အခန်း (၉၇၉)"သုတ်သင်ရန် အကြောင်းပြချက်"

123 12 0
                                    

အခန်း (၉၇၉)(စာစဉ် ၇၀- အပိုင်း ၁၃)

“သုတ်သင်ရန် အကြောင်းပြချက်”

သူ့အစား အခြားတစ်ယောက်မှ လက်စားချေသွား မည်ကို ရဲရှောင် မလိုလား။

သူရဲကောင်းဆိုသည်မှာ သွေးကြွေးဆပ်သည့် ကိစ္စ တွင်  ကိုယ်တိုင်ပင် လုပ်သင့်သည် မဟုတ်ပါလား။

ထို့ကြောင့် ရွှမ်ပိုင်၏ လက်ချက်ဖြင့် ရန်သူများကို မသေစေလိုခြင်းပင် ဖြစ်သည်။

သို့သော် ရွှမ်ပိုင်မှ ရဲရှောင် ပြောသည်ကို လက်ကာ ၍ ဟန့်တားလိုက်ပြီး ပိုင်ပုဖန်ဘက်သို့ လှည့်ကာ -

“ကျွန်မက ရှင်တို့အပေါ် သနားညှာတာမှု မရှိဘူး လို့ ထင်နေတာလား . . .”

“ကျွန်မ ရှင်တို့ ဂိုဏ်းကို လာတုန်းက ဂိုဏ်းကို သုံးနှစ်လုံးလုံး ပိတ်ထားရမယ်လို့ မှာခဲ့တယ်၊ အဲဒါကို ရှင်တို့ မှတ်မိမှာပါ . . .”

ပိုင်ပုဖန်မှ အသက်ပြင်းပြင်း ရှူလိုက်ရင်း -

“ဟုတ်ပါတယ် . . .”

“ကျုပ်တို့ မှတ်မိပါတယ် . . .”

“ဒါဆို ကျွန်မအပေါ် စော်ကားတဲ့ ကိစ္စကို ခဏ ထားလိုက်စမ်းပါဦး . . .”

“အခု ဂိုဏ်းကို ပိတ်ထားရမယ့်အစား ရှင်တို့က ဒီ နေရာကို ရောက်လာကြတယ် ဒါကျွန်မကို မခန့်လေး စား လုပ်တာပဲ မဟုတ်ဘူးလား . . .”

ရွှမ်ပိုင်မှ အေးစက်စက် ပြောလိုက်သည်။

သူမ၏ မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လို သည့် အငွေ့အသက်များ ထပ်မံပေါ်လာပြန်သည်။

“ရှင်တို့ နေရောင်ဂိုဏ်း တစ်ခုလုံးက ကျွန်မစကား ကို အလေးအနက် မထားကြဘူးပေါ့ . . .”

ရွှမ်ပိုင်၏ စကားကြောင့် ပိုင်ပုဖန်မှာ စိတ်ဓာတ်ကျ သွားသည်။

(သူ့ဘက်က စိတ်ပြေဖို့ ငါ့လူကိုတောင် ငါသတ်ခဲ့ရ တယ်၊ အခု သူက ငါတို့ကိုပါ သတ်ဖို့ အကြောင်းပြတွေ ရှာနေပြန်ပြီ . . .)

(သူက ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါတို့ကို သတ် မယ့်ပုံပဲ၊ ငါတို့ ဘာပြောပြော အကြောင်းပြချက်ရှာပြီး ကို သတ်လိမ့်မယ် . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now