Chapter (950)"ငါပါ"

149 19 0
                                    

Chapter (950)(စာစဉ် ၆၈-အပိုင်း၁၂)

“ငါပါ”

ဟန်ပိုင်ယွဲ့ နှုတ်ခမ်းများ ကွေးအောင်ပင် ပြုံးရင်း စိတ်ထဲ ကျေနပ်သွားသည်။
ထို့နောက် ရဲရှောင်အား တစ်ချက် ကြည့်ပြီးနောက် တည်ငြိမ်သော အသွင် ချက်ချင်း ပြောင်းသွားသည်။
(ငါထင်သလို ဖြစ်နေမလား . . .)
ရဲရှောင်လည်း ဟန်ပိုင်ယွဲ့၏ ပြောင်းလဲသွားသော အမူအရာကို ချက်ချင်း သဘောပေါက်လိုက်သည်။
ထို့ကြောင့် စူးစိုက်ကြည့်လိုက်ပြီး -
“ငါ့ကောင် . . .”
“ငါပါကွ . . .”
စကားလုံး အနည်းငယ်မျှသာ ဖြစ်သော်လည်း အဓိပ္ပာယ်မှာမူ ရိုးရှင်းလှသည်။
ရဲရှောင်၏ စကားက ထပ်မေးစရာ မလိုအောင်ပင် ပြည့်စုံသွားပြီ မဟုတ်ပါလား။
ကိစ္စများက ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်လာ သော်လည်း တကယ်ကြားလိုက်ရသည့် အချိန်တွင်မူ ဟန်ပိုင်ယွဲ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
စိတ်လှုပ်ရှားမှုကြောင့်လည်း မျက်နှာ တစ်ခုလုံး နီရဲသွားသည်။
တဖန် ခြေဖျားလက်ဖျားများပင် အေးစက်လာပြီး သွေးမရှိတော့သည့်အလား ဖြူရော်ရော် ဖြစ်သွားပြန် သည်။
နောက်ဆုံးတွင်မူ တဆတ်ဆတ် တုန်ယင်နေသော သူ၏ နှုတ်ခမ်းမှ မပီမသ စကားသံအချို့ ထွက်ပေါ် လာသည်။
“မင်း မင်း မင်း . . .”
“မင်း တ တ တကယ်ပဲလား . . .”
ရဲရှောင် သက်ပြင်းချလိုက်ရင်း -
“တကယ်ပဲပေါ့ကွာ . . .”
“မင်းထင်သလို တကယ့် အစစ်ပါကွာ . . .”
“ငါ ရဲရှောင်ပါ . . .”
နားရှိ၍သာ ကြားလိုက်ရသည့် ထိုစကားများမှာ ဟန်ပိုင်ယွဲ့အဖို့ ယုံချင်စရာ မရှိပေ။
သို့သော် အဖြစ်အပျက်များက သံသယ ရှိစရာမလို အောင်ပင် ရှင်းလင်းနေသည် မဟုတ်ပါလား။
ထို့ကြောင့် တုန်ယင်သော အသံဖြင့် -
“မင်း မင်း မင်း . . .”
ဝမ်းနည်း ဝမ်းသာသည့် စိတ်များ ပေါင်းစပ်သွား ချိန်တွင်မူ ဟန်ပိုင်ယွဲ့မှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ မျက်ရည်များ ကျလာတော့သည်။
“ကိုယ့်ဆရာရာ . . .”
“မင်းက ငါ့ရဲ့ ကျေးဇူးရှင်ပါ . . .”
“မင်းငါ့အတွက် လုပ်ပေးခဲ့တာတွေကို ဘယ်တော့ မှ မမေ့ဘူး . . .”
“မင်းရဲ့ သေဆုံးမှုအတွက် ငါကလဲ့စား ပြန်ချေပေး မှာပါ ငါ့ကို ယုံကြည်ပါ . . .”
“မင်းပြန်လာမယ်ဆိုတာလည်း ငါသိတယ် မင်းငါ့ ကို တွေ့ချင်နေရှာမှာပေါ့ . . .”
“မင်းက ငါ့ကို နောက်တစ်ကြိမ်တောင် ထပ်ပြီး ကယ်တင် ပေးခဲ့သေးတယ်နော် . . .”
“အဲဒီအတွက်လည်း မင်းဘက်က ငါ့ကို ဘာမှ ပြန် မတောင်းဆိုဘူးဆိုတာ ငါသိပါတယ် ဒါပေမယ့် မင်း အတွက် ငါသေချာပေါက် ကလဲ့စားချေပေးမယ် . . .”
“မီးပင်လယ်ကို ဖြတ်ပြီး ဓားတောင်ကို ကျော်ရဦး မယ် ဆိုရင်တောင် မင်းအတွက် ဇွဲလုံးဝမလျှော့ဘူး”
“ငါကတိပေးပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းသုံးခု ကို ငါအမြစ်ကနေ လှန်ပစ်မယ် . . .”
