Chapter (884)ခွဲထွက်မည့် နည်းလမ်း

182 18 0
                                    

Chapter (884)(စာစဉ် ၆၄- အပိုင်း၂)

“ခွဲထွက်မည့် နည်းလမ်း”

“အင်း ဒီလို အရှုပ်အထွေးတွေ ဖြစ်သွားရတာ ဟိုမျိုးမစစ်ကောင်ကြောင့်ပဲ . . .”

“သူက လိဝူလျန်ကို ဂိုဏ်းသုံးခုအပေါ် ရန်ငြိုးဖွဲ့ အောင် လုပ်လိုက်တာပဲ . . .”

“နောက်တော့ ဂိုဏ်းသုံးခုလည်း မတတ်သာတဲ့ အဆုံး လိဝူလျန်ကို သတ်လိုက်ရတော့တယ် . . .”

“အဲဒီကနေ ရှောင်ဧကရာဇ်ကလည်း သေသွားခဲ့ရ တယ်၊ အခုဆိုရင် ကောင်းကင် ရေခဲနန်းတော်က ကျွင့်ယင်းလျန်ကလည်း လက်စားချေဖို့ လာနေပြီ”

“မရဏဓားနဲ့ တိုက်ခိုက်တုန်းက ဂိုဏ်းကြီးသုံးခု က လူပေါင်းထောင်ချီ ဆုံးရှုံးခဲ့ရတယ်၊ အဲဒီလူတွေထဲ မှာ မူလတာအိုအဆင့်ရှိတဲ့ ပညာရှင်တွေလည်း အများ ကြီးပဲ၊ ဂိုဏ်းသုံးခုရဲ့ အဓိက အင်အားစု ၁၀ရာခိုင်နှုန်း လောက်ကို ဆုံးရှုံးခဲ့ရတာပေါ့ . . .”

“ရှောင်ဧကရာဇ်နဲ့ ထပ်တိုက်တော့ အင်အား ၃၀ ရာခိုင်နှုန်းလောက်ကို ထပ်ဆုံးရှုံးခဲ့ရတယ် . . .”

“အဲဒီတော့ ဂိုဏ်းသုံးခုက လွန်ခဲ့တဲ့ ၄နှစ်တုန်းက လို အခြေအနေမျိုး မရှိတော့ဘူး . . .”

ဖန်ဝုရင်က သက်ပြင်းချရင်း ပြောလိုက်သည်။

“ကျွင့်ယင်းလျန်က တစ်နှစ်ကျော်လောက် ပူဆွေး ခဲ့ရတဲ့ ဝေဒနာကို ဖြေဖျောက်ဖို့အတွက် လာနေပြီ၊ နောက်ထပ် ကပ်ဘေးတွေ ကျရောက်လာမှာကို ငါတော့ စိုးရိမ်နေမိတယ် . . .”

“ခန့်မှန်းလို့ရတာ တစ်ခုက ကျွင့်ယင်းလျန်နဲ့ တိုက်ပြီးရင် ဂိုဏ်းကြီးသုံးခုလည်း အတော်လေးကို အင်အား ယုတ်လျော့သွားလိမ့်မယ် . . .”

ယန်ပိုင်လျူက သက်ပြင်းချရင်း ပြောလိုက်ပြန် သည်။

“ရွှမ်ပိုင်ရဲ့ လုပ်ရပ်ကလည်း ငါတို့အပေါ်မှာ အများ ကြီး သက်ရောက်ခဲ့တယ် . . .”

“ဂိုဏ်းသုံးခုသာ ထပ်ပြီး အားလျော့သွားမယ် ဆိုရင် တခြား ဂိုဏ်းလေးခု၊ ခန်းမနှစ်ခု၊ နန်းတော် သုံးခုရဲ့ ဖိနှိပ်မှုအောက်ကနေ ရုန်းထွက်နိုင်မှာ မဟုတ် တော့ဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now