Chapter (913)"ပြင်းထန်စွာ စုပ်ယူခြင်း"

160 14 0
                                    

Chapter (913)(စာစဉ် ၆၆- အပိုင်း၃)

“ပြင်းထန်စွာ စုပ်ယူခြင်း”

ရဲရှောင် စိတ်ထဲ ကြိတ်ကျေနပ်နေမိသည်။

အားဟူအပေါ် သဘောထားကြီးသယောင် ပြသခဲ့ သည် မဟုတ်ပါလား။

စင်စစ် ရဲရှောင်မှာလည်း လူပါး။

တိမ်တိုက်များနှင့် ပတ်သက်လျှင် မည်သို့ ဖြေရှင်း ရမည်ကို သူမသိ၍ ယခုလို သဘောထားကြီးပြခြင်း ပင်။

အားဟူမှာမူ အမှန်တကယ် အံ့ဩနေသည်။

(ကြားသားမိုးကြိုးပါလား . . .)

(ငါ့သခင်ရော ဟုတ်ရဲ့လား . . .)

ထိုစဉ် ရဲရှောင်က -

“ဘာတွေ တွေးနေတာလဲ လုပ်တော့လေ . . .”

“လုပ်စရာရှိတာသာ မြန်မြန်လုပ်လိုက်တော့ . . .”

အားဟူက ရဲရှောင် အမှန်တကယ် ခွင့်ပြုမပြုကို စောင့်နေဟန်ပါပင်။

ယခုအခါ သခင်၏ ခွင့်ပြုချက်ကို ရလိုက်ပြီ ဖြစ်၍ အားဟူ အလွန် ပျော်ရွှင်သွားသည်။

ထို့နောက် ရဲရှောင်ကို လေးငါးပတ်ခန့် ပတ်လိုက် ပြီး ဝတ်ရုံစကို လက်သည်းဖြင့် ခပ်ဖွဖွ ကုတ်ခြစ်ကာ ပျော်ရွှင်သည့် ဟန်မျိုး လုပ်ပြလိုက်သည်။

“ညောင် . . .”

အော်သံ အဆုံးတွင် အားဟူလည်း အနီရောင်နှင့် အဖြူရောင် တိမ်တိုက်များကြား ပြေးဝင်သွားသည်။

“ကြောင်ငတုံးကောင် . . .”

“သေတော့မလို ဖြစ်နေတာလား မသိဘူး . . .”

“ဖြည်းဖြည်း မပြေးဘူး အောက်ကိုသာ ပြုတ်ကျ သွားရင် ဘယ်လိုလုပ်မလဲ . . .”

ရဲရှောင် ထိုသို့ ပြောနေချိန်တွင် အားဟူက တိမ်တိုက်များကြား လွင့်မျောနေပါပြီ။

သူစိုးရိမ်နေသလို အောက်ပြုတ်ကျဖို့ မဆိုနှင့် ပျော်ပင် ပျော်ရွှင်နေပါသေးသည်။

တိမ်တိုက်များက မြေပြင်အလား ဖြစ်တည်နေ၍ အားဟူအဖို့ အေးအေးလူလူပင် နေနိုင်နေသည်။

ထို့ကြောင့် ခုန်ဆွခုန်ဆွဖြင့် တိမ်တိုက်များကြား ဟိုဟိုဒီဒီပင် ပြေးလွှားနေတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now