Chapter (945)"ဧကရာဇ် ခြေလှမ်း"

139 12 0
                                    

Chapter (945)(စာစဉ် ၆၈- အပိုင်း၇)

“ဧကရာဇ် ခြေလှမ်း”

ရဲရှောင်အဖို့ ထိုလူလေးဦးနှင့် ရင်ဆိုင်ရန်မှာ အား နည်းနေသေးသည်။
၎င်းတို့ထက် အဆင့်နိမ့်နေသည် မဟုတ်ပါလား။
ထို့ပြင် ယခုအခြေအနေက သာမန်အခြေအနေနှင့် မတူဘဲ အသက်လုရမည့် အခြေအနေမျိုးဖြစ်နေ၍ ပို ခက်ခဲသည်ဟု ဆိုရမည်။
“မင်းကလား . . .”
လူလေးဦးက ချက်ချင်းဆိုသလို ရဲရှောင်အား ပြိုင်တူပင် လှမ်းကြည့်လိုက်ကြသည်။
၎င်းတို့၏ မျက်လုံးများထဲတွင်လည်း အထင်သေး သည့် အရိပ်အယောင်များ ဖုံးလွှမ်းနေသည်။
“မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ . . .”
ထိုသို့ ပြောလိုက်သူက အရိပ်မဲ့အား ပထမဆုံး တွေ့လိုက်သည့် လူပင် ဖြစ်သည်။
ဟန်ပိုင်ယွဲ့ ထောင်ခြောက်မှ လွတ်မြောက်သည့် အချိန် ပါးစပ်မှ သွေးများ အန်ထွက်သည်ကိုလည်း မြင်ခဲ့သည့် လူဖြစ်သည်။
ထို့ကြောင့် အရိပ်မဲ့မှာ‌ သေလုမျောပါးပင် ဖြစ်နေ မည်ဟု အပြည့်အဝ ယုံကြည်ထားခဲ့သည်။
ထို့ပြင် နေလက်ဝါး ရိုက်ချက်ကိုလည်း ခံခဲ့ရသေး သည် မဟုတ်ပါလား။
ထိုအချက်များကြောင့်ပင် သူတို့ဘက်မှ သေချာ ပေါက် အနိုင်ရမည်ဟု မှတ်ယူထားကြခြင်း ဖြစ်သည်။
သို့သော် လူငယ်လေး တစ်ဦးက ၎င်းတို့ကို မခန့် လေးစားဖြင့် သူရဲကောင်း ဝင်လုပ်နေသည်ကို မြင်၍ မခံချိမခံသာ ဖြစ်သွားကြသည်။
၎င်းတို့အဖို့ အရိပ်မဲ့၏ သရုပ်မှန်ကို မသိသည့်တိုင် ယောကျ်ားတစ်ဦး ဖြစ်မည်ကိုမူ အတပ်သိကြသည်။
ဇာတ်လမ်းများတွင် မိန်းကလေး တစ်ဦးအား သူရဲ ကောင်းလုပ်၍ ကယ်တင်ပေးသည့် အကြောင်းအရာ များသာ ရှိဖူးသည်။
သို့သော် ယခုအခါ ယောက်ျားချင်း ကယ်တင်ပေး နေ၍ ၎င်းတို့အားလုံး အံ့ဩနေမိကြသည်။
လူငယ်လေးက အရိပ်မဲ့ကို တိုက်ခိုက်မည်စိုး၍ သူ့ ကိုသာ တိုက်ခိုက်ရန်ပင် ပြောဆိုနေပါသေးသည်။
တစ်နည်းအားဖြင့် အရိပ်မဲ့ကို တိုက်ခိုက်လိုပါက သူ့အလောင်းကို ကျော်သွားမှ ရမည်ဆိုသည့် ပုံစံမျိုး ဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။
(ဘာလဲ မင်းက ဒီနယ်ပယ်မှာ လူသစ်လား . . .)
(ငါတို့က ဘယ်ဂိုဏ်းကလဲဆိုတာ မသိဘဲ သူ့ကို ကယ်ပြီး သူရဲကောင်း ဖြစ်ချင်နေတယ်ပေါ့ . . .)
(လောကကြီးက ဘယ်လောက် ရက်စက်လဲ ဆိုတာ မင်းတော့ သိရတော့မှာပေါ့ . . .)
ဟန်ပိုင်ယွဲ့မှာမူ ရဲရှောင်ကို ကြည့်ပြီး မှင်သက်နေ မိသည်။
(သူက ရန်သူတွေကို သူအားနည်းကြောင်း သိပ်ကို ပြချင်နေတာလား . . .)
(အကျိုးအကြောင်း မဆင်ခြင်တတ်တဲ့ တော်တော် ရဲတင်းတဲ့ လူပဲ . . .)
