အခန်း (၉၆၁)"ထူးဆန်းသော အပြုအမူ"

141 16 0
                                    

အခန်း (၉၆၁)(စာစဉ် ၆၉- အပိုင်း၉)

“ထူးဆန်းသော အပြုအမူ”

ရဲရှောင်တို့ နှစ်ဦးလုံး နားမလည်နိုင်ဖြစ်သွားသော် လည်း မေးခွန်းတော့ မထုတ်ဝံ့ကြချေ။

(ရွှမ်ပိုင်က ဒီအတိုင်းပဲ ရပ်ကြည့်နေတော့မှာလား)

ရွှမ်ပိုင်မှာ ၎င်းတို့၏ လမ်းရှေ့တွင် ပိတ်ရပ်ထား၍ မတော်တဆ လှုပ်ရှားမှုလေးကပင် အသက်ကိုနှုတ်ယူ သွားနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် ဟန်ပိုင်ယွဲ့မှာ အားတင်း၍ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ပြီးနောက် -

“ခွင့်လွှတ်ပါ မိန်းကလေး . . .”

“ကျုပ်က ဟန်ပိုင်ယွဲ့ပါ . . .”

“ခင်ဗျား လာမယ်ဆိုတာ ကျုပ်တို့ ကြိုမသိလိုက် လို့ နှုတ်မဆက်မိတာပါ . . .”

“ဒါပေမယ့် ကျုပ်တို့ရဲ့ လမ်းမှာ ဘာလို့ ပိတ်ရပ်နေ ရတာလဲဗျ . . .”

ရွှမ်ပိုင်နေရာတွင် ဝုဖဆိုပါကလည်း သူ့အနေဖြင့် ကြောက်ရွံ့စိတ်ကို ဖယ်ကာ အေးစက်စက်ဖြင့် ပြော ဆို ဆက်ဆံမည်သာ။

အသက်ကိုပင် စတေး၍ တိုက်ခိုက်ရန် အသင့်ရှိနေ သည့် လူတစ်ဦးအဖို့ မည်သည့် အရာကိုမှ ဂရုမစိုက် တော့မည်မှာ သဘာဝပင် မဟုတ်ပါလား။

(ရဲရှောင်က အားနည်းနေသေးတယ် . . .)

(ရွှမ်ပိုင် တိုက်ခိုက်လိုက်လို့ ထွက်လာတဲ့ စွမ်းအင် တွေကိုတောင် ခံနိုင်မယ် မထင်ဘူး . . .)

(အဲဒီ စွမ်းအင်တွေကို ငါပဲ ခံနိုင်ရည် ရှိမယ် ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ဆရာသမား အသက်ရှင်ဖို့ဆို ငါ့အသက်ကိုတောင် စတေးရမှာပဲ . . .)

ထိုသို့ တွေးရင်း ဟန်ပိုင်ယွဲ့မှာ သတိအနေအထား ဖြင့်ပင် ရှိနေသည်။

ထိုစဉ် ဟန်ပိုင်ယွဲ့၏ အမေးကြောင့် ရွှမ်ပိုင်ဘက်မှ ပြန်ဖြေလာခဲ့သည်။

သူမ၏ အသံမှာ အေးစက်သယောင် ရှိသော်လည်း ထိုသို့ဖြစ်အောင် တမင်ကြိုးစား၍ လုပ်ယူနေရသည့်ပုံ ပါပင်။

“ဟင် ဟန်ပိုင်ယွဲ့ ဟုတ်လား . . .”

“ရှင်က ဟန်ပိုင်ယွဲ့ပေါ့ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now