Chapter (916)"လူသေသော်လည်း နာမည်မသေ"

167 16 0
                                    

Chapter (916)(စာစဉ် ၆၆-အပိုင်း၆)

“လူသေသော်လည်း နာမည်မသေ”

ရဲရှောင်အဖို့ သူ၏ ခန္ဓာကိုယ်က လေများဖြင့် ပြည့် ကြပ်နေသော ပူဖောင်းတစ်လုံး ပမာ ခံစားနေရသည်။

ထိုပြည့်နေသော ပူဖောင်းထဲ လေများ ထပ်ထည့် နေသလို ခန္ဓာအတွင်းသို့ စွမ်းအင်များက ဝင်ပြီးရင်း တိုးဝင်လာနေကြသည်။

ထို့ပြင် တဖြည်းဖြည်းဖြင့် ထိုစွမ်းအင်များက ပြင်း ထန်သထက် ပြင်းထန်လာခဲ့သည်။

ထို့ကြောင့် ရဲရှောင်အဖို့ ခံရခက်နေခြင်းပင်။

သူ့နှစ်ဘဝစာ ကြုံတွေ့ခဲ့ရသော ကျင့်ကြံမှုများနှင့် ကျင့်စဉ်များ၊ အတွေ့အကြုံများကလည်း လက်ရှိတွင် အသုံးမဝင် ဖြစ်နေသည်။

ထို့ပြင် သူလက်ခံနိုင်သည့် ပမာဏ၏ အဆုံးစွန်ကို ရောက်နေသည့်တိုင် စွမ်းအင်များကမူ တိုးဝင်နေတုန်း  ပါပင်။

ထို့ကြောင့် ရဲရှောင်အဖို့ ငရဲကျနေသလိုပင် ခံစား နေရသည်။

နာကျင်မှုကြောင့် ခန္ဓာကိုယ်ကလည်း တီကို ဆား နှင့် ပက်သလို မြေပြင်တွင် တွန့်လိမ်နေတော့သည်။

တစ်ကြိမ်တစ်ခါ သေခဲ့ဖူးသော သူ့ဘဝ။

ငရဲထက်ပင် ဆိုးရွားသော သုံးလတာ လေ့ကျင့်မှု။

ထိုအရာများကို သူ့ဘဝတွင် အနာကျင်ရဆုံး အရာ များဟု ထင်မှတ်ခဲ့သည်။

သို့သော် ယခုအခါ သူ၏ အထင်နှင့်အမြင်များက လွဲမှားနေကြောင်း သိလိုက်ရသည်။

လေ့ကျင့်မှုများနှင့် သေဆုံးခြင်းတို့က ခန္ဓာကိုယ် အပြင်ပန်းကို နာကျင်စေခြင်းသာ။

သို့သော် ယခု ခံစားနေရသည့် နာကျင်မှုကမူ သူ၏ ဝိညာဉ်ကိုပါ သက်ရောက်နေခြင်း ဖြစ်သည်။

စင်စစ် စွမ်းအင်များက သူ၏ ဝိညာဉ်ကို တိုက်ရိုက် သက်ရောက်ခြင်းကြောင့် နာကျင်နေရခြင်းပင်။

သို့သော် ထိုသို့ သက်ရောက်လေ သူ့ဝိညာဉ်ကို ပိုမို အားကောင်းသထက် အားကောင်းစေသည်။

ယခု နာကျင်မှုက သူ့တစ်ဘဝလုံးတွင် အပြင်းထန် ဆုံးဟုပင် သတ်မှတ်၍ ရနိုင်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now