ထိုစဉ် ရဲရှောင်က ဟက်ခနဲပင် ရယ်လိုက်ပြီး -
“ကျုပ်က ဘာကောင်လဲ ဟုတ်လား . . .”
“ကျုပ်က ကျုပ်မိသားစု အတွက် အတုမရှိတဲ့ စောင့်ရှောက်သူကြီးပဲ . . .”
ထိုစကားကြောင့် နေရောင်ဂိုဏ်းမှ လူများအားလုံး သဘောအကျကြီး ကျသွားသည်။
ထိုသို့ ထူးဆန်းသော ရန်သူမျိုးကို ၎င်းတို့၏ ဘဝ တွင် တစ်ကြိမ်တစ်ခါမှ မဆုံဖူးကြချေ။
အကယ်၍ ရဲရှောင်သာ ရန်သူ မဟုတ်ခဲ့ပါက သေချာပေါက်ပင် မိတ်ဆွေများ ဖြစ်သွားနိုင်သည်။
“မင်းကို ငါတို့ သတ်ပြီးရင် မင်းမိသားစုဆီလည်း သေချာပေါက် သွားမှာပါ . . .”
“မင်းရဲ့ မိသားစုက မိစ္ဆာတစ်ယောက်နဲ့ မိတ်ဆွေ ဖြစ်နေတာသာ သိရင် တော်တော်အံ့ဩသွားကြမှာပဲ”
လူတစ်ဦးက မချိပြုံး ပြုံးရင်း ပြောလိုက်သည်။
အခြား လူတစ်ဦးမှ စိတ်မရှည်သည့် အသံဖြင့် -
“စောက်ပိုတွေ ပြောမနေစမ်းနဲ့ကွာ . . .”
“လုပ်စရာရှိတာသာ လုပ်ကြမယ် . . .”
ထို့နောက် ဆက်လက်၍ -
“ခေါင်းဆောင် . . .”
“ဒီကောင်က ဘာပဲဖြစ်နေနေ ကျုပ်တို့အတွက် ဘာတန်ဖိုးမှ မရှိဘူး . . .”
“တစ်ယောက်ယောက်သာ ဒီကို ထပ်ရောက်လာ ရင် ကျုပ်တို့ ရမယ့်ဆု ရတော့မှာ မဟုတ်ဘူး . . .”
“အဲဒါကြောင့် လုပ်စရာရှိတာသာ ခပ်သွက်သွက် လုပ်ရင် ကောင်းမယ် . . .”
ခေါင်းဆောင်ဆိုသူမှ မျက်နှာ တည်သွားပြီး -
“ဟုတ်တယ် . . .”
“အခုပဲ လုပ်ကြတာပေါ့ . . .”
“ဒီကောင်လေးကိုလည်း ဖမ်းသွားရမယ် . . .”
ခေါင်းဆောင်၏ စကားဆုံးသည်နှင့် တိုက်တွန်း လိုက်သော လူက ရဲရှောင် ရှိရာသို့ တဟုန်ထိုးပင် ပြေး သွားသည်။
ထို့နောက် သူ၏ လက်ကို မြှောက်လိုက်ပြီး ကောင်းကင်ထက်မှ အပူလှိုင်းများကို ထွက်ပေါ်စေ လိုက်သည်။
ထိုလူက ရဲရှောင်ကို အသေသတ်ရန် ကြံရွယ်ခြင်း မဟုတ်။
အရှင်ဖမ်းဆီးနိုင်ရန်သာ ကြံရွယ်လိုက်ခြင်း ဖြစ် သည်။
ထိုစဉ် အရိပ်မဲ့က သူ၏ လက်ကို မြှောက်၍ ခုခံနိုင် ရန် ပြင်ဆင်လိုက်သည်။
အမြင်စူးရှသူပီပီ ရဲရှောင်မှ ထိုလူလေးဦးကို ရင်ဆိုင်နိုင်ရန်မှာ မဖြစ်နိုင်ကြောင်း တွေးလိုက်သည်။
သို့သော် လက်ရှိတွင်မူ ရဲရှောင်မှာ လူလေးဦးလုံး နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
သူ့အဖို့ တိုက်ခိုက်နိုင်စွမ်း မရှိသေးပင်လျှင် သူ၏ အသက်ကို ကယ်တင်ခဲ့သော လူငယ်လေး နှိပ်စက်ခံရ မည်ကို လက်ပိုက်ကြည့်နေလိမ့်မည် မဟုတ်ပေ။
သို့သော် သူ၏ အထင်နှင့် အမြင်က တက်တက်စင် အောင် လွဲသွားခဲ့သည်။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ၏ မျက်လုံး များ ပြူးကျယ်သွားစေရုံမက ပါးစပ်ကိုပင် အဟောင်း သား ဖြစ်သွားစေခဲ့သည်။
