Chapter (924)"ငါကတကယ်ပဲ အဲဒီလို လူမျိုးလား"

158 19 0
                                    

Chapter (924)(စာစဉ် ၆၆- အပိုင်း၁၄)

“ငါကတကယ်ပဲ အဲဒီလို လူမျိုးလား”

အားဟူမှ -

“အင်း . . .”

“ရှိတာပေါ့ . . .”

“ဒါပေမယ့် နာကျင်မှု လျော့အောင် လုပ်လေလေ သူရမယ့် အကျိုးအမြတ်ကလည်း နည်းသွားလေလေ ဖြစ်မှာပဲ . . .”

ရဲရှောင် အံ့ဩသွားသည်။

(ဘယ်လို . . .)

(ဘယ်လိုတောင် ထူးဆန်းတဲ့ စွမ်းအင်ပါလိမ့် . . .)

နေရောင်ကျလာသည့် အချိန်တွင်မူ ပထမဆုံး နာကျင်မှု လှိုင်းဒဏ်ကို လိဝူလျန် ခံစားလိုက်ရသည်။

ထိုနာကျင်မှုကြောင့် တဆတ်ဆတ် တုန်ယင်နေ ပြီး ခေါင်းကလည်း ငိုက်စိုက်ကျနေသည်။

သူ၏ မျက်နှာမှ ချွေးစက်များကလည်း အောက်သို့ တစ်စက်ချင်း ကျဆင်းလျက် ရှိနေသည်။

ထိုချွေးများကြောင့် စောင်များ အဝတ်အစားများ အားလုံးပင် ရွှဲစိုသွားသည်။

ထိုအခါမှသာ မြေပြင်ပေါ်ရှိ ကျောက်တုံးများ အဘယ့်ကြောင့် အရောင်ရင့်နေသည်ကို ရဲရှောင် သဘောပေါက်သွားသည်။

လိဝူလျန်အဖို့ နေ့စဉ်နှင့်အမျှ ချွေးဒီးဒီးကျအောင် နာကျင်ခဲ့ရသည်။.

ထိုချွေးစက်များက ကျောက်တုံးများပေါ် ကျဖန် များလာ၍ ကျောက်တုံးများက အရောင့်သထက် ရင့် သွားရခြင်းပင်။

“ဟားဟား ဘယ်လိုလဲ . . .”

“ငါက ကြံ့ခိုင်တယ် မဟုတ်လား . . .”

လိဝူလျန်က မျက်လုံးကို ကြိုးစားဖွင့်လိုက်ပြီး ရဲရှောင်ကို ကြည့်ကာ ပြောလိုက်သည်။

“ငါငြီးညူသံတောင် မထွက်ဘူးနော် . . .”

“မင်းသာ ငါ့နေရာမှာဆိုရင် ဒီလို လုပ်နိုင်မှာလား”

လိဝူလျန်က နာကျင်နေသည့် ကြားမှပင် ဂုဏ်ယူ ဝံ့ကြွားစွာ ပြောဆိုနေတုန်းပါပင်။

“တကယ်ကို အံ့ဩဖို့ကောင်းတယ် . . .”

“မင်းက တော်တော်ကို ကြံ့ခိုင်တာပဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now