Chapter (890) "ဂွမ်လင်းရှောင်"

168 16 0
                                    

Chapter (890)(စာစဉ် ၆၄- အပိုင်း၈)

“ဂွမ်လင်းရှောင်”

ထိုအခါ ကျယ်လောင်သော ရယ်သံကြီးနှင့်အတူ အရိပ်တစ်ခုက ထွက်ပေါ်လာသည်။

တစ်စုံတစ်ယောက်မှ လူလုံးပြလာခြင်းပါပင်။

ရဲရှောင် ပုံဖော်ထားသည့်အတိုင်း အရပ်ရှည်ရှည် လူကောင်ထွားထွားနှင့် ဖြစ်နေသည်။

သာမန်လူများထက်ပင် ခေါင်းတစ်လုံး ပိုမြင့်နေပါ သေးသည်။

ထိုလူ တောအုပ်ထဲမှ ထွက်လာသည့်ပုံက မျှော်စင် ကြီးတစ်ခု ထွက်လာသည်နှင့်ပင် တူနေသည်။

ထို့ပြင် သူ၏ ခြေလှမ်းကျဲကြီး များကလည်း မြေပြင်တစ်ခုလုံး တုန်ခါသွားမတတ်ပါပင်။

သို့သော် ထိုလူက ပုံမှန်အတိုင်း လျှောက်လာခြင်း သာ ဖြစ်သည်။

မည်သည့် စွမ်းအင်ကိုမှ အသုံးပြုထားခြင်း မရှိပါ။

ထိုမျှဖြင့်ပင် အရှိန်အဝါက ကြီးမားနေခြင်း ဖြစ် သည်။

ထို့ပြင် မုတ်ဆိတ်မွှေးများက ထူထဲစွာ ပေါက်နေ ပြီး ဆံပင်များကလည်း ဖရိုဖရဲပင် ဖြစ်နေသည်။

သို့သော် ထိုလူ၏ ပုံစံက တစ်မျိုးတစ်မည် ကြည့် ကောင်းနေပြန်ပါသေးသည်။

လူထွားကြီးက အပြုံးဖြင့် -

“ကောင်လေး . . .”

“မင်းက သီချင်းကောင်းကောင်း ဆိုတတ်သားပဲ၊ ဒါပေမယ့် မင်းက တော်တော်ငယ်သေးတာပဲ . . .”

“ဒါတောင် မင်းက ဒီသီချင်းကို ကောင်းကောင်း ဆိုနိုင်နေတယ် . . .”

ရဲရှောင် ပြုံးလျက် -

“ကျုပ်တော့ မြောက်သွားပြီ . . .”

“ပင်ပန်းနေတော့လည်း ဒီလိုပဲ သီချင်းလေး ဘာလေး ညီးမိတာပါဗျာ . . .”

“ဒါပေမယ့် ခင်ဗျား ဆိုတာက ပိုကောင်းနေပါ သေးတယ် . . .”

“ခင်ဗျားက သိုင်းလောကထဲမှာ အတွေ့အကြုံ တော်တော်များနေပြီ ထင်တယ်၊ စာသားတွေက ခင်ဗျား နှလုံးသားထဲက လာတဲ့ စာသားတွေပဲ . . .”

“ဒါနဲ့စကားမစပ် ခင်ဗျားရဲ့ နာမည်ကိုများ သိခွင့် ရှိမလား . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now