1047---1048

122 14 1
                                    

အခန်း (၁၀၄၇)(စာစဉ် ၇၅- အပိုင်း၁၁)

“စကြာဝဠာ အုပ်စိုးသူ”

“မင်းရဲ့ စွမ်းအင်တွေကို အပြည့်အဝ လည်ပတ် စီးဆင်းစေပြီး ကျောက်တိုင်ကို ရစ်ပတ်ပစ်လိုက် . . .”

“ဒီကျောက်တိုင်ကို သန့်စင်နိုင်ရင် အလွှာကိုးလွှာ တောင်ကြီး တစ်ခုလုံးက မင်းရဲ့အပိုင်ပဲ ဖြစ်သွားလိမ့် မယ် . . .”

“မင်းက ငါးလွှာကို မဝင်ရသေးပေမယ့် လေးလွှာ မှာတော့ အကျိုးအမြတ် အများကြီး ရနိုင်မှာပါ . . .”

“ဒီအလွှာမှာရှိတဲ့ အရာတွေက ကောင်းကင်တွေရဲ့ အလွန်မှာ ရပ်တန့်နိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင်တယ်ဆိုတာကို အဆုံးသတ်မှာ မင်းသိလာ လိမ့်မယ် . . .”

“ဒါပေမယ့် ၂၄ နာရီအတွင်းမှာ မင်းမသန့်စင်နိုင် ရင်တော့ အပြင်ကို စွန့်ပစ်ခြင်း ခံရလိမ့်မယ်၊ အဲဒီလို သာဆိုရင် မင်းက ၄ ယောက်မြောက် လူဖြစ်လာတော့ မှာ မဟုတ်ဘူး . . .”

“အခု ငါပြောတဲ့ စကားကို မိတ်ဆွေတစ်ယောက် က အကြံပေးတယ်လို့ မှတ်ပါ . . .”

“မင်းရဲ့ ကျင့်ကြံမှု အရည်အချင်းနဲ့ဆိုရင် လေးလွှာ မြောက်ထက်ပိုပြီး သွားနိုင်မှာ မဟုတ်ဘူး . . .”

“ကောင်းကင်ဘုံရဲ့ ရွေးချယ်မှုကို မခံရသေးရင် ငါးလွှာမြောက်ကို မင်း တက်နိုင်ဦးမှာ မဟုတ်ဘူး . . .”

“ကောင်လေး . . .”

“ငါမင်းရဲ့ နာမည်ကိုတောင် မသိရသေးဘူး . . .”

“ဒါပေမယ့် ဒီစာလုံးတွေက ဒီအလွှာမှာ မင်းမြင်ရ မယ့် နောက်ဆုံး စာလုံးတွေပဲ . . .”

“မင်းကို ငါပဉ္စမအလွှာမှာ စောင့်နေမယ် . . .”

“၃ နှစ်အတွင်းမှာ အဲဒီ ပဉ္စမအလွှာကို မတက်နိုင် ဘူးဆိုရင် မင်းက ၄ ယောက်မြောက် ရွေးချယ်ခံရတဲ့ လူ ဖြစ်လာတော့မှာ မဟုတ်ဘူး . . .”

“အောင်မြင်မှုကို လိုချင်ရင် ဂရုစိုက်ပါ . . .”

ထိုသို့ ပြောနေသည့် ဆရာရှန်ဂျိ၏ စကားများက ဟာသမဟုတ်ကြောင်း ရဲရှောင် သိနေလေသည်။

သူ့အတွက် အချိန်များစွာ ရှိသော်လည်း စိတ်ဖိစီး စရာမူ ကောင်းလွန်းလှသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now