“မင်းရဲ့ အမုန်းတရားတွေကို ငါဖြေဖျောက်ပေးပါ့ မယ် . . .”
“အဲဒီအတွက် ငြိမ်းချမ်းစွာ အနားယူပါတော . . .”
ဟန်ပိုင်ယွဲ့မှာ မျက်လုံးများကို စုံမှိတ်ထားပြီး တရစပ်ပင် ပြောဆိုလျက် ရှိနေသည်။
ရဲရှောင်လည်း အစပိုင်းတွင် ဟန်ပိုင်ယွဲ့ ပြောသည့် စကားများကြောင့် ရင်ထဲ ထိမှန်လျက် ရှိသည်။
သို့သော် အဆုံးသတ် စကားကမူ သူ့ကို ဆွံ့အသွား စေသည်။
(ငါလခွမ်းတဲ့မှပဲကွာ . . .)
(ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး . . .)
(ဒီခွေးသားလေးက ငါ့ကို သရဲဝင်ပူးတယ်လို့ ထင် နေတာပဲ . . .)
(ငါ့ရဲ့ ဘယ်နေရာက သရဲနဲ့ တူနေလို့လဲ . . .)
(ငါကဘာမှ ပြန်မတောင်းဆိုဘူး ဆိုတာကိုရော မင်းက ဘယ်လို သိနေတာလဲ . . .)
(နောက်ပြီး ငါကသရဲတစ္ဆေ မဟုတ်ဘူးလေ . . .)
(ငြိမ်းချမ်းစွာ အနားယူတော့ ဆိုတဲ့ စကားကရော ဘာကြီးလဲ . . .)
ရဲရှောင်မှာ ဟန်ပိုင်ယွဲ့ကို ကြည့်ပြီး ဒေါသအကြီး အကျယ် ထွက်နေမိသည်။
‘တုံးအရကောင်းလား’ ဆိုသည့် စကားကို ထပ်ခါ တလဲလဲ မေး၍ ဟန်ပိုင်ယွဲ့၏ ခေါင်းကိုလည်း အကြိမ် ကြိမ် ထုရိုက်ပစ်ချင်နေမိသည်။
ထိုခေါင်းထဲတွင် မည်သည့် အရာများ ရှိနေသည် ကိုလည်း သူသိချင်နေမိသည်။
(ငါက နောက်ခန္ဓာကိုယ်ထဲ ပြန်ဝင်စားသွားတယ် ဆိုတဲ့ အချက်ကျ ဘာလို့ မစဉ်းစားမိတာလဲ၊ အဲဒါကမှ ပိုပြီး ဖြစ်နိုင်ချေ ရှိတာ မဟုတ်ဘူးလား . . .)
(ဖြစ်နိုင်ချေ ရှိတာကိုကျ မစဉ်းစားဘူး မဟုတ်တဲ့ သရဲတစ္ဆေကိုကျ စဉ်းစားမိတယ် . . .)
(မင်းခေါင်းထဲမှာ ချီးတွေများ ရှိနေသလား . . .)
“မင်း မင်း မင်းကတော့ကွာ . . .”
ရဲရှောင်မှ ဟန်ပိုင်ယွဲ့ကို ကြည့်ရင်း စိတ်ပျက်လက် ပျက်ဖြင့် ပြောလိုက်သည်။
“ငါမသေဘူးကွ မင်းဘာတွေ ပြောနေတာလဲ . . .”
“ငါက အခု မင်းရှေ့မှာ အသက်ရှင်လျက် ရောက် နေပြီလေ . . .”
“အဲဒါကို မင်းက ပြောချင်ရာတွေ ပြောနေတော့ ငါက ဘာဆက်လုပ်ရတော့မှာလဲ . . .”
“မင်းက ငါ့ကို အဲဒီလောက်ထိတောင် သေစေချင် နေတာလားကွ . . .”
ထိုစကားကြောင့် ဟန်ပိုင်ယွဲ့မှာ မျက်လုံးများကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
အမှန်တရားကိုလည်း လက်မခံနိုင် သေးသည့်ပုံ ပင်။
ခဏအကြာမှသာ မျက်တောင် ပုတ်ခပ် ပုတ်ခပ် လိုက်လုပ်ရင်း -
“မင်း မင်း မင်းခုနက ဘာပြောလိုက်တာ . . .”
“ငါက ဘာပြောရမှာလဲ . . .”
