အခန်း (၉၉၅)"သတ်ဖြတ်ခြင်း နတ်ဘုရား ပြန်ပေါ်လာခြင်း"

136 13 0
                                    

အခန်း (၉၉၅)(စာစဉ် ၇၂- အပိုင်း ၁)

“သတ်ဖြတ်ခြင်း နတ်ဘုရား ပြန်ပေါ်လာခြင်း”

သက်လတ်ပိုင်း လူ၏ နောက်ရှိ လူများမှာလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်ကြသည်။

အပြင်လူများဘက်မှ အစောင့်သုံးဦးကို သတ်ခဲ့၍ လွန်ကျူးသွားသည်မှာ မှန်သော်လည်း အမှန်တရား မှာ အမှန်တရားသာ ဖြစ်၏။

ထိုလူများဘက်မှ ပြဿနာစရှာခဲ့ခြင်း မဟုတ်ဘဲ ဆောင်မျိုးနွယ်ဘက်မှ ပြဿနာ ရှာခဲ့၍သာ လက်တုန့် ပြန်ခဲ့သည့် သဘောပါပင်။

ထို့ပြင် ဆောင်ဖေ့မှာ ဆောင်ရွှမ်ကို အနိုင်ကျင့်ခဲ့ပါ သေးသည်။

ဆောင်ဖေ့ မည်မျှ နိမ့်ပါးနေပါစေ မျိုးနွယ်တူ ညီ အစ်ကိုများပင် မဟုတ်ပါလား။

ဆောင်မျိုးနွယ်စုမှ လူအချို့မှာ စိတ်မကောင်း ဖြစ် နေရုံမက ရှက်လည်း ရှက်ရွံ့နေမိကြသည်။

ထိုစဉ်မှာပင် ဆောင်ဝုရန်မှ ဒေါသတကြီးဖြင့် -

“ငါက ဘယ်လိုစိတ်နဲ့ အဖြူကို အမဲဖြစ်အောင် ပြန်လုပ်ပေးရမှာလဲ . . .”

“သူတို့က ငါတို့ လူတွေကို သတ်ခဲ့တာ တကယ် အမှန်ပဲလေ၊ နောက်ပြီး ကြည့်ပါဦး ဖေ့အာကိုလည်း လမ်းပေါ်မှာ ဒူးထောက်ခိုင်းထားသေးတယ် . . .”

“အမှန်တရားက အခု ငါတို့ မျက်စိရှေ့မှာပဲ၊ အဲဒါ ကိုကျ မင်းတို့ မမြင်ကြဘူးလား . . .”

“နေစမ်းပါဦး မင်းတို့က ဘယ်တုန်းက ဒီလောက် စိတ်ဓာတ် ပျော့ပျောင်းသွားတာလဲ . . .”

“ငါတို့ မျိုးနွယ်စုကို ဒီလောက်ထိ စော်ကားနေတာ ကို ငြိမ်ခံသင့်တယ်လို့ မင်းတို့က ထင်နေတာလား”

ဆောင်ဝုရန်အဖို့ သားဖြစ်သူအား ပါးရိုက်၍ စော် ကားခဲ့သည်ကို မျက်စိနှင့် အတပ်မြင်ခဲ့ရသည်။

ထို့ပြင် သူကိုယ်တိုင်‌ ရောက်လာသည်အထိ တစ် ဖက်လူများမှာ ဆောင်ဖေ့အား လွတ်ပေးခြင်း မရှိသေး ချေ။

ထို့ကြောင့် ထိုမြင်ကွင်းကို ကြည့်ရင်း သူ့ရင်ထဲ၌ နေဆယ်စင်းပမာ ပူလောင်နေရသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now