အခန်း (၉၉၀)"ရဲရင့်သောလူ"

129 13 1
                                    

အခန်း (၉၉၀)(စာစဉ် ၇၁- အပိုင်း ၁၀)

“ရဲရင့်သောလူ”

ဆောင်ရွှမ် ဒေါသထွက်နေသည်ကို ကြည့်ရင်း ဆောင်ဖေ့ အတော်ကြီး ကျေနပ်နေမိသည်။

ဆောင်ရွှမ်မှာ ပါရမီရှိ၍ သူ့ထက် ပစားပေးခံခဲ့ရ သည့်အပေါ် အမြဲမလိုမုန်းထား ဖြစ်ခဲ့ရသည်။

မျိုးနွယ်စု ခေါင်းဆောင်၏ အကြီးဆုံးသားပီပီ သူ သာလျှင် နေရာရချင်ခဲ့သည် မဟုတ်ပါလား။

ထိုအချိန်တွင် ဆောင်ရွှမ်မှာ ရုတ်တရက် အခြေနေ များ နိမ့်ပါးသွားခဲ့ရ၍ ဆောင်ဖေ့အဖို့ အကျေနပ်ကြီး ကျေနပ်ခဲ့ရသည်။

ဆောင်ရွှမ်အပေါ် သူလုပ်ချင်သလို လုပ်၍ ရနိုင်ပြီ မဟုတ်ပါလား။

သူလိုအပ်သည်မှာ အမိန့်စကားသံ တစ်ခွန်းပါပင်။

သူအမိန့်ပေးလိုက်သည်နှင့် အရာအားလုံးကို သူ့ စိတ်တိုင်းကျ ခြယ်လှယ်နိုင်ချေပြီ။

ဆောင်ရွှမ်အဖို့လည်း ကျင့်ကြံမှု အခြေအနေများ ဆုံးရှုံးသွားသည့် နေ့မှစ၍ ဆောင်ဖေ့၏ အနိုင်ကျင့် စော်ကားမှုများကို ခံခဲ့ရသည်။

အချို့ အနိုင်ကျင့်မှုများဆိုလျှင် သည်းမခံနိုင်စရာ ပင် ကောင်းလွန်းလှသည်။

ဆောင်ဖေ့အဖို့ ယခုကဲ့သို့ ပါရမီရှိသည့် လူအား အနိုင်ကျင့်ရသည်ကို သဘောအလွန်ကျနေမိသည်။

"ဘာလဲ . . ."

"မင်းရဲ့ ဦးလေး ပြန်လာတာနဲ့ မင်းတို့ရဲ့ အခြေ အနေတွေ အရင်လို ပြန်တိုးတက်လာမယ်လို့ ထင်နေ တာလား . . ."

"အိပ်မက်မက်မနေနဲ့ကွ . . ."

"အခုနေ မင်းရဲ့ဦးလေး ဒီမှာ ရှိနေရင်တောင် သူ ဘာလုပ်နိုင်မယ် ထင်လို့လဲ . . ."

"သူပြန်လာတော့ရော ဘာဖြစ်လဲ အခုထိ မင်း ဆေးပစ္စည်းတွေ စုဆောင်းနေရတုန်းပဲ မဟုတ်ဘူး လား . . ."

"အခြေနေတွေ ဘာများ ပြောင်းသွားမှာ မလို့လဲ ဟားဟား . . ."

ဆောင်ရွှမ် လက်သီးကျစ်ကျစ်ပါအောင် စုပ်ရင်း ဒေါသထွက်သွားသည်။

တကယ်တမ်းတွင် ဒေါသ ထွက်သွားသည်မှာ ဆောင်ရွှမ်တင် မဟုတ်။

ရဲရှောင်တို့ သုံးဦးလုံးလည်း ဒေါသထွက်သွားခြင်း ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now