Chapter (951)"ခိုင်မြဲသော ညီအစ်ကို သံယောဇဉ်"

137 13 0
                                    

Chapter (951)(စာစဉ် ၆၈- အပိုင်း၁၃)

“ခိုင်မြဲသော ညီအစ်ကို သံယောဇဉ်”

ရဲရှောင်မှ ခေါင်းညိတ်လိုက်ပြီး -

“ဟုတ်တယ် . . .”

ရဲရှောင် စိတ်မပါလက်မပါ ဖြစ်နေမိသည်။

ဟန်ပိုင်ယွဲ့နှင့် ၂နှစ်ကျော်ပြီးမှ ပြန်တွေ့ရ၍ ပျော် ရွှင်မိသော်လည်း လေးငါးနာရီခန့် ကြာပြီးနောက်တွင် မူ ထိုပျော်ရွှင်မှုများက အဆုံးသတ်သွားခဲ့ရသည်။

“ဒါနဲ့ နေစမ်းပါဦး မင်းက ဘယ်လိုဖြစ်ပြီး ဒီလို ပုံစံ မျိုး ဖြစ်သွားရတာလဲ . . .”

“မင်းလည်း မူလတာအိုအဆင့် ပညာရှင်ပဲလေ ဒါတောင် ဘာလို့ မဟုတ်တဲ့ မေးခွန်းတွေကို ပါးစပ် အညောင်းခံပြီး လာမေးနေတာလဲ . . .”

ရဲရှောင် စိတ်မရှည်တော့၍ ဘုဘောက်ပင် ပြော လိုက်သည်။

ဟန်ပိုင်ယွဲ့မှ ရယ်ကျဲကျဲဖြင့် -

“အေး ထားပါတော့ . . .”

“ဒါက ပြန်လည်ဝင်စားခြင်း ပုံစံမျိုးပဲ . . .”

“ဒါပေမယ့် တကယ် မဟုတ်ဘူးပေါ့ . . .”

ရဲရှောင် သူ၏ ခေါင်းများ တဗျင်းဗျင်း မြည်အောင် ပင် ကုတ်လိုက်တော့သည်။

ထို့နောက် -

“တော်တော် တော်လိုက်တော့ . . .”

“မင်းကို အစကနေ ရှင်းပြမှကို ရတော့မယ် . . .”

ထိုသို့ ပြောပြီးနောက် ရဲရှောင်မှ အရာအားလုံးကို ရှင်းပြလိုက်တော့သည်။

ဟန်ပိုင်ယွဲ့မှ ခေါင်းတဆတ်ဆတ် ညိတ်ကာ နား ထောင်နေရင်းဖြင့် -

“ဪ ဒီလိုလား . . .”

“ငါသိပြီ ငါသိပြီ နားလည်သွားပြီ . . .”

“ဒါနဲ့ မင်းငါ့ကို ဘာလို့ မထိုးသေးတာလဲ မင်းပဲ ခုနက ငါ့ကို ထိုးချင်တယ်လို့ ပြောနေတာ မဟုတ်ဘူး လား . . .”

“လုပ်စမ်းပါ လုပ်လိုက်စမ်းပါ . . .”

“မင်းရဲ့ ထူးခြားတဲ့ တိုက်ကွက်တွေသုံးပြီး ငါ့ကို မြန်မြန် တိုက်ခိုက်လိုက်စမ်းပါ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now