Chapter (896)"အကျိုးနှင့်အကြောင်း"

182 20 0
                                    

Chapter (896)(စာစဉ် ၆၄- အပိုင်း၁၄)

“အကျိုးနှင့်အကြောင်း”

“ဟီး . . . ဟီး . . . ဟီး . . .”

ရုတ်တရက် သောင်းနှင့်ချီသော မြင်းများက ရှေ့ခြေကို မြောက်၍ သံပြိုင် ဟီလိုက်ကြသည်။

မြင်းဘုရင်အပေါ် ၎င်းတို့၏ ရိုသေလေးစားမှုကို ပြလိုက်သည့် သဘောပင်။

ရုတ်တရက် ဖြစ်သွားသော အခြေအနေကြောင့် လူများ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားသည်။

တိတ်ဆိတ်နေသော တောင်ကြားလမ်းလည်း ယခု အခါမြင်းဟီသံများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ထိုဟီသံများ မဆုံးခင်တွင် မြင်းနက်လေး တစ် ကောင်က အားလုံး ရှေ့သို့ ရောက်လာသည်။

ထူးဆန်းစွာပင် ထိုမြင်းလေး၏  ခွာလေးဘက်လုံး က စွတ်စွတ်ဖြူနေသည်။

မြင်းနက်လေး ရောက်သည်နှင့် တောင်ကြားလမ်း တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားသည်။

ဟီသံများ ကျယ်လောင်စွာ ပြုနေသော မြင်းများ လည်း မီးကိုရေနှင့်ငြိမ်းသလို ငြိမ်ကျသွားသည်။

မြင်းနက်လေးသာ သူ့ကိုယ်ပိုင် နယ်မြေထဲ ရောက် နေသည့်အလား ဝံ့ကြွားစွာ လျှောက်နေသည်။

သခင်ဖြစ်သော ရဲရှောင်သည်လည်း လေထဲတွင် ဆံပင်များ တလူလူလွင့်ရင်းဖြင့် မြင်းနက်လေးပေါ် တွင် လိုက်ပါစီးနင်းလာသည်။

မဟူရာရောင် တဖိတ်ဖိတ် တောက်နေသော မြင်းနက်လေးနှင့် တစ်ကိုယ်တော် ရဲရှောင်။

ထိုအရာနှစ်ခုက အလွန်ကို လိုက်ဖက်နေလွန်း သည်။

လူများမှာမူ ကြောင်ငေးလျက် ရှိနေသည်။

(ဘာတွေ ဖြစ်နေတာလဲ . . .)

(ဘာလို့ လူစိမ်းတစ်ဦးက သူ့မြင်းကို စီးပြီး ဒီလို ဝင်လာရတာလဲ . . .)

(ခေါင်းဆောင်မူနဲ့ သူ့လူတွေကို တာဝန်ပေးပြီး လွှတ်လိုက်တာ၊ သူတို့က ဂွမ်လင်းရှောင်ကို ဖမ်းလာရ မှာမဟုတ်ဘူးလား . . .)

(ဒါဆို ဒီကောင်လေးက ဘယ်သူလဲ . . .)

ခေါင်းဆောင်မူ ရောက်လာချိန် လူများက သူ့ကို ရန်လိုကြည့်များဖြင့် ကြည့်နေ၍ အံ့ဩသွားသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now