Chapter (942)"မင်းဘယ်သူလဲ"

143 12 0
                                    

Chapter (942)(စာစဉ် ၆၈- အပိုင်း၄)

“မင်းဘယ်သူလဲ”

လမ်းတစ်လျှောက်တွင်လည်း ရဲရှောင်မှ အရိပ်မဲ့ ၏ ပါးစပ်အတွင်း ဆေးလုံးများကို ထည့်ပေးခဲ့သည်။

ထို့ပြင် ဆေးလုံး၏ စွမ်းအင်ကို ချေဖျက်နိုင်ရန် သူ၏ စွမ်းအင်များကို အရိပ်မဲ့၏ ကျောအတွင်းသို့ ထည့်သွင်းပေးခဲ့သည်။

မဲလုံးကလည်း တာဝန်ကျေစွာဖြင့် ပြေးလွှားလျက် ရှိသည်။

သို့သော် သေလုမျောပါး အားနည်းနေသော လူ တစ်ဦးအဖို့ အတော်ကြမ်းတမ်းသော ခရီးဟုဆိုရမည်။

မည်မျှကြမ်းတမ်းပါစေ၊ နာကျင်ပါစေ တောင့်ခံရ မည်ဖြစ်ကြောင်း အရိပ်မဲ့ ကောင်းစွာ သိသည်။

အကယ်၍ ရပ်တန့်လိုက်ပါက ရန်သူများ၏ ဖမ်းဆီးခြင်းကို ခံရပြီး အသတ်ခံရနိုင်သည်။

ထိုသို့ ခရီးနှင်လာရင်းဖြင့် အရိပ်မဲ့မှာ မျက်လုံးများ ကို မှိတ်လိုက်ပြီး စွမ်းအင်များကို စုစည်းနိုင်ရန် ကြိုး စားလိုက်သည်။

စိတ်ထဲတွင်လည်း ရဲရှောင်နှင့် ပတ်သက်၍ နား မလည်နိုင် ဖြစ်နေသည်။

(ဒီလူက ဘယ်သူများလဲ . . .)

(သူက ငါ့ကို ကယ်ခဲ့တယ် . . .)

(ငါ့အတွက် တိုက်ခိုက်ပေးခဲ့တယ် . . .)

(တွေဝေမှုတောင် နည်းနည်းလေးမှ မရှိခဲ့ဘူး၊ လုပ် စရာရှိတာကိုလည်း ပြတ်ပြတ်သားသား လုပ်ခဲ့တယ်၊ ကြည့်ရသလောက် ဒီလူက သိုင်းလောကမှာ အတွေ့ အကြုံ ရင့်ကျက်တဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ် . . .)

(ရန်သူတွေက နေရာအနှံ့က လာနေကြပြီ အဲဒါ တောင် တည်တည်ငြိမ်ငြိမ်နဲ့ သူ့မြင်းကို လှမ်းခေါ် လိုက်သေးတယ် . . .)

(နောက်ပြီး သူရွေးချယ်ခဲ့တဲ့ လမ်းကလည်း ငါတို့ အသက်ရှင်နိုင်မယ့် လမ်းပဲ . . .)

(သူ့ဆုံးဖြတ်ချက် မှန်သမျှက မှန်ကန်နေတော့တာ ပါလား . . .)

(သူ့စိတ်အခြေအနေကလည်း တော်တော်ကြီးကို အားကောင်းတယ်လို့ ပြောရမယ်၊ ကိစ္စတွေအပေါ်မှာ လျင်လျင်မြန်မြန်နဲ့ ဆုံးဖြတ်ချက် ချနိုင်တယ် . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now