Chapter (923)"ကံကောင်းမှုက ဘယ်လိုများလဲ"

155 15 0
                                    

Chapter (923)(စာစဉ် ၆၆- အပိုင်း၁၃)

“ကံကောင်းမှုက ဘယ်လိုများလဲ”

“သန်းနဲ့ချီတဲ့ ဝိညာဉ်တွေ . . .”

“အလင်းစွမ်းအားနဲ့ အမှောင်စွမ်းအား . . .”

“အဆုံးမရှိတဲ့ အာဃာတတွေ . . .”

“အသွေးအသားနဲ့ ဝိညာဉ်တွေက ဒီလို အရိုင်းဆန် တဲ့ နေရာမှာ စုစည်းခဲ့ကြတယ် . . .”

“နောက်တော့ စွမ်းအင်တွေ စုစည်းသွားပြီး ဒီလို တစ္ဆေမှိုပွင့် ဖြစ်တည်လာတယ် . . .”

အားဟူမှ ရဲရှောင်အား ရှင်းပြလိုက်သည်။

နောက်ဆုံးတွင် ရဲရှောင်လည်း နားလည် သဘော ပေါက် သွားတော့သည်။

“ဟုတ်ပြီ ဒီလိုစွမ်းအားကို ငါတို့ ဘယ်လို ဖယ်ရှား လို့ ရမလဲ . . .”

ရဲရှောင်က မေးလိုက်သည်။

“ဖယ်ရှားဖို့ ဟုတ်လား . . .”

အားဟူက ရဲရှောင်ကို စိတ်ပျက်လက်ပျက်ဖြင့်ပင် ကြည့်လိုက်သည်။

အဘယ့်အတွက်ကြောင့် ထိုသို့ လုပ်ချင်နေသည် ကို နားမလည်နိုင် ဖြစ်နေသည့်ပုံပင်။

“ဒါကတကယ့်ကို ကောင်းတဲ့အရာလေ . . .”

“ကောင်းကင်ဘုံကတောင် မျက်နှာသာ ပေးထား တဲ့ဟာကို ဘာလို့ ဖယ်ရှားချင်နေရတာလဲ . . .”

“ကောင်းကင်ဘုံက မျက်နှာသာပေးတယ် . . .”

“ကံကောင်းတယ် ဟုတ်လား . . .”

ရဲရှောင် ထိုသို့ ရေရွတ်ရင်း အံ့ဩသွားသည်။

ထို့နောက် အိပ်မောကျနေသော သူငယ်ချင်းဖြစ်သူ လိဝူလျန်ကို လှမ်းကြည့်လိုက်ပြန်သည်။

ရဲရှောင်၏ စိတ်ထဲ လိဝူလျန်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ဟု ထင်မိခဲ့သည်။

လေးငါးရက်လောက်ပင် အသာလေး အိပ်ပျော် သွားနိုင်သည်ဟုလည်း ထင်မိခဲ့သည်။

သို့သော် တကယ်တမ်းတွင် ထိုသို့ မဟုတ်ပါ။

လိဝူလျန် နိုးနေသည်မှာ ကြာလှချေပြီ။

စင်စစ် ရဲရှောင် စိုးရိမ်နေမည်စိုး၍ အိပ်ပျော်ချင် ယောင်ဆောင်ခဲ့ခြင်းပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now