အခန်း (၉၆၆)"ရွှမ်ပိုင်၏အထင်"

139 20 0
                                    

အခန်း (၉၆၆)(စာစဉ် ၆၉- အပိုင်း၁၄)

“ရွှမ်ပိုင်၏အထင်”

ရဲရှောင်အဖို့ မိန်းကလေးဟု ခေါ်လိုက်ရသည့်တိုင် စိတ်ထဲတွင် မနေတတ် ဖြစ်နေမိသည်။

ထို့ကြောင့် ထိုသို့ ခေါ်လိုက်ရသည့် အချိန်တွင် သူ့ အသံမှာ ကတုန်ကယင်ပင် ဖြစ်နေရသည်။

သို့သော် ထိုသို့ ခေါ်လိုက်သည့်အပေါ် ရွှမ်ပိုင်မှ စိတ်အနှောက်အယှက် ဖြစ်သွားပုံ မရချေ။

ယခင်ကဲ့သို့ မတားဆီးဘဲ ငြိမ်နေ၍သာ နှုတ်ဆိတ် ၍သာ နေနေသည်။

(ဟင် ဒါဆို သူက လက်ခံလိုက်တဲ့ သဘောလား)

ရဲရှောင် စိတ်သက်သာရာ ရသွားမိသည်။

(သခင်မ ရွှမ်ပိုင်က တကယ်ကို ထူးဆန်းတဲ့ မိန်းမ တစ်ယောက်ပဲ . . .)

ရဲရှောင်၏ နေရာတွင် ဟန်ပိုင်ယွဲ့သာ ဆိုပါက သူ့ အား ရွှမ်ပိုင်မှ သဘောကျနေ၍သာ ထိုသို့ ပြုမူခြင်း ဖြစ်ကြောင်း သေချာပေါက်ပင် ထင်မြင်နိုင်သည်။

သို့သော် ရဲရှောင်မှာမူ ဟန်ပိုင်ယွဲ့ကဲ့သို့ မဟုတ်။

မိန်းမများနှင့် ပတ်သက်လျှင် အသိမကြွယ်သေး သည့် ငယ်ရွယ် တုံးအသော လူတစ်ဦးသာ ဖြစ်သည်။

ရဲရှောင်မှာ မည်သို့ ကိုယ်ရည်သွေးတတ်သည့် လူ ဖြစ်နေပါစေ ယခုလို ထိပ်သီးပညာရှင်ကြီးမှ သူ့အား မျက်စိကျနေမည်ကို ယုံကြည်လိမ့်မည် မဟုတ်ပေ။

အကယ်၍ သူ့ကိုယ်သူ ထိုသို့သာ ထင်မိလိုက်ပါက ကမ္ဘာပေါ်တွင် ရယ်စရာ အကောင်းဆုံး လူဖြစ်သွားနိုင် သည် မဟုတ်ပါလား။

သို့သော် ရဲရှောင်ထံ၌ နားမလည်နိုင်သည့် မေးခွန်း တစ်ခုက ရှိနေသည်။

(ဘာကြောင့်များလဲ . . .)

(ဒီဟာတွေအတွက် အကြောင်းအရင်း တစ်ခုတော့ ရှိရမယ် . . .)

နယ်ပယ်ကြီး တစ်ခုလုံးကိုပင် ဖိနှိပ်ထားနိုင်သော ရွှမ်ပိုင်မှာ ‘မိန်းကလေး ရွှမ်ပိုင်’ ဟု အခေါ်ခံရသည့် အပေါ် ငြင်းဆန်ခြင်း မရှိသည်မှာ ထူးဆန်းလှသည်။

ထို့ကြောင့် ရဲရှောင်အဖို့ နားမလည်နိုင်အောင် ဖြစ် နေရခြင်းပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now