1021---1022

130 12 0
                                    

အခန်း (၁၀၂၁)(စာစဉ် ၇၃- အပိုင်း ၁၃)

“တိုးတက်လာသော နင်ဘီလျူ”

ထိုနေ့ ညတွင်ပင် ဖြစ်သည်။

လူများမှာ အကြောင်းရင်း ကိုယ်စီဖြင့် အိပ်မပျော် နိုင်သည့် ညတာကြီးကို ဖြတ်သန်းနေကြသည်။

“ရွှစ် . . .”

နင်ဘီလျူ၏ အဝတ်အစားများတွင် သွေးများ စွန်း ထင်သွား၏။

သူ၏ ဓားကို သက်လတ်ပိုင်းအရွယ် လူ၏ လည် ပင်းထံသို့ တိကျစွာ ထိုးစိုက်လိုက်ခြင်း ဖြစ်သည်။

ထိုလှုပ်ရှားမှုမှာ စက္ကန့်ပိုင်းမျှပင် ကြာပြီး အဆိုပါ သက်လတ်ပိုင်းအရွယ် လူမှာလည်း သေဆုံးခဲ့ရသည်။

ဓားချက် တစ်ချက်တည်းဖြင့် ထိုလူ၏ အသက်ကို နှုတ်ယူလိုက်နိုင်ခြင်းပါပင်။

ထို့နောက် ချက်ချင်းပင် သတိကြီးကြီးဖြင့် အရှေ့ သို့ ပြေးထွက်သွားလိုက်သည်။

သူ၏ နောက်ရှိ လူများမှာ အံ့ဩမှုကြောင့် ခဏမျှ မှင်သက်သွားကြသည်။

ထို့နောက်မှသာ လူလေးငါးယောက်မှာ နင်ဘီလျူ ထံသို့ တဟုန်ထိုး ပြေးလိုက်သွားကြ၏။

“သူ့ကို သတ်ကြ . . .”

“မလွတ်စေနဲ့ . . .”

နင်ဘီလျူအဖို့ အနားယူရန်ပင် အချိန်မရှိ၊ အသက် လုကာ ပြေးနေရသည်။

ထိုအခြေအနေသို့ ရောက်အောင် ဖြစ်စေခဲ့သည့် အကြောင်းရင်း အစမှာ ယခုညမတိုင်ခင် လွန်ခဲ့သည့် သုံးလခန့်က စတင်ခဲ့သည်။

ထိုနေ့ည၌ မိန်းကလေးငယ် တစ်ဦးအား ဖျက်ဆီး ရန် ကြိုးစားနေသည့် လူကို နင်ဘီလျူမှ သတ်ဖြတ်ခဲ့ သည်။

ထိုသတ်ခံလိုက်ရသည့် လူငယ်မှာ မူလအိပ်မက် အဆင့်တစ်သာ ရှိသေးသည်။

သို့သော် ကျောထောက် နောက်ခံမှာမူ အင်အား ကြီးမားလှ၏။

ထိုလူငယ်မှာ ကောင်းကင် ပင်လယ် ဂိုဏ်းချုပ်၏ အငယ်ဆုံးသားလည်း ဖြစ်သည်။

အဆိုပါ ဂိုဏ်းမှာ ဂိုဏ်းကြီးများအနက် တစ်ဂိုဏ်း အပါအဝင်လည်း ဖြစ်လေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now