အခန်း (၉၆၈)"ရွှမ်ပိုင်၏ သဝန်တိုမှု"

151 19 0
                                    

အခန်း (၉၆၈)(စာစဉ် ၇၀- အပိုင်း၂)

“ရွှမ်ပိုင်၏ သဝန်တိုမှု”

ရွှမ်ပိုင်၏ သဘောထား ပြောင်းလဲလာသည်ကို ရဲရှောင် သတိမပြုမိသေးချေ။

မကြာခင် သူဒုက္ခရောက်တော့မည်ကိုလည်း မသိ ဘဲ မိန်းကလေးများ အကြောင်းကိုသာ ဆက်ပြောနေ သည်။

ထိုမိန်းကလေးမှာ တိမ်မြူခိုးနန်းတော် အတွက် မည်မျှအရေးပါပုံ၊ မည်သို့ အရာရောက်ပုံများကိုလည်း ရှင်းပြနေပြန်သည်။

“ဟဲဟဲ . . .”

“ကျုပ်ကို သိပ်မမြှောက်ပါနဲ့ . . .”

“အဲဒီ မိန်းကလေးနှစ်ယောက်မှာ တစ်ယောက်က မိန်းကလေး ပိုင်ရှင်းယွဲ့ နောက်တစ်ယောက်ကတော့ မိန်းကလေး ဝရမ်ချူးချူးလေ . . .”

“ဪဒါနဲ့ မိန်းကလေး ဝရမ်က မိန်းကလေးပိုင် ရဲ့ တပည့်ပဲ . . .”

ရွှမ်ပိုင်၏ မျက်လုံးများ အရောင်ဝင်းလက်သွားပြီး နောက် -

“အင်း ဟုတ်တယ် . . .”

“သူတို့က ငါ့ရဲ့ ဂိုဏ်းထဲမှာ ရှိတယ် . . .”

“အဲဒီတော့ ဘာဖြစ်လဲ . . .”

ရဲရှောင် ပြုံးလိုက်သည်။

သူ၏ ပုံစံမှာ ရွှမ်ပိုင်မှ စိတ်ဝင်စားနေ၍ ကျေနပ် နေသည့်ပုံလည်း ပေါ်သည်။

“ကျုပ်က သူတို့နဲ့ ကျုပ်လာခဲ့တဲ့ နေရာမှာ တွေ့ခဲ့ ကြတာပေါ့ . . .”

“သူတို့ရဲ့ ပြဿနာကိုလည်း ကျုပ်ကူညီပြီး ဖြေ ရှင်းပေးခဲ့သေးတယ်၊ အဲဒါကြောင့်ပဲ ကျုပ်တို့က မိတ် ဆွေတွေ ဖြစ်လာကြတာပေါ့ . . .”

ရွှမ်ပိုင်မှ အံတင်းတင်း ကြိတ်လိုက်ရင်း -

“ဪ ပြဿနာတွေ ဟုတ်လား . . .”

“ဘယ်လို ပြဿနာမျိုးတွေလဲ ပြောစမ်းပါဦး . . .”

ရဲရှောင်မှ အပြုံးဖြင့် -

“သိပ်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး . . .”

“ခင်ဗျားတို့ရဲ့ ကျင့်စဉ်က အဆင့်တက်တဲ့နေရာမှာ ပြဿနာ နည်းနည်းရှိတယ် . . .”

“ခင်ဗျားတို့ လင်းရှောင် ရေခဲကျင့်စဉ်ကို အဆင့် တက်ဖို့ ကြိုးစားတိုင်း ခင်ဗျားတို့ပေါ်ကို အမြဲတမ်း သက်ရောက်မှု ဖြစ်နေတယ် မဟုတ်လား . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now