အစ်ကိုဂွမ် . . .”

“ကျုပ်လိုတဲ့ အရာအားလုံးကို ခင်ဗျားက သိနေမှာ ပဲလေ၊ အဲဒါကြောင့် ဒီကျောက်တုံးတွေကို ယူသာယူ လိုက်ပါဗျာ . . .”

“ခင်ဗျားက သဘောကောင်းတဲ့ လူပါ . . .”

“ကျုပ်နဲ့ ဝေစားမျှစား လုပ်ပေါ့ ဘယ်လိုလဲ . . .”

ဂွမ်လင်းရှောင်က ခေါင်းညိတ်လိုက်ကာ -

“အင်း ကောင်းပြီ . . .”

“မင်းပြောတာလည်း ဟုတ်တယ် . . .”

“ဒီကျောက်တုံးတွေကို မင်းအတွက် ငါသိမ်းထား ပေးမယ်၊ မင်းငါ့ကို ယုံတယ်မှတ်လား . . .”

“ဒါနဲ့ငါက ဒီဟာတွေ ယူပြီး ထွက်မပြေးဘူးဆိုတာ မင်း ဘယ်လိုသိလဲ . . .”

ရဲရှောင်က အပြုံးဖြင့် -

“အစ်ကိုဂွမ် . . .”

“ဒါတွေက ကျုပ်တို့နှစ်ယောက်ရဲ့ ခင်မင်မှုထက် တန်ဖိုးကြီးနေလို့လား . . .”

“ကျုပ်တို့ ကြိုက်တဲ့ သီချင်းလောက်ရော တန်ဖိုး ကြီးလို့လား . . .”

“ကျုပ်တို့က အခုဆိုရင် ညီအစ်ကိုတွေလိုပဲ ဖြစ် သွားပြီ မဟုတ်ဘူးလား . . .”

ထို့နောက် ဆက်လက်၍ -

“ကောင်းကင်တစ်ဝက်ကိုမှ ကျုပ်မယုံရင် ဒီကမ္ဘာ မှာ ကျုပ်က ဘယ်သူ့ကို ယုံကြည်ရတော့မှာလဲ . . .”

ဂွမ်လင်းရှောင်က ရှက်အမ်းအမ်းဖြင့် -

“စိတ်လျှော့ပါ ကောင်လေးရာ . . .”

“မင်းကိုငါ ထားမသွားပါဘူးကွာ . . .”

ထိုသို့ ပြောရင်း သူ့ရင်ဘတ်ကိုသူ ပုတ်ပြလိုက်ပြန် သည်။

(ဒီလူက တော်တော်ကို ထူးဆန်းတဲ့ လူပဲ . . .)

(စိတ်ဝိညာဉ် ကျောက်တုံးတွေကိုတောင် ယူပြီး ထွက်ပြေးဖို့ စဉ်းစားနေသေးတယ် . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now