Chapter (940)"ဓားချက်တစ်ချက်ဖြင့် ပြဿနာကို ဖြေရှင်းခြင်း"

150 16 0
                                    

Chapter (940)(စာစဉ် ၆၈- အပိုင်း၂)
“ဓားချက်တစ်ချက်ဖြင့် ပြဿနာကို ဖြေရှင်းခြင်း”

“အဲဒါကြောင့်ပဲ ပုဖေ့ရှန်ဆိုတဲ့ မင်းက နေရောင် ဂိုဏ်းမှာ ဒီအနေထားလောက်ပဲ ဖြစ်နေတာ . . .”
“ဒီထက်ပိုပြီး မြင့်တက်မယ့် အခွင့်အရေးကို မရ တာ မင်းရဲ့ ဒီလုပ်ရပ်တွေကြောင့်ပဲ . . .”
“သူတို့က မင်းကိုဆို ရွံရှာကြတယ်၊ စက်ဆုပ်ကြ တယ်၊ အထင်သေးကြတယ် . . .”
“သူတို့ရဲ့ အမြင်မှာ မင်းက သုံးစားမရတဲ့ လူဖြစ် နေဦးမှာပဲ . . .”
“အဲဒါကို မင်းလည်း သိပါတယ် . . .”
“မင်းက ဘာအစွမ်းအစမှ မရှိတော့ အင်အားကြီး တဲ့ လူတစ်ယောက်ရဲ့ မာန၊ ဂုဏ်သိက္ခာကိုလည်း မင်း ဘာမှ နားမလည်ဘူး . . .”
“မင်းလို ကောင်မျိုး အသက်ရှင်နေတာ မြေကြီး လေးရုံပဲ အဖတ်တင်တယ် . . .”
“မင်းက လောကကြီးအတွက် အမှိုက်တစ်စလိုပဲ”
ပုရှန်ဖေ့မှ ကျယ်လောင်သော အသံကြီးဖြင့် -
“မင်းဘာမှ မသိသေးပါဘူး . . .”
“ငါလုပ်တယ်ဆိုတာ ငါက အဲဒီ အင်အားကြီးတဲ့ လူတွေအကြောင်းကို သိလို့ပဲ . . .”
“မင်းက ပျော်ရွှင်မှုတွေ အကြောင်းကို ဘာမှ မသိ သေးပါဘူး . . .”
“အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့ အကြောင်းတွေ ကိုလည်း မသိသေးဘူး . . .”
“အဲဒီ ခံစားချက်တွေက စကားလုံးတွေနဲ့ ဖော်ပြဖို့ ခက်တယ်ကွ . . .”
“မင်းတစ်ခါလောက် မစမ်းကြည့်ဖူးဘဲနဲ့တော့ မင်း သိနိုင်မှာ မဟုတ်ဘူး . . .”
“အဲဒီ အင်အားကြီးလှပါချည်ရဲ့ဆိုတဲ့ လူတွေကို အောက်ဆုံးထိ ဆွဲချပြီး ကျွန်တစ်ယောက်လို ဆက်ဆံ ရတာကို ငါသဘောကျတယ် . . .”
“ငါလုပ်ချင်တာ မှန်သမျှ သူတို့ကို လုပ်လို့ ရနေ တယ်လေ . . .”
“အဲဒီခံစားချက်က တော်တော်လေး ကောင်းတာ ကို မင်းမသိသေးပါဘူး . . .”
ပုရှန်ဖေ့ ပြောနေရာမှ ခေတ္တ နားလိုက်သည်။
ထို့နောက်မှ ရယ်မောလိုက်ရင်း -
“ဒါက ငါ့ရဲ့ ခံစားချက်ပဲ ဟားဟား . . .”
“ငါဖြစ်ချင်တာတွေကို လုပ်ရဖို့အတွက် ငါ့ကိုယ်ငါ ပိုအင်အားကြီး လာအောင်လည်း လုပ်တယ် . . .”
“လူတိုင်းက ကိုယ့်နှလုံးသားရဲ့ စေခိုင်းရာအတိုင်း လုပ်ချင်ကြတာပဲလေ . . .”
“မသေခင် ငါတို့ လုပ်ချင်တဲ့ အရာကို လုပ်ရမှာပဲ၊ အဲဒါက မှားနေလို့လား . . .”
“ငါမင်းကို လေကုန်ခံပြီး စကားအပိုတွေ မပြော တော့ဘူး . . .”