“ငါအသက်ရှင်နေတယ်လို့ ပြောတာလေ၊ မင်း ဒီ ရက်တွေအတွင်းမှာ ဘယ်လိုများ အသက်ရှင်နေထိုင်ခဲ့ တာလဲ၊ လူစကားတောင် နားမလည်တော့ဘူးလား”
ရဲရှောင်မှ မကျေမချမ်းဖြင့် ပြောလိုက်သည်။
“အသက်ရှင်နေသေးတယ် ဟုတ်လား . . .”
ဟန်ပိုင်ယွဲ့မှာ မျက်တောင် ပုတ်ခပ် ပုတ်ခပ် လုပ် ရင်း ပြောလိုက်ပြန်သည်။
ရဲရှောင် ပြောသည့် စကားများကို နားလည်ရန် ခက်ခဲနေသည့် ပုံမျိုးလည်း ရှိသည်။
ခဏအကြာမှသာ အားရဝမ်းသာဖြင့် ထခုန်လိုက် ပြီး -
“အသက်ရှင်နေသေးတယ်လား . . .”
ရဲရှောင်မှာမူ စကားပြောချင်စိတ် မရှိတော့။
ရူးကြောင်ကြောင် ဖြစ်နေသော ဟန်ပိုင်ယွဲ့ကို ငေး ၍သာ ကြည့်နေတော့သည်။
“ဘုရား ဘုရား . . .”
ဟန်ပိုင်ယွဲ့မှ သူ၏ ဆံပင်များကို လက်ဖြင့် ထိုးဖွ ရင်း အော်ဟစ်လိုက်သည်။
“မင်းက မသေဘူးပေါ့၊ မင်းက အသက်ရှင်နေသေး တယ်ပေါ့၊ ဘယ်လို ဖြစ်သွားရတာလဲ . . .”
ဟန်ပိုင်ယွဲ့မှာ ဆံပင်များ ထိုးဖွလိုက် ခုန်ဆွခုန်ဆွ လုပ်လိုက်ဖြင့် ဂဏာမငြိမ်ပင် ဖြစ်နေသည်။
“ငါက ဘယ်လို အသက်ရှင်နေရတာလဲဆိုတာ ဘာကို ပြောတာလဲ၊ မင်းက ငါ့ကို အသက်မရှင်စေချင် တော့ဘူးလား . . .”
ရဲရှောင်မှ စိတ်မရှည်သည့် လေသံဖြင့် အော်ဟစ် လိုက်သည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး . . .”
“ငါက မင်းကို အသက်ရှင်စေချင်တာပေါ့ . . .”
“ဘယ်လို ဖြစ်သွားတယ်ဆိုတာ သိချင်လို့ပါ . . .”
ဟန်ပိုင်ယွဲ့မှ ပျာသလဲလဲဖြင့် ရှင်းပြလိုက်သည်။
“သေလိုက်ပါတော့ကွာ . . .”
“ငါအသက်ရှင်နေတယ်ကွ . . .”
“မင်းနားမလည်ဘူးလား ငါမသေပါဘူး ဆိုနေမှ၊ မင်းမေးနေတဲ့ မေးခွန်းက တော်တော်ကို မိုက်မဲတဲ့ မေးခွန်းပဲ . . .”
“မင်းပါးစပ်ကို ပိတ်လိုက်တော့ ဒီမှမဟုတ်ရင် မင်း ကိုငါသေအောင်ထိ ရိုက်ပစ်တော့မှာ . . .”
ထိုသို့ ပြောရင်းဖြင့် ရဲရှောင်က ဟန်ပိုင်ယွဲ့ကို ထိုး ရန် ဟန်ပြင်လိုက်သည်။
သူ့အဖို့ မည်သို့ ထပ်မံ ရှင်းပြရမည်ကိုလည်း မသိ တော့ချေ။
(ငါမသေသေးဘူးကွ . . .)
(ဒီလောက် ရိုးရှင်းတဲ့ အခြေအနေကိုတောင် သူက ဘာကြောင့်ဆိုတာ လာမေးနေတယ်သေးတယ် . . .)
(ကလေးတောင် စဉ်းစားရင်း သိနိုင်တဲ့ အဖြေကို သူက အူကြောင်ကြောင် လုပ်နေတယ် . . .)
တုံးအလွန်းနေသော ဟန်ပိုင်ယွဲ့ကို ကြည့်ရင်း ရဲရှောင် စိတ်ဓာတ်ကျလာမိသည်။
သူ့အဖို့ ထိုမျှ တုံးလွန်းနေသော လူကို ရိုက်ပစ်ရန် မှ လွဲ၍ အခြားမရှိနိုင်ကြောင်း တွေးလိုက်မိသည်။
အံ့ဩမှုကြောင့် စဉ်းစားနိုင်ခြင်း မရှိတော့သည်ကို ရဲရှောင် နားလည်ပေး၍ ရနိုင်သေးသည်။
သို့သော် သေရာမှ ပြန်မရှင်စေချင်သည့် ပုံစံမျိုး ဖြင့် ပြောနေသည့် စကားများကိုမူ နားမလည်နိုင်ဖြစ် နေသည်။
ဟန်ပိုင်ယွဲ့မှာမူ အရူးတစ်ယောက်လိုပင် ခုန်ဆွခုန် ဆွ လုပ်နေတုန်းပါပင်။
တကယ်တမ်းတွင် သူကိုယ်တိုင်ပင် သူ့နှုတ်မှ မည် သည့် စကားများ ပြောနေမိသည်ကို သတိထားမိလိမ့် မည် မဟုတ်ပေ။
“မင်း ရပ်လိုက်လို့ မရဘူးလား . . .”
