အခန်း (၉၈၈)"ပြဿနာကို မီးခွက်ထွန်းရှာ"

128 13 1
                                    

အခန်း (၉၈၈)(စာစဉ် ၇၁- အပိုင်း၈)

“ပြဿနာကို မီးခွက်ထွန်းရှာ”

ထိုလူငယ်မှာ ဆောင်ဂျူတို့၏ နောက်မျိုးဆက်မှ ဖြစ်နိုင်သည်။

ထို့ကြောင့် ဆောင်ဂျူ၏ မျက်နှာဖြင့် လူငယ်၏ လုပ်ရပ်ကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်၏။

(ငါ့အပေါ်မှာ ဦးလေးဆောင်ရဲ့ ကျေးဇူးတွေက အများကြီး ရှိတယ်၊ ငါ့အပေါ်လည်း ကောင်းကောင်း ဂရုစိုက်ပေးခဲ့တယ် . . .)

(ငါ့အဖေ ရဲနန်ရှန်ထက်တောင် ငါနဲ့ သူနဲ့က ပိုပြီး ရင်းနှီးခဲ့သေးတာ . . .)

(အဲဒီတော့ ဆောင်ဂျူရဲ့ မျိုးနွယ်က လူတွေနဲ့ ပထမဆုံး တွေ့တဲ့ အချိန်မှာပဲ ဒီလိုမျိုး ပဋိပက္ခ ဖြစ်ရ မယ်ဆို မသင့်တော်ပါဘူးလေ . . .)

ထိုသို့ တွေးပြီးနောက် ရဲရှောင် သက်ပြင်းချလိုက် သည်။

ထို့နောက် ဟန်ပိုင်ယွဲ့၏ လက်ကို ဆွဲကိုင်ရင်း နောက်သို့ ဖယ်ပေးရန်သာ ဟန်ပြင်လိုက်သည်။

သို့သော် ရဲရှောင်မှ ဆောင်ဂျူ မျက်နှာထောက်ကာ ထိုသို့လုပ်ရန် ဟန်ပြင်လိုက်သော်လည်း လူငယ်မှာမူ ငြိမ်ငြိမ်ချမ်းချမ်း မနေလိုသည့် ဟန်ပင်။

လူငယ်၏ မြင်းမှာ ဟီသံပြုလိုက်ရင်း ရှေ့ခြေနှစ် ချောင်းကို မြောက်ကာ ရဲရှောင်တို့ ရှိရာသို့ ဦးတည်၍ ပြေးနှင်လာလေသည်။

ထိုအခါ ကျန်လူ ၁၀ ယောက်ကျော်တို့မှာလည်း ၎င်းတို့၏ မြင်းများကို ပြန်လှည့်၍ လာကြသည်။

အရှိန်အဟုန် အပြည့်ဖြင့်ပင် ဦးတည် လာနေကြ ခြင်း ဖြစ်သည်။

သို့သော် ရဲရှောင်တို့၏ အမြင်တွင်မူ ထိုမြင်ကွင်း မှာ ဘာဆိုဘာမှ မဟုတ်ချေ။

၎င်းတို့ စိတ်ထဲ၌ အံ့ဩခြင်းသာလျှင် ရှိနေသည်။

(ဘာလဲဟ . . .)

“သူတို့က ငါ့ကို သိနေကြတာလား . . .”

ဟန်ပိုင်ယွဲ့မှ အံ့ဩသွားဟန်ပါပင်။

ထိုစကားကြောင့် ရဲရှောင်မှာ ဆွံ့အသွားသည်။

ထို့ကြောင့် လေသံတီးတိုးဖြင့် -

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now