“မင်းဘာတွေပဲ ပြောပြော အခု မင်းက ငါ့လက်ခုပ် ထဲက ရေဖြစ်နေပြီ . . .”
“အဲဒီတော့ ငါမင်းကို လုပ်ချင်သလို လုပ်မှာပဲ . . .”
“အရိပ်မဲ့ . . .”
“မင်းရဲ့ လက်ထဲက ဓားနဲ့ မင်းသတ်ချင်တဲ့ လူတွေ ကို မင်းက သတ်နိုင်တယ် . . .”
“မင်းက ဒီနယ်ပယ်မှာတော့ အစွမ်းထက်တဲ့ မူလ တာအို အဆင့်ကိုးရှိတဲ့ ပညာရှင်ကြီးပေါ့ . . .”
“ဒါပေမယ့် အခုတော့ မင်းက ငါ့လက်ထဲကို ရောက်နေပြီ . . .”
“ဒီလို အနေအထားမျိုးမှာ မင်းဘာလုပ်နိုင်ဦးမယ် ထင်နေတာလဲ၊ ငါပြုသမျှ မင်းနုရတော့မှာပဲ . . .”
“အင်အားကြီးတဲ့ လူတစ်ယောက်က အဆုံးစွန်ထိ အောက်ပြုတ်ကျသွားရင် ကျွန်တစ်ယောက်သာသာပဲ ဖြစ်သွားတော့မှာကွ ဟားဟားဟား . . .”
ထိုသို့ ပြောနေရင်းဖြင့် ပုလင်းလေး တစ်လုံးကို ထုတ်လိုက်ကာ ခနဲ့တဲ့တဲ့ အသံဖြင့် -
“တော်လောက်ပြီ . . .”
“လေကုန်ခံ ပါးစပ် အညောင်းခံပြီး စကားတွေ ပြောနေရတာ လုံလောက်ပြီ . . .”
“မင်းရဲ့ တကယ့် မျက်နှာအစစ်ကို ငါကြည့်ဖို့ အချိန်တန်ပြီ . . .”
“အခုလို လုပ်နိုင်လို့ ဂိုဏ်းက ငါ့ကို ဆုလာဘ်တွေ ပေးမှာ သေချာတယ် . . .”
မြေပြင်ပေါ်ရှိ လူမှာ မျက်လုံးများ မှိတ်လိုက်ပြီး သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
လက်ရှိတွင် သူ့အဖို့ ဘာမှမတတ်နိုင်တော့ချေ။
စွမ်းအင် အနည်းငယ်မျှပင် မကျန်ဘဲ အင်အားမဲ့ နေရပြီ မဟုတ်ပါလား။
သာမန် အချိန်များတွင်ဆိုလျှင် ထိုလူကို တစ်ချက် တည်းဖြင့်ပင် သတ်နိုင်သော်လည်း ယခုအခါတွင်မူ ပြုသမျှ နုရတော့မည်။
သူ့ကံကြမ္မာကိုလည်း မည်သူကမှ ပြောင်းလဲပေး နိုင်တော့မည် မဟုတ်ပါ။
(သေတာထက် ဆိုးတာ ဘာမှ မရှိတော့ပါဘူး . . .)
(ဒီနှစ်တွေထဲမှာ ငါ့ဓားကြောင့် လူတစ်ထောင် ကျော် သေခဲ့ရပြီးပြီ . . .)
(တန်ပါတယ်လေ . . .)
(ဒါပေမယ့် ဂိုဏ်းကြီးသုံးခုလုံးကိုတော့ ငါမဖြိုခွဲရ သေးဘူး၊ ဒါကြီးကတော့ ငါ့ဘဝမှာ နောင်တရစရာ ဖြစ်နေတော့မှာပဲ . . .)
(နောက်ပြီး အစ်ကိုရဲ အတွက်လည်း ငါပြန်ပြီး ကလဲ့စားမချေ ပေးနိုင်သေးဘူး . . .)
(အဲဒီတော့ ငါ့ဘဝကြီးကို အဆုံးသတ်လိုက်တာပဲ ကောင်းပါတယ်လေ . . .)
ထိုသို့ တွေးရင်း မျက်လုံးများကိုသာ စုံမှိတ်ထား လိုက်တော့သည်။
ပုလင်လေးထဲမှ အရည်များကလည်း သူ့မျက်နှာ ပေါ် ကျရောက်လာတော့မည်။
ထိုအရည်များက ရုပ်ဖျက်ထားသော လူတစ်ဦးကို မူလပုံစံသို့ ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။
ထိုစဉ် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ သည်။
“ပုရှန်ဖေ့ . . .”
