1023---1026

146 14 1
                                    

အခန်း (၁၀၂၃)(စာစဉ် ၇၄- အပိုင်း ၁)

“ရဲမျိုးနွယ်၏ အကြီးအကဲ”

ရွှမ်ပိုင်ဆိုသည့် ပညာရှင်ကြီးမှာ လူများ မှန်းဆနိုင် သည်ထက်ပင် ပိုမို စွမ်းအားကြီးသည်။

သူမ၏ ကြွယ်ဝသည့် အတွေ့အကြုံနှင့် သိမ်မွေ့ နက်နဲသည့် အတွေးအမြင်တို့မှာ သာမန်လူများထက် များစွာ သာလွန်သည်။

လက်ရှိတွင်လည်း သိပ်သည်းလှသည့် ခရမ်းရောင် ချီဓာတ်များကို မြင်လိုက်ရပြီး ရုတ်တရက် ကမ္ဘာကြီး တစ်ခုလုံး ပြောင်းလဲသွားသည်ကိုလည်း ခံစားလိုက်ရ သည်။

ထို့ပြင် ကမ္ဘာတစ်ခုလုံးကို သက်ရောက်မှုရှိသည့် စွမ်းအင် စီးဆင်းမှုကိုလည်း အာရုံခံမိလိုက်သည်။

ထိုမြင်ကွင်းကြောင့် သူမ အလွန်အမင်း အံ့ဩသွား သော်လည်း အခိုက်အတန့်မျှသာ ဖြစ်၏။

ရွှမ်ပိုင်ဆိုသည်မှာ ချင်းရန်နယ်ပယ်ရှိ အစွမ်းထက် ဆုံး ပညာရှင်များအနက် တစ်ဦးပင် မဟုတ်ပါလား။

ယခုအခါတွင် ရွှမ်ပိုင်အဖို့ ရဲရှောင် ပြောခဲ့သည့် စကားများက  အမှန်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထို့ပြင် ယခု တောင်ကြီး၏ လျှို့ဝှက်ဆန်းကျယ်မှု ကို နားမလည်သည့်တိုင် စွမ်းအင်စီးဆင်းမှု ပြောင်းလဲ ခြင်း၏ သော့ချက်ဖြစ်မည်ကိုမူ ခံစားမိလိုက်သည်။

ထို့ကြောင့် ရဲရှောင် ပြောခဲ့သည့် စကားများမှာ အမှန်ဖြစ်ကြောင်း လက်ခံလိုက်ပါတော့သည်။

“ကြည့်ရတာ ဒီတောင်ကြီးက ဒီနေရာမှာရှိတဲ့ အရာအားလုံးရဲ့ သော့ချက်ထင်တယ် . . .”

ရွှမ်ပိုင်က ရဲရှောင်အား ကြည့်ရင်း သက်ပြင်းချကာ ရေရွတ်လိုက်သည်။

(သူက ကျင့်ကြံမှုနှုန်း အဆင့်နိမ့်နေသေးပေမယ့် ငါတောင် အာရုံမခံမိတဲ့ အရာကို သူက အာရုံခံမိနေ တာပါလား . . .)

သူမအဖို့ လျှို့ဝှက်မှုများဖြင့် ပြည့်နေသည့် ချစ်ရ သည့် အစ်ကိုကြီးအား ကြည့်ရင်း ဝမ်းသာရမည်လော၊ ဝမ်းနည်းရမည်လောပင် မသိ ဖြစ်နေပါတော့သည်။
. . .

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now