Chapter (938)"အဆင့်တက်ခြင်း"

156 23 2
                                    

Chapter (938)(စာစဉ် ၆၇- အပိုင်း၁၄)

“အဆင့်တက်ခြင်း”

ရဲရှောင်က လင်းယုန်ကြီးကို ကြည့်လိုက်ပြီး -

“မင်းပြန်လိုက်ပါ . . .”

“ငါအချိန်ရတဲ့အခါ ပြန်လာခဲ့ပါ့မယ် . . .”

“ဒါမှမဟုတ် မင်းအရွယ်ရောက်လာတဲ့ အခါကျ ငါ့ကို လာရှာရင် လာရှာပေါ့ . . .”

လင်းယုန်ကြီးလည်း ရဲရှောင်၏ လက်ကို ခေါင်း ဖြင့် တိုးဝေ့လိုက်သည်။

မခွဲချင်ဘဲ ခွဲရသဖြင့် ဝမ်းနည်းနေဟန်ပါပင်။

အားဟူကိုလည်း ဘာသာပြန်ပေး၍ ကျေးဇူးတင် သည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

တဖန် တောင်ပံကြီးများကို တဖျတ်ဖျတ် ခတ်ပြီး ပျံသန်းရန် ဟန်ပြင်လိုက်သည်။

နောက်ဆုံးတွင် မြားတစ်စင်းပမာ ပျံသန်းသွားပြီး ရဲရှောင်တို့၏ မြင်ကွင်းမှ ပျောက်ကွယ် သွားပါတော့ သည်။

အားဟူမှာမူ ၎င်း၏ ပါးစပ်ကို လက်တစ်ဖက်ဖြင့် ကာထားရင်း ပြုံးစိစိ ဖြစ်နေသည်။

ရဲရှောင် နားမလည်နိုင် ဖြစ်နေသည်။

အားဟူက ရဲရှောင် လှမ်းကြည့်နေသည်ကို မြင်၍ လက်ပြန်ချကာ မျက်နှာထားကို ပြင်လိုက်သည်။

ဘာမှမဖြစ်သလို ပုံစံမျိုးဖြင့် ဟန်ဆောင်လိုက်ခြင်း ပင်။

တကယ်တမ်းတွင် အားဟူက အနည်းငယ်ကိုသာ ဘာသာပြန်ပေးခဲ့မှန်း ရဲရှောင် မသိချေ။

လင်းယုန်ကြီးက တောင်ပံသုံးချက် ခတ်ပြခြင်းမှာ ၃လနေလျှင် အဆင်သင့်ဖြစ်ကြောင်း ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော် အားဟူကမူ ရဲရှောင်အား ၃နှစ်ဟု ပြောခဲ့ သည်။

အားဟူ ထိုသို့ လုပ်ကြံမည်မှန်း ရဲရှောင်လည်း မထင်ထားပေ။

သူ့အဖို့ လင်းယုန်စကားကို နားမလည်၍ အားဟူ က အကောင်းဆုံး ဘာသာပြန်ပေးမည်ဟု ထင်မှတ်မိခဲ့ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now