“ငါမင်းကို မရိုက်သေးဘူးဆိုတာ အခုချိန်မှာ ငါ က အားနည်းနေသေးလို့ပဲ . . .”
“ဒီလိုမှ မဟုတ်ရင် မင်းကို ပိုးဆိုးပက်စက်ကို ရိုက် ပစ်နေပြီမှတ် . . .”
ရဲရှောင် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“ငါတို့ အခုရောက်နေတဲ့ နေရာကိုလည်း မေ့မနေ နဲ့ဦး၊ မင်းက ရန်သူတွေ သတိထားမိပြီး ရောက်လာ အောင် လုပ်နေတာပဲ . . .”
ထိုစကားကြောင့် ဟန်ပိုင်ယွဲ့မှ ချက်ချင်းပင် စိတ် ကို တည်ငြိမ်အောင် ထားလိုက်သည်။
“ဟုတ်တယ် . . .”
“ဒါဆိုလည်း သွားကြစို့ . . .”
“ငါတို့တွေ စကား အေးအေးဆေးဆေး ပြောဖို့ နေရာတစ်ခုလောက် ရှာရအောင် . . .”
ထိုသို့ ပြောပြီးနောက် ဟန်ပိုင်ယွဲ့မှ ရဲရှောင်၏ လက်ကို ဆွဲကာ ကောင်းကင်ပေါ်သို့ ခုန်တက်လိုက် သည်။
လေထဲသို့ ရောက်ချိန်တွင်လည်း ဟန်ပိုင်ယွဲ့မှာ အရူးတစ်ယောက်လို ဖြစ်နေတုန်းပင်။
“ဟားဟား မင်းက မသေဘူးကွ . . .”
“မင်းက အသက်ရှင်နေသေးတယ် . . .”
“အံ့ဩစရာပဲ . . .”
(သေလိုက်ပါတော့ကွာ . . .)
ရဲရှောင်မှာ ဒေါသအကြီးအကျယ် ထွက်နေချေပြီ။
(မင်းက ငါ့ကို အတော်သေစေချင်နေတာပဲ ဘာ တွေ ဖြစ်နေတာလဲ . . .)
(ငါမင်းကို ရိုက်ပစ်မိတော့မယ် . . .)
သို့သော် တကယ့် လက်တွေ့တွင်မူ ရဲရှောင်မှာ မည်သည့်အရာမှ မတတ်နိုင်။
ဟန်ပိုင်ယွဲ့ ဆွဲခေါ်ရာ နောက်သို့သာ လိုက်နေရ တော့သည်။
ဟန်ပိုင်ယွဲ့မှာ အရူးတစ်ယောက်လို ဖြစ်နေသည့် တိုင် အဆင့်မြင့် ပညာရှင် တစ်ဦးပင် မဟုတ်ပါလား။
၎င်းအဖို့ တစ်ဝက်ခန့်သာ ပြန်ကောင်းသေးသော် လည်း ရဲရှောင်ထက်မူ များစွာ အစွမ်းထက်နေသည်။
ထို့ကြောင့် ရဲရှောင်အတွက်မူ ဟန်ပိုင်ယွဲ့ ပြုသမျှ နုရမည့် အခြေအနေသို့သာ ရောက်ရှိနေသည်။
ထိုသို့ ပျံသန်းလာရင်းဖြင့် တောအုပ်တစ်ခုထဲသို့ ရောက်လာကြသည်။
လေ၏ တိုက်ခိုက်မှု အရှိန်ကြောင့် ဟန်ပိုင်ယွဲ့၏ မျက်လုံးများမှာ ရဲရဲနီနေပြီ ဖြစ်သည်။
နောက်ဆုံးတွင် နှစ်ဦးသားမှာ လုံခြုံစိတ်ချရသည့် နေရာသို့ ရောက်လာကြချေပြီ။
“တကယ်ပဲ မင်းဟုတ်တယ်နော် . . .”
ဟန်ပိုင်ယွဲ့မှာ ရဲရှောင်၏ လက်ကို ကိုင်၍ စိတ် လှုပ်ရှားမှု အပြည့်ဖြင့် မေးလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now