အခန်း (၉၈၉)"ဆောင်ဂျူ၏ တူ"

131 15 0
                                    

အခန်း (၉၈၉)(စာစဉ် ၇၁- အပိုင်း ၉)

“ဆောင်ဂျူ၏ တူ”

တကယ်တမ်းတွင် ဆောင်မျိုးနွယ် အကြောင်းကို ရဲရှောင် အတွင်းကျကျ မသိသေးချေ။

“ဆောင်ရွှမ် . . .”

“နောက်ဆုံးတော့ မင်းက သတ္တိကောင်းကောင်းနဲ့ ရောက်လာပြီပေါ့ . . .”

ဆောင်ဖေ့မှ ခနဲ့တဲ့တဲ့ ပြုံးရင်း ပြောလိုက်သည်။

သူ၏ ပုံစံမှာလည်း အလွန်မော်ကြွားသည့် ပုံမျိုး ဖြင့် ရှိနေသည်။

“အပြင်က ရောက်လာတဲ့ ဒီလူတွေကို ငါရိုက်နှက် ပစ်တာ မင်းဘေးကနေပဲ ကြည့်နေမယ် ထင်နေတာ၊ အမြီးကုပ်နေမယ်လို့ပဲ ထင်ထားတာလေ ဟားဟား”

“အခုတော့ ကောင်းတယ် ကောင်းတယ် . . .”

“သိပ်ကို ရဲရင့်နေတယ်ပေါ့ ဟုတ်လား . . .”

ဆောင်ဖေ့၏ စကားအရ အခြေအနေကို ရဲရှောင် တို့ သဘောပေါက်သွားကြသည်။

စင်စစ် ဆောင်ဖေ့မှာ ဆောင်ရွှမ်အား ရန်စချင်၍ ယခုကဲ့သို့ လုပ်ခဲ့ခြင်း ဖြစ်သည်။

သူ့လမ်းသူ သွားနေစဉ် ဆောင်ရွှမ်ကို မြင်လိုက်ရ၍ နောက်ပြန်လှည့်ကာ ရဲရှောင်တို့ကို တမင်ရန်လာစခဲ့ ခြင်းပင် ဖြစ်သည်။

ရဲရှောင်တို့ကို တမင် ဆန့်ကျင်လိုသည့် ဆန္ဒမျိုးမူ မရှိချေ။

သို့သော် ထိုသို့သော လုပ်ရပ်ကြောင့် ဆောင်ဖေ့ကို ရဲရှောင်တို့၏ စိတ်ထဲ၌ အလွန်မုန်းတီးမိသွားသည်။

(ဆောင်ရွှမ်ကို ဒေါသထွက်စေချင်ရင်လည်း သူ့ကို တိုက်ရိုက်သွားလုပ်ပါလား . . .)

(ဘာလို့ အပြစ်မရှိတဲ့ လူတွေကို ဒါမျိုး လာလုပ် နေရတာလဲ . . .)

(ငါတို့ ဖြစ်နေလို့သာပေါ့ တခြား လူတွေသာဆိုရင် မင်းအနိုင်ကျင့်သမျှ ခံနေရလောက်ပြီ . . .)

ရဲရှောင်မှာ တွေးရင်း သက်ပြင်းသာ ချလိုက်သည်။

(အခုတော့ မင်း အကြီးအကျယ်ကို ကံဆိုးသွားပြီ)

တကယ်တမ်းတွင်လည်း ဆောင်ဖေ့အဖို့ အလွန် အမင်း ကံဆိုးသွားသည်ဟု ဆိုနိုင်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now