Chapter (887) "မစောင့်စားနိုင်တော့ခြင်း"

168 17 0
                                    

Chapter (887)(စာစဉ် ၆၄- အပိုင်း ၅)

“မစောင့်စားနိုင်တော့ခြင်း”

ယွဲ့ချန်းရှန် ထိတ်လန့်လာမိသည်။

အရေအတွက်က များပြားလွန်းနေသည် မဟုတ်ပါ လား။

“သုတ်သင်ရှင်းလင်းခြင်း”

ထိုဆုံးဖြတ်ချက်က ယွဲ့ချန်းရှန်ကို စိတ်မကောင်း ဖြစ်စေသလို တုန်လှုပ်မှုကိုလည်း ပေးစွမ်းခဲ့သည်။

သူ့အဖို့ ဂိုဏ်းချုပ်ဖြစ်ပြီးကတည်းက ထိုသို့သော ခံစားမှုမျိုးကို ပထမဆုံးအကြိမ် ခံစားဖူးခြင်းပင် ဖြစ်ပါ တော့သည်။
. . .

“သိုင်းလောကအတွင်း ခရီးဆန့်ခြင်း”

လူငယ်လေး တစ်ဦးအဖို့ အိပ်မက်မက်နေရသလို ပါပင်။

ထိုနေရာကြီးတွင် စွန့်စားခန်းများ၊ စိတ်လှုပ်ရှားမှု များ၊ ဆန်းကျယ်မှုများဖြင့် ပြည့်နှက်နေသည်။

ထို့ပြင် သူရဲကောင်းများ၊ ဓားများ၊ သစ္စာတရား များ၊ နာကျည်းမှုများ၊ အမုန်းတရားများ၊ ကျေးဇူး တရားများကိုလည်း ချန်ထား၍ မရပေ။

ထိုမျှမက သိုင်းလောကကြီးကို အရောင်အသွေး စုံလင်သည့် ပန်းချီကား တစ်ချပ် ပမာနှယ် တင်စား ထိုက်သည်။

ထိုလောကကြီးထဲတွင် မတူညီသော လူများစွာ၏ မတူညီသော ဇာတ်လမ်းပေါင်းများစွာ ရှိခဲ့ဖူးသည် မဟုတ်ပါလား။

သိုင်းလောကထဲ ကျင်လည်ဖူးသည့် လူအဖို့ အတွေ့အကြုံများ ပြောရာဝယ် ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုလိမ့်မည်။

သို့သော် လူငယ်လေး တစ်ယောက်အတွက်မူ ထိုသို့ မဖြစ်နိုင်ပေ။

ပထမဆုံးရက်တွင် သူစိတ်လှုပ်ရှားနေမည်။

ဒုတိယရက်တွင် သူကြောက်ရွံ့လာမည်။

တတိယရက်တွင် သူစိတ်ဝင်စားနေဦးမည်။

နောက်ရက်များတွင်မူ ပထမရက်များလောက် သူ စိတ်ဝင်စားနိုင်တော့မည် မဟုတ်ပါ။

အသက်ရှင်ရေးအတွက် သူကြိုးပမ်းနေရနိုင်သလို၊ သိုင်းလောကအကြောင်း နောကျေသွား၍လည်း ဖြစ် နိုင်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now