ခေါ်လိုက်သည့် အသံက အေးစက်လွန်းလှသည်။
ထိုအသံနှင့်အတူ ဓားအလင်းတန်း တစ်ခုကလည်း တစ်ပြိုင်တည်းပင် ထွက်ပေါ်လာသည်။
ပုရှန်ဖေ့ ရယ်မောနေရာမှ ချက်ချင်းပင် မျက်နှာ ထား ပြောင်းသွားသည်။
သူ့ထံသို့ အန္တရာယ်က အလွန်နီးကပ်လာပြီ ဖြစ် ကြောင်းလည်း သတိပြုမိလိုက်သည်။
ပုရှန်ဖေ့ ဒူးများတုန်ကာ ချွေးပြန်သွားချေပြီ။
ထို့ကြောင့် ထွက်ပြေးရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အကြံတစ်ခု ရသွားသည်။
(ဒါအရိပ်မဲ့ကို ကယ်တင်ချင်နေတဲ့ လူတစ် ယောက်ယောက်ပဲ ဖြစ်ရမယ် . . .)
(ဒါဆို အရိပ်မဲ့ကို ဓားစာခံလုပ်ပြီး ငါ့ကိုယ်ငါ ကာကွယ်လိုက်မယ် ဆိုရင်ရော . . .)
ထိုသို့တွေးပြီးနောက် မြေပြင်ပေါ်တွင် ရှိနေသော အရိပ်မဲ့ထံသို့ သွားလိုက်သည်။
သူ၏ အကြံအစည်ကို ပြီးပြည့်စုံပြီဟု ထင်လိုက်မိ သော်လည်း တကယ်တမ်းတွင် ထိုသို့ မဖြစ်ခဲ့ပေ။
နောက်မှ ရောက်လာသော လူကလည်း ပုရှန်ဖေ့ ထိုသို့ လုပ်မည်ကို ကျိန်းသေပေါက် တွက်ထားသည့် ပုံပင်။
အရိပ်မဲ့၏ ဘေးကိုသာ ဓားဖြင့် ခုတ်ပိုင်းချလိုက် သည်။
“ရွှစ် . . .”
ဓားအလင်းတန်း လင်းလက်သွားပြီးနောက် သွေး များ ပန်းထွက်သွားသည်။
စင်စစ် ပုရှန်ဖေ့၏ ညာဘက်လက် ပြတ်ထွက်သွား ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရင်ဘတ်ကိုလည်း အကန်ခံ လိုက်ရသည်။
ထို့ကြောင့် ပေလေးငါးဆယ်ခန့်သို့ လွင့်ထွက်သွား ပြီး သစ်ပင်ကြီးတစ်ပင်နှင့်ပင် ထိမှန်သွားသည်။
“ဘုန်း . . .”
ထိုစဉ် ပုရှန်ဖေ့နှင့် အရိပ်မဲ့တို့၏ ကြားတွင် ပိန်ပိန် ပါးပါး ပုံစံရှိသည့် လူတစ်ဦး ပေါ်လာသည်။
ထိုလူကား ရဲရှောင်ပါပင်။
အားနည်းနေသော အရိပ်မဲ့မှာ ရဲရှောင်ကို ကြည့် ပြီး စိတ်ထဲ လုံခြုံသွားသလို ခံစားလိုက်ရသည်။
ထို့ကြောင့် သူ့ကို ကျောပေးထားသည့် ရဲရှောင်ကို ကြည့်ရင်း -
“ဒီက မိတ်ဆွေက ဘယ်သူများလဲ . . .”
ထိုစဉ် ရဲရှောင်၏ လက်ထဲရှိ ဓားကြီးမှာ တဆတ် ဆတ် တုန်ခါနေသည်။
ထိုဓားကြီးမှာ ကြယ်ဓားပင် ဖြစ်သည်။
ရဲရှောင်က ကြယ်ဓားကြီးကို ကြယ်စင်တိုက်ကွက် နှင့်အတူ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ပုရှန်ဖေ့ကိုလည်း သတ်ဖြတ်လိုသော မျက်လုံးများ ဖြင့် စိုက်ကြည့်နေလျက် ရှိသည်။
ထို့နောက် သွေးအလိမ်းလိမ်း ဖြစ်နေသာ ပုရှန်ဖေ့ ထံ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ပုရှန်ဖေ့၏ အဆင့်က မူလအိပ်မက် အဆင့်ခြောက် သာ ရှိနေပါသေးသည်။
လက်ရှိတွင် ရဲရှောင်က အားနည်းနေသေးသော် လည်း မူလအိပ်မက် အဆင့်ကိုးရှိ လူပင် သူ့ကို အနိုင် ယူနိုင်လိမ့်မည် မဟုတ်ပါ။
ပုရှန်ဖေ့ကိုလည်း သူ၏ ပြင်းထန်လှသော စွမ်းအင် အငွေ့အသက်များဖြင့် ခြောက်လှန့်နိုင်ခဲ့သည်။
“ပိုင်ယွဲ့ . . .”
