အခန်း (၉၈၃)"လျှို့ဝှက်အဖွဲ့စည်းကြီး ပြန်ပေါ်လာခြင်း"

125 13 1
                                    

အခန်း (၉၈၃)(စာစဉ် ၇၁- အပိုင်း ၃)

“လျှို့ဝှက်အဖွဲ့စည်းကြီး ပြန်ပေါ်လာခြင်း”

“ဒီမှာကြည့် ဒဏ်ရာက သေသပ်နေပေမယ့် သူ့ရဲ့ နှလုံးကတော့ လုံးဝကို ပျက်စီးသွားပြီ . . .”

“ဒီလို ဒဏ်ရာမျိုး ဖြစ်သွားတာက တိုက်ခိုက်ခံရ တဲ့အချိန်မှာ သူက သတိလက်လွတ် ဖြစ်နေလို့ပဲ . . .”

“သူ့ရင်ဘတ်ကို ဓားက ထုတ်ချင်းပေါက်သွားတဲ့ အချိန် သူသိလိုက်ပေမယ့် နောက်ကျသွားခဲ့ပြီ . . .”

“ဓားက သူ့နှလုံးကို ပျက်စီးသွားစေပြီလေ . . .”

“အဲဒီ ဒဏ်ရာကြောင့်ပဲ သူက သေလုမျောပါးကို ခံစားခဲ့ရတာ . . .”

ရဲရှောင်မှ အသေးစိတ် ရှင်းပြလိုက်သည်။

“ဒါက လျပ်တပြက် တိုက်ခိုက်မှုပဲ မဟုတ်လား”

ဟန်ပိုင်ယွဲ့မှ ရဲရှောင်အား ကြည့်ရင်း မေးလိုက်၏။

“သူက လုံးဝကို သတိလက်လွတ် ဖြစ်နေတာ သူ့ရဲ့ ရန်သူကလည်း သူ့ကို လျပ်တပြက် တိုက်ခိုက်မှုမျိုးနဲ့ တိုက်ခိုက်ခဲ့တာ . . .”

“အဲဒါကြောင့်သာ ဒီလို ဒဏ်ရာမျိုး ရခဲ့တာပေါ့”

ရဲရှောင်မှ မျက်မှောင်ကြုတ်လျက် ဟန်ပိုင်ယွဲ့အား ကြည့်ရင်း ပြောလိုက်သည်။

“မင်းသာ စဉ်းစားဉာဏ်ရှိရင် ဒီဒဏ်ရာကိုကြည့်ပြီး အဖြေထုတ်နိုင်မှာပဲ . . .”

“ဟမ် . . .”

ရဲရှောင်၏ စကားကြောင့် ဟန်ပိုင်ယွဲ့ ရှက်အမ်း အမ်း ဖြစ်သွားသည်။

(ဆရာသမား . . .)

(ငါ့အပေါ် နည်းနည်းပါးပါး လေးစားမှုလေး ဘာ လေး မပြတော့ဘူးလား . . .)

(ဘာလို့ အသားလွတ်ကြီး လာနှိမ်နေတာလဲ . . .)

“ကျုပ် လျပ်တပြက် တိုက်ခိုက်ခံလိုက်ရတာပါ”

မီးခိုးရောင်တောင်မှ လူထူးဆန်းကြီးမှာ မျက်လုံး ကို အားယူဖွင့်ရင်း ပြောလိုက်သည်။

အနည်းငယ် သက်သာစပြုလာ၍ စကားပြောလာ နိုင်သည့် ပုံပင်။

သို့သော် ထိုအခြေအနေမှာ မသေခင် ခဏမျှ သတိ ပြန်ကပ်လာခြင်း ဖြစ်ကြောင်း သုံးယောက်လုံး ရိပ်စား မိလိုက်ကြသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now