ရန်သူက တိုက်ခိုက်တော့မည်ကို သိသည့်တိုင် လူ ငယ်လေးက တည်ငြိမ်မှု အပြည့်ဖြင့် ရှိနေသည်။
ထိုအချိန် သူ၏ အဝတ်အစားများကလည်း လေထဲ တွင် တလူလူ လွင့်ပျံလျက် ရှိသည်။
ထိုလူငယ်လေး၏ ပုံစံက နတ်ဘုရားတစ်ပါးနှင့်ပင် တူနေပါသေးသည်။
ထို့ပြင် လှုပ်ရှားမှုကလည်း သစ်ရွက်ပမာ ပေါ့ပါး ကာ သေသပ်လွန်းလှသည်။
လူငယ်လေးက ဘယ်ဘက်သို့ ရွေ့လျားလိုက်ပြီး ညာဘက်သို့ ခြေလှမ်း ထပ်လှမ်းပြန်သည်။
နောက်ဆုံးတွင်မူ တစ်ဖက်လှည့်လိုက်ပြီး ရန်သူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
ဟန်ပိုင်ယွဲ့မှာ အဆင့်မြင့် ပညာရှင် တစ်ဦးပီပီ ရဲရှောင် လုပ်လိုက်သည့် လှုပ်ရှားမှုက မည်မျှ ခက်ခဲ ကြောင်း သိနေသည်။
ဘယ်ဘက်သို့ လှုပ်ရှားချိန် ရန်သူ၏ ချီဓာတ်ကို ဖယ်ရှားလိုက်ပြီး ညာဘက်သို့ ရွေ့လျားချိန်တွင် ရန်သူ ၏ တိုက်ခိုက်မှုမှ ရှောင်တိမ်းနိုင်လိုက်သည်။
တစ်ဖက်သို့ လှည့်လိုက်ချိန်တွင်မူ အပြည့်အဝ လွတ်မြောက်သွားပြီ ဖြစ်သည်။
မူလအိပ်မက် အဆင့်ခုနှစ်သာ ရှိသေးသော် လူက မူလတာအို အဆင့်နှစ်၏ တိုက်ခိုက်မှုကို အသာအယာ ရှောင်တိမ်းနိုင်လိုက်သည်။
မည်မျှထိ အံ့ဩဖွယ်ကောင်းသော လူငယ်လေးပါ နည်း။
ဟန်ပိုင်ယွဲ့မှာ ထိုမြင်ကွင်းကို ပါးစပ်အဟောင်း သားဖြင့်သာ ကြည့်နေရသည်။
ထို့ပြင် လူငယ်လေး သုံးလိုက်သော လှုပ်ရှားမှုက သူရင်းနှီးသော လှုပ်ရှားမှုမျိုးနှင့် တူနေပြန်သည်။
ရဲရှောင်ကို တိုက်ခိုက်သော လူက မအောင်မြင်၍ မျက်နှာကွက်ခနဲ ပျက်သွားသည်။
ထို့ကြောင့် ပိုမြန်ဆန်သော လှုပ်ရှားမှုဖြင့် တရစပ် တိုက်ခိုက်လိုက်ပြန်သည်။
၎င်းတို့ တိုက်ခိုက်သည့် နေရာတစ်ဝိုက်တွင်လည်း စွမ်းအင်လှိုင်းများဖြင့် ပြည့်သွားတော့သည်။
စင်စစ် ထိုစွမ်းအင်လှိုင်းများဖြင့် ရဲရှောင်ကို တိုက် ခိုက်လိုခြင်း ဖြစ်သည်။
သို့သော် ရဲရှောင်မှာမူ ယခင်လှုပ်ရှားမှုများအတိုင်း လွယ်လွယ်ကူကူဖြင့်ပင် ရှောင်တိမ်းလိုက်သည်။
ရန်သူဘက်မှသာ ကမူးကရှူးထိုး ဖြစ်နေပြီး ရဲရှောင်မှာမူ အေးအေးလူလူဖြင့်သာ ရှိနေခြင်းပင်။
အပြုံးမပျက်ပင် ရှိနေသည့် ရဲရှောင်၏ ပုံစံက ကောင်းကင်ထက်မှ ဘုရင်တစ်ပါး မော်တယ်ကမ္ဘာသို့ ဆင်းသက်လာသည်နှင့်ပင် တူနေပါသေးသည်။
ထိုသို့သော ခံစားမှုမျိုးကို ပေးစွမ်းနိုင်ခြင်းက သူ၏ အခြေခံကျသော တိုက်ကွက်ကြောင့်ပင် ဖြစ်ပါတော့ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now