“မင်း ဒီလူကို ဘယ်လို သေစေချင်လဲ . . .”
“တစ်စစီ ခုတ်ပိုင်းပေးရမလား ဒါမှမဟုတ် သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်ပြီး သားရဲတောထဲ ပစ်လိုက် ရမလား . . .”
ရဲရှောင်က လှည့်မကြည့်ဘဲ ခပ်အေးအေးဖြင့်သာ ပြောလိုက်သည်။
အရိပ်မဲ့မှာမူ ကြောင်ငေးသွားသည်။
(ပိုင်ယွဲ့ ဟုတ်လား . . .)
(သူက ငါ့နာမည်ကို သိနေတာပါလား . . .)
(ငါ့ကို လှည့်တောင် မကြည့်ဘူး ဒါပေမယ့် သူက ငါဘယ်သူလဲဆိုတာ သိနေတယ် . . .)
(ဒီလူက ငါ့အကြောင်းကို သိတဲ့လူပဲ ဖြစ်ရမယ်)
(ဒါဆို ဘယ်သူများလဲ . . .)
အရိပ်မဲ့၏ စိတ်ထဲ အတွေးများဖြင့် ယောက်ယက် ခတ်သွားသည်။
သို့သော် အားတင်းပြုံးလိုက်ပြီး -
“တစ်စစီဖြစ်အောင် လုပ်တာတို့၊ ခုတ်ပိုင်းတာတို့၊ သားရဲတောထဲ ပစ်တာတို့က သူ့ကို သနားညှာတာ နေရာ ရောက်သေးတယ် . . .”
“သူ့ကို ကျုပ်ပဲ ရင်ဆိုင်ပါရစေ . . .”
ထိုသို့ ပြောလိုက်စဉ် အရိပ်မဲ့၏ မျက်လုံးများက အရောင်တဖိတ်ဖိတ် တောက်သွားသည်။
သိုင်းလောကတွင် အချိန်ကြာမြင့်စွာ ကျင်လည်ခဲ့ သည့်တိုင် မည်သူ့ စော်ကားမှုကိုမှ မခံခဲ့ရဖူးပေ။
ထို့ကြောင့် သူ့ကို စော်ကားထားသည့် ပုဖေ့ရှန်ကို လွယ်လွယ်နှင့် အလွတ်မပေးလိုခြင်း ဖြစ်သည်။
“ကောင်းပြီ . . .”
ရဲရှောင်လည်း သူ၏ ဓားကို ပြန်သိမ်းလိုက်သည်။
ပုရှန်ဖေ့မှာမူ နာကျင်မှုကြောင့် အော်ဟစ်လျက် ရှိ သည်။
သူ့အဖို့ ရုတ်တရက် လက်ကို ဆုံးရှုံးလိုက်ရသည် မဟုတ်ပါလား။
(ဒီလူက ဘယ်က ရောက်လာတာလဲ . . .)
(ဓားချက် တစ်ချက်တည်းနဲ့ ငါ့ကို ခုတ်ပိုင်းနိုင်ခဲ့ တာပါလား . . .)
(ငါ့ဓားကိုတောင် ထုတ်ပြီး ခုခံဖို့ အချိန်မရလိုက် ဘူး . . .)
(အရိပ်မဲ့ဆိုတာ တစ်ကိုယ်တော် ပညာရှင် မဟုတ် ဘူးလား . . .)
(ဂိုဏ်းသုံးခုကိုတောင် သူ့တစ်ယောက်တည်းနဲ့ တိုက်ခိုက်နေခဲ့တာ အခုကျ ဘယ်လို ဖြစ်ရတာလဲ)
ထိုသို့ တွေးနေစဉ်မှာပင် ဓားအလင်းတန်း တစ်ချက် လင်းလက်သွားပြန်သည်။
ရဲရှောင်မှ သူ၏ နောက်သို့ ရောက်လာခြင်းပင် ဖြစ်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now