Chapter (949)"တစ်ဦးတည်းသော လူ"

138 17 0
                                    

Chapter (949)(စာစဉ် ၆၈- အပိုင်း၁၁)

“တစ်ဦးတည်းသော လူ”

“မင်းက အစ်ကိုရဲရဲ့ အမွေဆက်ခံသူပဲ ဖြစ်ရမယ်”

လက်ရှိတွင် နှစ်ဦးသားမှာ အခြားနေရာတစ်ခုသို့ ရောက်နေကြပြီ ဖြစ်သည်။

ရန်သူများနှင့် ဝေးရာသို့ ရောက်နေပြီဖြစ်၍လည်း ဟန်ပိုင်ယွဲ့အဖို့ စိတ်အေးလက်အေး ဖြစ်နေသည်။

ထို့ကြောင့် သူသိချင်သည့် ကိစ္စအား စကားပြန်၍ ဆက်လိုက်ခြင်း ဖြစ်သည်။

(ဒီကောင်လေးက အစ်ကိုရဲရဲ့ အမွေဆက်ခံသူပဲ)

(အစ်ကိုရဲက တကယ်ကို တော်တဲ့ သူရဲကောင်း တစ်ယောက်ဆိုတော့ သူ့ရဲ့ အမွေဆက်ခံသူကလည်း သူ့လိုပဲ တော်တဲ့လူ ဖြစ်ရမယ် . . .)

(ဒါပေမယ့် ဘယ်အချိန်က ဘယ်လို တပည့်မွေး လိုက်တာပါလိမ့် . . .)

(အင်းလေ ဘာပဲဖြစ်ဖြစ် အစ်ကိုရဲရဲ့ တပည့်ဆိုမှ တော့ ငါ့အသက်နဲ့ ရင်းပြီကို ကာကွယ်ပေးရတော့မှာ ပေါ့ . . .)

(နောက်ပြီး ရှောင်ဧကရာဇ်ဆိုတဲ့ နာမည်က ဒီလူ ငယ်လေး လက်ထက်မှာ ပိုပြီး တောက်ပလာတော့ မယ် ထင်တယ် . . .)

ဟန်ပိုင်ယွဲ့မှာ ထိုသို့ တွေးရင်းဖြင့် သွားများပေါ် အောင်ပင် ပြုံးနေသည်။

ရဲရှောင်မှာမူ ဟန်ပိုင်ယွဲ့ကို ကြည့်ပြီး ပြောစရာ စကားများ ပျောက်ဆုံးနေလျက် ရှိသည်။

(ငါဘယ်သူလဲဆိုတာ ပြဖို့ ငါလုပ်နိုင်သမျှ လုပ်ပြခဲ့ ပြီးပြီ၊ ငါ့ရဲ့ သရုပ်မှန်ကို မင်းသိဖို့ မြင်သင့်သမျှလည်း အကုန် မြင်ပြီးသွားပြီ . . .)

(အဲဒါတောင် မင်းက ငါ့ကို အစ်ကိုရဲရဲ့ အမွေဆက် ခံသူလားဆိုပြီး မေးနေသေးတယ် . . .)

(ဒါတောင် ပြုံးဖြီးဖြီးကြီး လုပ်ပြီး ကျေနပ်နေသေး တယ် . . .)

(သူ့ရဲ့ ထူးဆန်းတဲ့ အကြည့်တွေကိုလည်း ကြည့် စမ်းပါဦးကွာ . . .)

(ဘုရား . . .  ဘုရား . . .)

(ငါ့ကို အဲဒီလိုကြီး ကြည့်မနေစမ်းပါနဲ့ . . .)

(ဪ တကယ်တော့ သူက ငါ့အပေါ် အခွင့်အရေး ယူချင်နေတာပဲ . . .)

(လက်စသတ်တော့ သူ့ကို ဦးလေးလို့ အခေါ်ခံစေ ချင်နေတာကိုး . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now